Monday, April 1, 2019

ရခိုင်တိုက်ပွဲ အပြန်အလှန်စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဇော်ထက်
 ရက္ခိုင့်တပ်မတော် တပ်များ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန) 
 
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး AA ဘက်ကလည်း သူတို့ရဲ့ပြောဆိုချက်တွေ မှန် ကန်တယ်ဆိုတာ စောင့်ကြည့်လေ့လာလို့ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နှစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေတဲ့ တိုက် ခိုက်မှုတွေအတွင်းမှာတော့ အရပ်သားပြည်သူ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရ ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ ထား ပါတယ်။

တပ်မတော်က အပြစ်မဲ့ အရပ်သား ရခိုင်လူမျိုးတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊ တိုက်ပွဲတုတွေ ဖန် တီးပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေကို သတင်းဌာနတွေ စောင့်ကြည့်လေ့လာမယ်ဆိုရင် ပူ ပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကသတင်းထုတ်ပြန်လိုက်သလို၊ တပ်မ တော်ဘက်ကလည်း AA ရဲ့ သတင်းမှားထုတ်ပြန်တာတွေကို ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မယုံကြဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်မှာ AA အဖွဲ့က ရဲစခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်တာ၊ ရန်ကုန်-စစ်တွေလမ်းမှာ မိုင်းထောင်တာ၊ ဒေသခံတွေကို ခြိမ်းခြောက်မမှန်သတင်းပြောဆိုတာ၊ ဝါဒဖြန့်တာမျိုး ရှိလာတဲ့အတွက် ကြို တင်ကာကွယ်တဲ့အနေနဲ့ မတ်လ၃၁ရက်က ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“ရွာသူရွာသားတွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ တရားဥပဒေစိုးမိုးရေးပိုင်းဆိုင်ရာ တာဝန်ရှိတဲ့ သူကို ခြိမ်းခြောက်စာပို့တယ် ကျည်ဆံပါတဲ့ ခြိမ်းခြောက်စာပို့တယ်။

တကယ်လည်းလက်တွေ့မှာ သတ်ခဲ့၊ ဖြတ်ခဲ့တယ်။ ရွာသူရွာသားတွေရော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိ သူတွေရောက နီးရာဓား ကြောက်ရတဲ့သဘောမျိုးရှိတယ်။ နီးရာဓားကြောက်ရတဲ့သဘောမျိုးရှိတော့ ဒါကို ထွက်ပေးပါ၊ ဒါကိုပြောပေးပါဆိုရင် ပြောပေးရတဲ့ သဘောမျိုး ရှိပါတယ်။ အမှန်တရားဆိုတာထက် ပြောနေ ရတဲ့ သဘောမျိုးရှိတော့ ဒါတွေကို ကျနော်တို့က ကြိုတင်ကာကွယ်ဖို့ ထုတ်ပြန်ထားတဲ့ သဘောမျိုး ဖြစ်ပါ တယ်။”

မတ်လ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာစစ်တပ်က တိုက်ပွဲအတုတွေ ဖန်တီး ပြီး ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ဟာ ဖက်ဆစ်ဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ မြေပြင်အခြေ အနေ တွေနဲ့ပတ်သတ်ပြီး နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့တွေနဲ့ မီဒီယာသမားတွေကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်းလည်း AA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဗွီအို အေကို ပြောပါတယ်။

“AAကနေပြီတော့ ဒါကိုအရပ်သားအယောင်ဆောင်ပြီးတော့ ရွာသားတွေက ပစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ပြန်ပစ်ရပါတယ်ဆိုပြီးတော့ အဲဒီလိုမျိုးပြောတယ် ဒီဟာတွေဟာ တကယ်လက်တွေ့မြေပြင်မှာ ဘယ်လောက်မှန်သလဲ ဥစ္စာကို မီဒီယာတွေကိုယ်တိုင်သိစေချင်တယ်။ မီဒီယာအများစုက ရန်ကုန်ကနေ တယ်လီဖုန်းဆက်ပြီးတော့ သတင်းယူနေကြရတဲ့ အခြေအနေမျိုးရှိတယ်။ အများစုကပေါ့နော်။ အမှန် အ တိုင်းဆိုတာက အခုဒုက္ခရောက်ပြီးပြေးလာတဲ့သူတွေ ဒုက္ခသည်စခန်းတွေမှာလည်းရှိတယ် အဲဒီလူတွေကို ခင်ဗျားတို့သတင်း ထောက်တွေ လာပြီးမေးကြပါ ကျနော်တို့ကဖိတ်ခေါ်တာ။ ခင်ဗျားတို့ AAတပ်ဖွဲ့တွေနဲ့ အတူလိုက်ပြီးတော့ သတင်းယူမယ်ဆိုရင်လည်း ကျနော်တို့ကတော့ welcome ပဲ။ ကျနော်တို့နဲ့ ဆက်စပ် တဲ့အပိုင်းပေါ့နော် အကောင်းဆုံးအကာအကွယ်ပေးသွားမယ် သတင်းထောက်တွေနဲ့ပတ်သတ်ပြီးတော့။ ဒါပေမဲ့ ဗမာစစ်တပ်ဘက်က ဘာလုပ်မယ်ဆိုတဲ့ဟာတော့ ကျနော်တို့တာဝန်မယူနိုင်ဘူး။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော် နှစ်ဘက်တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင် ဦးရေ ဟာ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား ပုဏ္ဏားကျွန်း ခြောက်မြို့နယ်မှာ သုံး သောင်းနီးပါးရှိသွားပြီလို့ စစ်ရှောင် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ ဝံလက် ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက အတည်ပြုပါတယ်။ မနေ့ကလည်း ကျောက်တော်မြို့နယ်မှာ တနေ့လုံးနီးပါး လက်နက်ကြီး ပစ် ခတ်မှုတွေ ရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်၈ဖွဲ နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မတ်လ၂၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပေမဲ့လည်း ရခိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိနေ တာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */