By ဒီဗွီဘီ
18 March 2019
ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာတွေအပေါ် ထပ် ပြီး စိစစ်ဖို့အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး ဒီနေ့ စတင်စစ်ဆေးမယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ပါတယ်။
ဒီဖြစ်စဉ်တွေရဲ့အပေါ် စုံစမ်းစစ်ဆေးခဲ့တဲ့အဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံး က လေ့လာသုံးသပ် အကြံပြုတင်ပြချက်တွေ၊ Human Rights Watch အဖွဲ့ Amnesty International အဖွဲ့နဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တို့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြု တင် ပြချက်တွေကြောင့် အစီရင်ခံစာအသီးသီးရဲ့ ရေးသားဖော်ပြချက်တွေကို ထပ်ပြီး စိစစ်အတည်ပြုဖို့ လိုအပ် လာတယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မြတ်ကျော်က ဆောင်ရွက်ပြီး ဗိုလ်မှူးကြီး ကျော်ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင် တို့ ပါဝင်ပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က ARSA အဖွဲ့ တပ်မတော် ဌာနချုပ်တခုနဲ့ ရဲကင်းစခန်း ၃၀ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တချို့လည်း ယူသွားခဲ့ပါတယ်။
ဒါကြောင့် အကြမ်းဖက်တိုက်ခိုက်တာတွေကို ဖော်ထုတ်ဖို့နဲ့ ယူဆောင်သွားတဲ့ လက်နက်ခဲယမ်းတွေ ပြန်ရဖို့ အတွက် တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးဆောက်ရွက် ခဲ့ တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်တွေကို ညွှန်ကြားချက် ထုတ်ထားခဲ့တယ်လို့လည်း ဆို ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာမှာ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးစေခဲ့ပြီး နယ်မြေဒေသ လုံခြုံရေး အတွက် ကွပ်ကဲစီမံအုပ်ချုပ် ဆောင် ရွက်တာနဲ့ လုံခြုံရေးသတင်းတွေ ကြိုတင် လက်ဦးဖော်ထုတ်ရ ယူနိုင်တာ အားနည်းချက်တွေ ရှိတာကို တွေ့လို့ တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန် ထားပါတယ်။
Link: Here
No comments:
Post a Comment