Wednesday, March 20, 2019

AA အဖွဲ့ဝင်ဝင် ၁၃ ဦးကို တပ်မတော် ဖမ်းဆီး စစ်ဆေး ခဲ့

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-20
  မြဝတီ သတင်းစာပါ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ချောင်းသစ်ကျေးရွာအနီးမှာ မတ်လ ၁၂ ရက်နေ့က AA အဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာကနေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးရမိခဲ့သူ ၁၃ ဦးရဲ့ လက်ကိုင်ဖုန်းတွေမှာ AA အဖွဲ့ဝတ်စုံတွေ ဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင် ရိုက်ကူးထားတဲ့ ဓာတ်ပုံအထောက်အထားတွေ တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေက စစ်ဆေးရာမှာလည်း AA အဖွဲ့ဝင်ဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတွေနဲ့ မိသားစုဝင်တွေကတော့ တပ်မတော်က ဖမ်းဆီးသွားသူတွေဟာ AA အဖွဲ့ကမဟုတ် ကြောင်းနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် သပေါ့စာတဲစုမှာ နေထိုင်တဲ့ မောင်လှမောင်ဝင်းဟာ ငှက်ဖျားရောဂါနဲ့ သတိမေ့နေတာကြောင့် မြောက်ဦးဆေးရုံကို မတ်လ ၁၂ ရက်နေ့ညက ပို့ဆောင်စဉ်မှာ ဖမ်းဆီးခံရတာလို့ မတ်လ ၁၄ ရက်နေ့က RFA ကို ပြောထားပါတယ်။

ဒီနေ့ မြဝတီသတင်းစာပါ ဖော်ပြချက်နဲ့ ပတ်သက်လို့ တပ်မတော်၊ AA အဖွဲ့နဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */