RFA
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီးနောက် ဆက် စပ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားလိုသူတွေအနေနဲ့ အချက်အလက်နဲ့ မှတ်တမ်းတွေ ပေးပို့ တိုင်ကြားနိုင်ကြောင်း တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဖိတ်ခေါ်လိုက် ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-04-03
ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
တိုင်ကြားလိုသူတွေဟာ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို တင်ပြတိုင် ကြား ရမှာဖြစ်ပြီး လိုအပ်ပါက စုံစမ်းစစ်ဆေးရေးခုံရုံးက ခေါ်ယူတွေ့ဆုံစစ်ဆေးတာတွေ လုပ်ဆောင်သွား မယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ တဲ့ ARSA အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်စပ်ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ တပ်မတော်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ၊ လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ HRW နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International စတဲ့အဖွဲ့တွေက စွပ်စွဲ ရေးသားဖော်ပြတဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးရဲ့ လေ့လာသုံးသပ် အကြံပြု တင်ပြချက်တွေအရ ဒီအစီရင် ခံစာအားလုံးကို စိစစ်အတည်ပြုဖို့ ဖွဲ့စည်းခဲ့တာလို့ မတ်လ ၁၈ ရက်နေ့က တပ်မတော်သတင်း မှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Link : Here

No comments:
Post a Comment