RFA
လွတ်လပ်တဲ့ အာရှအသံ
လွတ်လပ်တဲ့ အာရှအသံ
2019-03-05
မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စင်္ဘောကိုင်းရွာကို ထွက်ပြေးလာသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးမှာ မနေ့ ည က ရက္ခိုင့်တပ်မ တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ တာကြောင့် ဒေသခံအရပ်သားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒီနေ့ စစ်တွေဆေး ရုံကြီး ကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
ဆင်အိုးချေကျေးရွာမှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးမောင်ဖြူလှဟာ အစိုးရတပ်မတော် စစ်ကြောင်း ကို ဘုရားကြီးကျေးရွာကို စက်လှေနဲ့ပို့ဆောင်ပြီးနောက် တပ်မတော်သား ၉ ဦးလောက်ကို ပြန်လည် တင် ဆောင် ပြီးတော့ အပြန် ဘုရားကြီးကျေးရွာအောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ စက်လှေနဲ့အတူ လိုက် ပါ လာတဲ့ ဦးမောင်ခင်သိန်း က RFA ကို ပြောပါတယ်။
စက်လှေပေါ်လိုက်ပါလာတဲ့ အစိုးရတပ်မတော်သားတွေနဲ့ ကမ်းပေါ်မှာရှိနေတဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စက်လှေမောင်းတဲ့ ဦးမောင်ဖြူလှရဲ့ ပေါင်မှာ သေနတ်ကျည် ထိမှန်ခဲ့ တာဖြစ်သ လို အစိုးရတပ်ဘက်ကလည်း တစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ကဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်းကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါးလောက်ဟာ စင်္ဘောကိုင်းကျေးရွာကို ထွက်ပြေးရောက်ရှိနေပြီးတော့ ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေထိုင်နေကြရတယ်လို့သိရပါတယ်။
ဒါ့အပြင် ကျောက်တလား၊ အထက်လေညင်းတောင်၊ အောက်လေညင်းတောင်၊ ဂုဏ်ကျွန်း စတဲ့ကျေး ရွာ သား တွေ အားလုံးနီးပါးဟာလည်း ဒီနေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ တဖြည်းဖြည်း ထွက်ပြေးနေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ် မတော်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်း လက်နက်ကျည်နဲ့ လက်လုပ်မိုင်းပေါက် ကွဲတာ တွကြောင့် သေဆုံးသူအရပ် သား ၅ ဦးထိရှိနေသလို လက်နက်ကျည်ထိမှန်တာ၊ ရိုက်နှက်ခံရတာတွေကြောင့် ဆေးကုသ မှုခံယူရသူ ၁၃ ဦးထက်မနည်း ရှိခဲ့ရာကနေ အခုလည်း လက်နက်ကျည်ထိမှန်ပြီး ဒဏ်ရာရတဲ့ အရပ်သား ၁ ဦး ထပ်တိုးလာတာဖြစ်ပါတယ်။
ပေါင်မှာ သေနတ်ကျည်ထိမှန်သွားတဲ့ အသက် ၄၃ နှစ်အရွယ် ဦးမောင်ဖြူလှဟာ ဆင်အိုးချေကျေး ရွာသား တစ်ဦးဖြစ် ပြီး အစိုးရတပ်မတော်စစ်ကြောင်းက ဘုရားကြီးကျေးရွာကို စက်လှေနဲ့လိုက်ပို့ခိုင်းရာမှာ အဲဒီစက် လှေပေါ်မှာပဲ တိုက်ပွဲဖြစ်တာကြုံရပြီးတော့ ဒဏ်ရသွားတာဖြစ်ပါတယ်။
စက်လှေပေါ်မှာ အတူရှိနေခဲ့တဲ့ ဦးမောင်ဖြူလှရဲ့ အစ်ကိုဖြစ်သူ ဦးမောင်ခင်သိန်းက အခုလိုပြောပါတယ်။
"စက်လှေကို ကျွန်တော်တို့မောင်းသွားတဲ့အခါ မော်ရွာတစ်ဖက်ကမ်း ဒီဘက်က ဘုရားကြီးအိုင်၊ အဲဒီအပေါ် ကနေ ပစ်ထည့်တယ်။ ပစ်တဲ့အခါ ကျွန်တော်တို့လှေမှာပါတဲ့အဖွဲ့တွေကလည်း ပစ်တယ်။ ပစ်တော့ ကျွန် တော့ညီကို ထိသွားတော့ ကျွန်တော့ညီဟာ မြစ်ထဲပြုတ်ကျသွားတယ်။ အစိုးရတပ်ဘက်ကလည်း တစ် ယောက်တော့ ခြေသလုံးမှာ ကျည်ဖောက်သွားတယ်။ သူတို့လည်းပစ်တယ်၊ ပစ်နေတုန်း ကျွန်တော်တို့ က လည်း လှေပေါ်မှာ ဝပ်နေကြတာပေါ့။ လက်နက်ကြီးနဲ့လည်းပစ်တယ်၊ အချက် ၂၀၊ ၃၀ လောက်။ လက်နက် ကြီးနဲ့ပစ်တာကတော့ အစိုးရတပ်ဘက်ကပစ်တာ"
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့ရဲ့ အရှေ့ဘက် လေးမြို့မြစ်အထက်ပိုင်းမှာရှိတဲ့ ဘုရားကြီးကျေး ရွာရဲ့ အောက်ဘက်မြစ်ကမ်းအနီးမှာဖြစ်ပါတယ်။
မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတဲ့နေရာရဲ့ မြစ်အောက်ဘက် ၂ နာရီလောက်သွားရတဲ့ ဆင်အိုးချေ ကျေး ရွာမှာ အစိုးရ တပ်မတော်စစ်ကြောင်း အင်အားအများအပြားရောက်ရှိလာပြီးတော့ ရွာခံတစ်ဦးဖြစ်တဲ့ ဦး မောင်ဖြူလှကို အဲဒီရွာရဲ့ တစ်ဘက်ကမ်း ဂုဏ်ကျွန်းကျေးရွာဘက်ကို စက်လှေနဲ့ ၇ ကြိမ်လောက် ပို့ဆောင် ခိုင်းခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
ည ၇ နာရီလောက်အချိန် အစိုးရတပ်မတော်က ၉ ဦးလောက်ကို တင်ဆောင်ပြီး ဘုရားကြီးကျေးရွာကနေ ဆင်အိုးချေကျေးရွာကို ပြန်လာရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။
သေနတ်ကျည်ထိမှန်သွားတဲ့ ဦးမောင်ဖြူလှဟာ စက်လှေပေါ်ကနေ မြစ်ထဲကို ပြုတ်ကျသွားပြီး တစ်ဘက် ကမ်း မှာရှိတဲ့ စင်္ဘောကိုင်းကျေးရွာဘက်ကို ကူးလာရာမှာ ရွာသားတွေက ကယ်တင်ခဲ့ကြတာလို့ သိရပါတယ်။
စက်လှေပေါ်မှာရှိနေတဲ့ အစိုးရတပ်မတော်ဘက်က လက်နက်ကြီးအချက် ၃၀ လောက်အပြင် လက်နက်ငယ် တွေနဲ့ပါ အချိန် ၁ နာရီလောက်ကြာအောင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီစက်လှေပေါ်မှာ အစိုးရတပ်မတော်နဲ့အတူရှိနေတဲ့ ဦးမောင်ခင်သိန်းအပါအဝင် အရပ်သား ၂ ဦးကတော့တစ် စုံတစ်ရာ ထိခိုက်တာမရှိဘူးလို့သိရပါတယ်။
မနေ့က အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရသွားတာဟာ အစိုးရတပ်မတော်ဘက်က အရပ်သားစက်လှေကို အသုံး ပြု တာကြောင့် ဖြစ်ရတာလို့ ဒေသခံတွေအကြားမှာ ပြောဆိုဝေဖန်နေကြပါတယ်။
မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ နှစ်ဘက်တိုက်ပွဲကာလမှာ အရပ် သားတွေရဲ့ မော်တော်ယာဉ်၊ စက်လှေတွေကို အသုံးမပြုသင့်ဘူးလို့ပြောဆိုပါတယ်။
"ဒီလိုမျိုး နှစ်ဘက်ဖြစ်နေတဲ့တိုက်ပွဲတွေကြားထဲမှာ အရပ်သားစက်လှေတို့၊ အရပ်သားမော်တော်ယာဉ်တို့၊ အရပ် သားမော်တော်ဘုတ်တို့ကို မငှားသင့်ဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အရပ်သားတွေ ထိခိုက် နစ်နာတဲ့အတွက်ကြောင့်မို့လို့ အဲဒီအရပ်သားတွေပိုင်တဲ့ပစ္စည်းတွေကို အသုံးမပြုသင့်ဘူးလို့မြင်ပါတယ်"
တိုက်ပွဲဖြစ်စဉ်ကြောင့် စက်လှေဟာ ပေါက်ပြဲပျက်စီးသွားတဲ့အတွက် အဲဒီနေရာမှာပဲ ပစ်ထားခဲ့ရတယ်လို့ ဦးမောင်ခင်သိန်းကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ မော်ရွာဟောင်းကျေးရွာက နေအိမ်အချို့မှာ သေနတ် ကျည်ပါက်တွေ တွေ့ရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုနိုင်ဝင်း ကပြောပါတယ်။
"မော်ရွာဟောင်းရွာဘက်နားက အိမ်တွေမှာဆိုရင် ကျွန်တော်တို့ မနက်ကတွေ့တဲ့ဟာက ကျည်ဆံရာ တွေတွေ့ တယ်။ အဲဒီမော်ရွာဟောင်းရွာက အိမ်မိုးခေါင်တွေမှာ ကျည်ဆံကျတာပေါ့။ အဲဒါမျိုးတွေ တွေ့ တယ်။ အခု ကျွန်တော်တို့ကိုပေါ့နော် လုံခြုံတဲ့နေရာတစ်ခုမှာ ထားပေးစေချင်ပါတယ်။ ဒီမှာက ဒုက္ခတွေ အ ရမ်းရောက်နေ တယ်။ အခုဆိုရင် ဒီမှာ ရွာ ၄ ရွာတောင်ဖြစ်နေပြီ"
ထွက်ပြေးတိမ်းရှောင်သူတွေဟာ ဒီနေ့ညနေပိုင်းအထိ ရှိနေပြီးတော့မြောက်ဦးမြို့မှာ ယာယီစခန်းတွေနဲ့ လတ် တလောနေရာချဖို့ပြင်ဆင်နေကြတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်စားတွေကပြောပါတယ်။
ဒီနေ့ မြောက်ဦးမြို့ကိုထွက်ပြေးတိမ်းရှောင်လာသူတွေဟာ ၁၀၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပေမယ့် အရေအတွက်အသေးစိတ်ကိုတော့ RFA က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
တိုက်ပွဲနဲ့ပတ်သက်ပြီးတော့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို RFA ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဒါ့အပြင် ရက္ခိုင့်တပ်မတော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။
ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာသူအရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင် သာ ယာရေး ဝန်ကြီး ဦးဝင်းမြင့်ကတော့ စာရင်းဇယားအချက်အလက်တွေကောက်ယူပြီးတဲ့အခါ လိုအပ်တဲ့ အကူ အညီတွေကိုပေးဖို့ အဆင်သင့်ရှိတယ်လို့ပြောဆိုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
Link : Here
No comments:
Post a Comment