လွတ်လပ်တဲ့ အာရှအသံ
2019-03-19
ကိုကျော်လွင်ဦး
မြောက်ဦးမြို့ အနောက်မြေထဲစေတီပေါ်မှာ လက်နက်ကြီးကျရောက်တာကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာကို ၂၀၁၉ မတ်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကိုရပ်တန့် ပြီး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ ရခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းမဟာ မိတ် အဖွဲ့ ၃ ဖွဲ့က ဒီနေ့ ပူးပေါင်းကြေညာချက်ထုတ်လိုက်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်တဲ့ အချိန်တွေမှာ တပ်မတော်အနေနဲ့ ဒေသခံ တိုင်းရင်း သားတွေကို ဦးတည်တိုက်ခိုက်နေတာဟာ ပြည်ထောင်စုပြိုကွဲနိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဝေဖန်ထောက်ပြထားပါတယ်။
ဒ့ါအပြင် တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာတွေမှာ ရခိုင်ပြည်သူလူထုနဲ့ ရခိုင် ရှေး ဟောင်း သမိုင်းအမွေအနှစ် စေတီပုထိုးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် တိုက်လေ ယာဉ် သုံး တိုက်ခိုက်တာတွေရှိနေတာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အပြင်း အထန် ကန့် ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ပါဝင်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဒီနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေ ကြား ခြင်း မရှိပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ ပြည်သူတွေကို အကြောင်းမဲ့ပစ် ခတ် တိုက်ခိုက်တာ မရှိကြောင်း နဲ့ AA အဖွဲ့က တိုက်ခိုက်တာကြောင့် ပြန်လည်ပစ်ခတ်ရတာလို့ RFA ကို ဒီနေ့ ပြောပါတယ်။
ဒါ့အပြင် AA အဖွဲ့ဟာ လူနေအိမ်တွေကြားကနေ တပ်မတော်ကို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြန်လည်ပစ် ခတ်တာဖြစ်ကြောင်းနဲ့ ရှေးဟောင်းစေတီပုထိုးနေရာတွေမှာ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ဖို့ကျင်း တူးထားတာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ပြန်လည်ပစ်ခတ်ရတာဖြစ်ကြောင်းလည်း ပြောထားပါ တယ်။
ဒီကြေညာချက်ကို ရခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ ကိုးကန့်တပ် မတော် MNDAA တို့က ပူးပေါင်းထုတ်ပြန်တာဖြစ်ပြီး လာမယ့် မတ်လ ၂၁၊ ၂၂ ရက်နေ့တို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့အားလုံး တက်ရောက်မယ်လို့လည်း ပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
Link : Here
No comments:
Post a Comment