Monday, March 25, 2019

ပစ်ခတ်မှုလျော့ပါးရေး သဘောတူထားပေမယ့် ရခိုင် တိုက်ပွဲ ပြင်းထန်ဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 25 မတ်၊ 2019

 လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျော့ချရေး ဆက်လက် ဆွေးနွေးသွားဖို့ အမျိုးသားပြန်လည် သင့်မြတ် ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ သဘောတူခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာကိုပဲ၊ ရခိုင်ပြည်နယ် အ တွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဒီရက်ပိုင်းဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်မှုပိုများ လာသလို စစ်ရှောင်အရေအတွက် ဟာ နှစ်သောင်း ကျော်ရှိလာပြီးလို့ ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ မတည်ငြိမ်သေးတဲ့ ရခိုင်ပြည်နယ်နောက် ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ ရခိုင့်တပ်မတော် အပါအဝင်NCA လက် မှတ် ရေးထိုးခြင်း မရှိ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ တွေ့ဆုံ ခဲ့ကြပြီး ဖြစ်ပွားနေဆဲတိုက်ပွဲတွေကို လျော့ချဖို့အတွက် ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူညီ ခဲ့ကြ တာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေပြင်းထန် နေဆဲပဲလို့ ရခိုင်တပ်မတော် ပြန် ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“တိုက်ပွဲတွေလျော့ချရေးဆိုတာတော့ အချက်တချက်အနေနဲ့တော့ပါတာပေါ့။ ဒါပေမဲ့လို့ရခိုင်ဖက်မှာတော့ ဗမာ စစ်တပ်ဖက်က ထိုးစစ်ကတော့ ဆက်ပြီးလုပ်နေတယ်။ တိုက်ပွဲကလည်း ဆက်ပြီးတော့ပြင်းပြင်း ထန် ထန်ဖြစ်နေတယ်ဗျ။ မတ်လ(၁၆)ရက်နေ့ကနေ မတ်လ(၂၃)ရက်နေ့အထိပေါ့ဗျာ ၊ နေ့တိုင်းလိုလိုတိုက် ပွဲ ဖြစ် ခဲ့တယ်။ ဗမာလက်နက်ကိုင် ဘက်ကနေပြီးတော့ ကျဆုံးသူတဲ့ ဒဏ်ရာရသူ (၁၂၀)အထိ ရှိတယ်ဗျ။ (၂၂)နေ့တရက်ထဲမှာကို သူတို့ဘက်က ကျဆုံးတဲ့ဦးရေဟာ (၇၀)အထက်မှာရှိတယ်။”

အထူးသဖြင့်လေးမြို့မြစ်၊ အရှေ့ဘက်ကမ်းရှိ မုဆိုးတောင်တန်း၊ ရသေ့တောင်မြို့နယ် နဲ့ ဘူးသီးတောင်မြို့ နယ် ကြားရှိ လောရမတောင်ခြေ၊ ကျောက်တော်နှင့် ပလက်ဝမြို့နယ် ကြားဒေသတွေမှာတိုက်ပွဲဖြစ် ပွါးခဲ့ တယ်လို့ ခိုင်သုခကဆိုပါတယ်။ ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ တပ်မတော်ဘက်ကအရပ် သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာ များနေတယ်လို့ ခိုင်သုခကဆိုပါတယ်။

“လူမျိုးရေးအရ အမုန်းတရားတွေဖြစ်လာပြီးတော့မှ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ ကိုတွေ့ရတယ်။ အထူးသဖြင့်ကတော့ ဒီ(၁၅)ရက်နေ့ကမြောက်ဦးမြို့ထဲ ဝင်ပြီးတော့ ပစ်ခတ်တဲ့ဥစ္စာတို့ ၊ (၂၁)ရက်နေ့မှာအဲဒီ စည်တောင်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတို့ပေါ့နော်။ အဲတာမျိုးတွေ အ များကြီးသူတို့လုပ်လာတာရှိတယ်။”

AA ဘက်က ခုလို ပြောဆိုပေမဲ့ တပ်မတော်အနေနဲ့ အရပ်သားအပေါ်တိုက်ခိုက်တာမရှိခဲ့ဘူးလို့ တပ် မတော် ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အရပ်သားနေထိုင်တဲ့နေရာတွေ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်တာမရှိပါဘူး။ မြောက်ဦးဖြစ်စဉ်ဆိုအရပ်သား တွေ ကို မြင်တဲ့နေရာကို သတ်ဖြတ်ပစ်ခတ်တယ်။ ပြန်စဉ်းစားကြည့်ရင် အခုချိန်မှတည်ထား တဲ့တပ် မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)(၄၀)ကတည်ထားတဲ့တပ် အဲဒီတပ်က။ အဲဒီနှစ်ပေါင်း(၃၀)(၄၀)အတွင်းမှာ ဘာပြဿနာမှမရှိခဲ့ဘူး။ အခုချိန်ဟာ ကျွန်တော်တို့သတင်းထုတ်ပြန်ရေးကလဲ ထုတ်ပြန် ထားတာရှိပါတယ်။ ဒီပစ်ခတ်တဲ့နေရာလေ။ ဘုရား ပေါ်ကနေ နေရာယူ ပစ်ခတ်တာတွေရယ်။

လူနေအိမ်ခြေကနေရာယူ ပစ်ခတ်တာတွေရယ်။ နောက် တပ်မတော်ယာဉ် တန်းပစ်ခတ်တာတွေရယ်။ အဲဒီလိုပစ်ခတ်တဲ့နေရာမှာ ကျွန်တော်တို့က ပြန်လည်ပစ်ခတ်တယ်။ ပစ်မှတ်နေရာပြန် လည်ပစ်ခတ် တယ်။”

လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အုပ်ချုပ်ရေးမှူးတချို့ အပါအဝင် အရပ်သားပြည် သူတွေ ဖမ်းဆီးခံရတာတွေ ရှိခဲ့သလို၊ လုံခြုံရေးအရ စိုးရိမ်မှုတွေကြောင့်ပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေး သူတွေ လည်း များပြားလာခဲ့ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး အားလုံး နီးပါ ပြီးခဲ့တဲ့လ ကုန်ပိုင်းက တာဝန် ကနေနုတ်ထွက်ခဲ့သလို၊ သူတို့ကို ပြန်လည် တာဝန်ထမ်းဆောင်ဖို့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ကနေ ဒီလလယ်ပိုင်းမှာ အကြောင်းကြားခဲ့ပါတယ်။

လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၇၀) ရာနှုန်းလောက် တာဝန်ပြန်ထမ်းဆောင်နေပေမယ့် (၃၀)ရာနှုန်း လောက် တာဝန် က နေနုတ်ထွက်ထားဆဲပဲလို့ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဝေလအောင်က ဆိုပါတယ်။

“ရာခိုင်နှုန်းအရဆို(၇၀)ရာခိုင်နှုန်းတော့ပြန်ဝင်ပြီးပေါ့။”

ရပ်ကျေးအုပ်ချုပ်ရေးမှူး(၇၀)ကျော်ကနေ ဆက်လက်တာဝန်ထမ်းဆောင် ဖို့တဦးချင်းအနေနဲ့ အကြောင်း ပြန်ထား ပြီးကျန်တဲ့(၃၀)ဦးက နုတ်ထွက်ထားတယ်လို့သူကဆိုပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့AAအဖွဲ့တို့အကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သောင်း ကျော်ရှိနေပြီးလို့ စစ်တမ်းကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ဒီတပတ်လောက်အတွင်းမှာ စစ်ဘေးဒုက္ခသည်အရေအတွက်က (၇၀၀၀)ကျော်လောက်ထိုးတက် သွား တယ် ပေါ့နော်။ အခုက(၂၀၂၀၀)ကျော်လောက် ဒီမနက်ပိုင်းအထိပေါ့နော်(၂၀၂၀၀)ကျော်သွားပြီ။ ဆိုတော့ စားဝတ်နေရေး အပိုင်းမှာရော အရမ်းကို ဒုက္ခတွေ့နေကြပါတယ်အခုက။”

မတ် ၂၁ ရက်၊ ည ၉ နာရီက ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်းကျေးရွာနှင့် စေတောင် ကျေးရွာကြား AA တပ်ဖွဲ့ဝင် ၁၅၀ ဦးက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ် မှုတွေဖြစ်ပွားခဲ့ တာကြောင့် တပ်မတော်အရာရှိတဦးနှင့် တပ်ဖွဲ့ဝင်တဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့သလို တပ်မ တော်ရဲ့ လုံခြုံရေး စစ်ကြောင်းများကို တိုက်ခိုက်ပစ်ခတ်နေသဖြင့် တပ်မတော် ဘက့်မှ မလွဲမရှောင်သာ ပြန်လည် ခုခံ တိုက်ခိုက်နေရတယ်လို့ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့ ကနေ ထုတ်ပြန်ထားပါတယ်။ ဒီပစ်ခတ်မှုအတွင်း ကျေးရွာသား(၅)ဦး သေဆုံးပြီး(၂၀)ဦးကျော် ဒဏ်ရာရ ရှိခဲ့ပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */