" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Wednesday, January 5, 2022

ရိုဟင်ဂျာဒုက္ခသည်စခန်းက ကိုဗစ်ဆေးခန်း မီးလောင်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-04

ဇန်နဝါရီလ ၂ ရက်နေ့က မီးလောင်ပျက်စီးခဲ့သည့် ကိုဗစ်ကုသရေးစခန်းကို တွေ့ရစဉ်။
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ကိုဗစ်ကုသရေးစခန်းတစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေပိုင်းက မီးလောင်လို့ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ သတင်း ထုတ် ပြန်ပါတယ်။

ကောက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေကို ကုသပေးနေ တဲ့ကိုဗစ်စင်တာ မီးလောင်

BBC
ဘီဘီစီမြန်မာပိုင်း
05-12-2022
ကိုဗစ်ရောဂါပြင်းသူတွေကို ကုသပေးနေတဲ့အဆောင်ရော၊ ရောဂါသီးခြားစောင့်ကြည့်ဆောင်ပါ မီးထဲပါသွားခဲ့တာဖြစ်ပါတယ်။
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကုသပေးနေတဲ့ ကိုဗစ်ကုသရေး စင် တာဟာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ရုတ်တရက် လောင်တဲ့မီးကြောင့် လူထိခိုက်မှုမရှိပေမဲ့ စင်တာမှာရှိတဲ့ သံထည်ခုတင်တွေကလွဲပြီး အားလုံးနီး ပါး ပြာကျသွားခဲ့တာဖြစ်ပါတယ်။

Friday, December 31, 2021

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ဒီဇဘာင်္လ၊ ၂၀၂၁

 

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်။

ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဉ်
31.12.2021
VOA
VOA
VOA
31.12.2021
BBC
BBC
BBC
31.12.2021
RFA
RFA
RFA

လိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်း ကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက် တပ်ဆင်ပေးနေသည်။

The New York Times
Hannah Beech
Dec. 24, 2021

ဗမာ-အိုင်ယာလန် ကပြားမိသားစုတစ်စုက ပိတ်ဆို့အရေးယူမှု စစ်ဆေးမှုများကို ရှောင်ကွင်းလျက် မြန်မာ စစ်အ စိုးရအတွက် လေယာဉ်များ၊ ကာကွယ်ရေး ရေဒါ၊ အခြားနည်းပညာနှင့် ကိရိယာများကို ကူညီဝယ်ယူ ပေးနေေ သ်ာလည်း အမြဲသူတော်ကောင်းစကားသာ ဆိုကြလေသည်။ 

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မတ်လတွင်နိုင်ငံ့မြို့တော် နေပြည်တော်၌ ၇၆ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြချီတက်ပွဲတွင် တွေ့ရစဉ်။Credit...Stringer/EPA, via Shutterstock
 
 

လွန်ခဲ့သည့် သုံးနှစ်က ကျော်သောင်းမိသားစုကို ပဲခူးကလပ်တွင် ပါတီပေးလျက် ပျော်ပါးလျက် တွေ့နိုင်မည် ဖြစ်သည်။ လေးစားကြည်ညိုဖွယ် ဗမာ-အိုင်ယာလန်ကပြား ဤမိသားစုက ကျွန်းသစ်အတိ တန်ဆာဆင် ထား သော ပဲခူးကလပ် အဆောက်အဦးကို မူလ ၁၉ ရာစု ဂုဏ်ကျက်သရေပြန်ရောက်အောင် ပြန်လည် မွမ်းမံခဲ့ပြီး ဂျင်အရက်တမြမြနှင့် ကိုလိုနီအရာရှိများ စိုးမိုးခြယ်လှယ်ခဲ့သည့် အငွေ့အသက်ပြန်ရအောင် အသက်သွင်း ထား သကဲ့သို့ပင်ဖြစ်သည်။ ပဲခူးကလပ် ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျော်သောင်းမိသားစု၏ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောပြွမ်းပေါင်းစပ်မှုမှ အားယူသော ရပ်တည်ချက်မျိုး၊ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံ‌ ပေါင်း စပ်ခါစ နိုင်ငံတစ်ခု၏ အကောင်းမြင်မှုမျိုးတို့နှင့် အံဝင်ခွင်ကျဖြစ်လှသည်။

ပင်လယ်ပြင်မှာ စက်လှေနဲ့ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို အင်ဒိုနီးရှား ကယ်ဆယ်

Mizzima
AFP
31 December 2021

သစ်သားစက်လှေတစ်စင်းနဲ့အတူ သွားလာရင်း အင်ဂျင်စက်ပျက်ပြီး ပင်လယ်ပြင်ထဲ မျောပါနေခဲ့တဲ့ ရိုဟင်ဂျာ ရွှေ့ပြောင်းသွားလာသူ ၁၀၀ ဦးကျော်ကို အင်ဒိုနီးရှားရေတပ်က ကယ်ဆယ်ပေးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ဖိအားပေးမှုတွေ ရှိခဲ့ပြီးနောက်မှာ အင်ဒိုနီးရှားရေတပ်ဟာ ပင်လယ်ပြင်ထဲမှာ ဒုက္ခတွေ့ပြီး အကူ အညီလိုအပ်နေတဲ့ ရိုဟင်ဂျာတွေကို ကမ်းကပ်ခွင့်ပေးခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းမှာ ၎င်းတို့ကို ဘေးကင်းရာနေရာကို ခေါ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ

VOA
ဗွီအိုအေမြန်မာပိုင်း
31 ဒီဇင်ဘာ၊ 2021

အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ်ကမ်းလွန်မှာ လှေပျက်သောင်တင်နေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်အတွက် အင်ဒိုအစိုးရက စားနပ်ရိက္ခာပို့ပေးရန်ဆောင်ရွက်နေစဉ်။ (၁၂-၂၈-၂၀၂၁)
 
 
အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း Aceh ပြည်နယ် Bireuen ကမ်းရိုးတန်းကနေ မိုင် ၅၀ ကျော်အကွာ ပင်လယ် ပြင်မှာ ရက်အတော်ကြာ မျောနေတဲ့ ရိုဟင်ဂျာ ၁၂၀ ကြာသပတေးနေ့ နောက်ပိုင်းမှာပဲ ကမ်းပေါ်ရောက်လာ ကြ ပါပြီ။ ရေ၀င်ပြီး၊ အင်ဂျင်စက်လည်း ပျက်နေတဲ့ စက်လှေကို အင်ဒိုနီးရှားရေတပ်သင်္ဘောနဲ့ Krueng Geukueh ဆိပ်ကမ်းကို ဆွဲလာတာလို့လည်း အင်ဒိုနီးရှားရေတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး La Ode M. Holib က ပြောပါတယ်။

အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ

VOA
ဗွီအိုအေမြန်မာပိုင်း
ဝင်းခန့်မောင်
31 ဒီဇင်ဘာ၊ 2021

 အစောပိုင်းမှာတော့ ဒုက္ခသည်စက်လှေကို လက်ခံမှာ မဟုတ်ကြောင်း ပြောခဲ့ပေမဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ ရာ က အခုနောက်ဆုံး အင်ဒိုနီးရှားအစိုးရက ကမ်းကပ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

Link : Here

ယေန့ သတင်း( အမြန်ရှာရန် ) ဒီဇင်ဘာလ၊၂၀၂၁

  ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )

31.12.2021

ပီဒီအက်ဖ်နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံနေရတဲ့ တက္ကသိုလ်ကျောင်းသူကို သက်သေမခိုင်လုံ လို့ ပြန်လွှတ်-BBC

ကရင်နီပြည်နယ်တွင်း ဒေသတချို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ပြောလာ - BBC

ကရင်နီစစ်ရှောင်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေ- BBC

လေးကေ့ကော်တိုက်ပွဲ ငြိမ်းချမ်းတဲ့နည်းနဲ့အဖြေရှာဖို့ ထိုင်းတိုက်တွန်း- BBC

အပစ်ရပ်စာချုပ် ချိုးဖောက်ရင် တုံ့ပြန်မယ်လို့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို စစ်ကောင်စီသတိပေး- BBC

ဒေါက်တာအောင်မိုးညိုကိုအဂတိမှု ၆ မှု အတွက် ထောင်ဒဏ် ၁၈ နှစ် ချမှတ်- BBC

အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို လက်သင့်မခံနိုင်ဘူးလို့ အီးယူပြော- BBC

မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌကို ထောင်ငါးနှစ်ချ- BBC

လေးကေ့ကော်ဒေသထဲမှာ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို KNLA ဖမ်းမိ- BBC

ချောင်းဦးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီ တိုက်ခိုက်မှုဖြစ် - BBC

စစ်ကောင်စီကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး EU ထောက်ခံ- VOA

၂၀၂၁ ခုနှစ် မြန်မာသတင်း ခြုံငုံသုံးသပ်ချက်- VOA

ထန်တလန်မှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် ၅၀ ကျော် မီးရှို့ခံရ -VOA

မြန်မာ့ဒီမိုကရေစီ ကံဆိုးမိုးမှောင်ကျတဲ့ ၂ဝ၂၁- RFA

ထန်တလန်မှာ အဆောက်အအုံ ၅၀ ခန့် မီးထပ်လောင်- RFA

NCA ပါစည်းကမ်းချက်တွေ မလိုက်နာရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်- RFA

NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိုးရဲ့ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရသေး- RFA

စစ်တပ်ကသာ အာဏာသိမ်းပြီး NCA ကို စတင်ချိုးဖောက်ကြောင်း KNU တုံ့ပြန်- RFA

ထားဝယ်တက္ကသိုလ် သမဂ္ဂဝင်တစ်ဦးနဲ့ ကျောင်သူဟောင်းနှစ်ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ-RFA

ရန်ကုန် လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ-RFA

မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ပေးနေသူ- RFA

ရေဦးမှာ စစ်ကောင်စီတပ်ကင်းလှည့်ချိန် မိုင်းဆွဲခံရပြီး သုံးဦး သေဆုံး- RFA

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ထောင်ဒဏ် ဆက်တိုက်ချမှတ်- RFA

အရပ်သားတွေကို တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို EU ရှုတ်ချပြီး အရေးယူ ပိတ်ဆို့မှုတိုးမြှင့်မည်- RFA

နှမ်းခါးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်လို့ ဒေသခံတစ်ဦး သေဆုံး- RFA

အစုအပြုံလိုက်သတ်ဖြတ်မှုတွေအပါအဝင် သေဆုံးထိခိုက်မှုအများဆုံး ဒီဇင်ဘာလ- RFA

မတရားလုယူခံရတဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးစနစ်ကို တွန်းလှန်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း-RFA

မူဆယ်မြို့မှာ ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး- RFA

အစုလိုက်အပြုံလိုက်သတ်မှု စစ်တပ်က တာဝန်ခံဖို့ ကရင်နီ ၆၇ ဖွဲ့တိုက်တွန်း- RFA

မန္တလေးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးမကောင်း-RFA

နိုင်ငငံတကာရေးရာ-

ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှားသမ္မတ ၂ ဦး တယ်လီဖုန်းဆက်ဆွေးနွေး-VOA

အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ -VOA

ကမ္ဘာတဝန်း နှစ်သစ်ကြိုပွဲတွေ ကိုဗစ်ကြောင့်ထိခိုက် - VOA

ဆူဒန်စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲ နှိမ်နင်းခံရ ၄ ဦးသေ - VOA

Omicron အန္တရယ်ကြောင့် နှစ်သစ်ကူးပွဲတွေမှာ လူမစုဖို့ အမေရိကန် သတိပေး - VOA

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) ဒီဇင်္ဘာ လ ၊၂၀၂၁

၂၀၂၁ ခု ဒီဇင်ဘာလ၊ မြန်မာ့အလင်း သတင်းစာ

31.12.2021  

 

Thursday, December 30, 2021

ရိုဟင်ဂျာ ရာကျော်ကို အင်ဒို ကမ်းတက်ခွင့် ပြုဖို့ ဆုံးဖြတ်

BBC
ဘီဘီစီမြန်မာပိုင်း
29 ဒီဇင်ဘာ 2021

အင်ဒိုနီးရှားကို ဆိုက်လာခဲ့တဲ့ လှေပေါ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပြီး အင်ဒိုနီးရှား အစိုးရက ထုတ်ပြန်ပါတယ်။

ဆုမတြား အနောက်ကျွန်း၊ အားချေး Aceh အထူးဒေသ၊ ဘာရွန်း ခရိုင်ထဲက ကမ်းရိုးတန်း တစ်နေရာမှာ ရိုဟင် ဂျာ ဒုက္ခသည် အယောက် ၁၂၀ ဝန်းကျင်ကို တင်ဆောင်လာတဲ့ လှေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကနဦးတုန်းကတော့ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ပေးပြီး နိုင်ငံတကာ ရေပိုင်နက်ထဲထိ အဲဒီ ဒုက္ခသည်လှေ ကို ပြန်လွှတ်မယ်လို့ ဒေသအာဏာပိုင်တွေက ပြောခဲ့တဲ့ အတွက် နိုင်ငံတကာ စိုးရိမ်မှုတွေ ပေါ်ထွက်လာစေ ပါတယ်။

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဒီဇင်ဘာ၊ 2021
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ်


ရိုဟင်ဂျာမူဆလင် (၁၂၀)ကို တင်ဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဖက်စွန်း အာချေးဒေသ ကမ်းလွန်မှာ ရောက်ရှိနေတဲ့ လှေတစင်းကို ဆိုက်ကပ်ခွင့်ပြုဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက် ပါတယ်။

အခုလို ဆုံးဖြတ်ရတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေ လွန်စွာ ဆိုးရွားနေတဲ့အတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုက္ခသည်ရေးရာ အရာရှိ Armed Wijaya က ပြောပါ တယ်။

“လူသားချင်း စာနာမှု အခြေအနေတွေအရ ၊ အခုလို ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့” .. သူက ပြောသွားတာပါ။

Tuesday, December 28, 2021

တောင်ကုတ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝကဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်စီချမှတ်

DMG
ဒီဇင်ဘာ ၂၈



ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ကဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝက အက်ဥပဒေအရတရားစွဲဆိုပြီး ယနေ့(ဒီဇင်ဘာ ၂၈ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။


သောင်တင် ရိုဟင်ဂျာစက်လှေ ပြင်ဆင်ဖို့ အင်ဒိုနီးရှား ကူညီပေမဲ့ ခိုလှုံခွင့်မပြု

BBC
ဘီဘီစီမြန်မာပိုင်း
2021-12-28

အင်ဒိုနီးရှား ကမ်းခြေမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် လိုက်ပါလာတဲ့ လှေကို ပြင်ဆင်ဖို့ အင်ဒိုနီး ရှား အာဏာပိုင်တွေက ကူညီမှာ ဖြစ်ပေမဲ့ သူတို့ကိုနိုင်ငံထဲ ခိုလှုံခွင့်ပြုမှာ မဟုတ်ဘဲ လှေပြန်ထွက်ခွာရမယ်လို့ အင်္ဂါနေ့မှာ ပြောပါတယ်။

ကလေးတွေနဲ့ အမျိုးသမီးတွေပါ အပါအဝင် လူ ၁၂၀ လောက်ပါလာတဲ့လှေ မျောပါနေတာကို ငါးဖမ်းသမား  တွေ က တွေ့ခဲ့တာပါ။

Myanmar’s Rohingya Crisis Meets Reality (ဘာသာပြန် အောက်မှာ ဖော်ပြထားသည် )

The New York Times
Opinion
By Kevin Rudd
Sept. 21, 2017
Sébastien Thibault


The news coverage of Myanmar over the past several months has led many people to conclude that Daw Aung San Suu Kyi, the de facto leader of the country, has abandoned her responsibility to protect human rights. Hundreds of thousands of people from the Rohingya ethnic minority are being expelled by the military from lands in western Myanmar, where they have lived for centuries. By any standard, we are witnessing the most fundamental violations of human rights.

လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား

ဧရာဝတီ
28 December 2021
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာနေကြောင်း AA က သတိပေးထားသည် / ဧရာဝတီ


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသံများ ငြိမ်သက်သွားပြီးနောက် စစ်အေးကာလ အခြေအနေ ကဲ့သို့ ဖြစ်နေသည့် အချိန် ယခုလ ဒီဇင်ဘာလအတွင်းမှာပင် လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက် တိုက် ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိလာရကြောင်း ပြည်နယ်တခုလုံးကို သြဇာလွမ်းမိုးထားသည့် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ( ULA / AA )က သတိ ပေးစာ တစောင်ထုတ်ပြန်ထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သတိပေးစာတွင် ဒီဇင်ဘာ လ ၉ ရက်နေ့ မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းစက် ၂ စီး အား ရည်ရွယ် ချက် ရှိရှိဖြင့် ညဥ့်အချိန် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်၊ ဒီဇင်ဘာလ ၁၁ ရက် မြောက်ဦးမြို့နယ် လောင်းကြက် ကျေးရွာ၌ စပါးရိတ်သိမ်းစုပုံထားသည်ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

UN Calls for Investigation After Dozens Massacred in Myanmar

TRT World
27 Dec 2021

The United Nations is calling for a thorough and transparent investigation into the massacre of at least 35 people, including women and children, in Myanmar's eastern Kayah state. The incident, that's reported to have taken place on December 24, came to the world's attention after photos taken by the Karen Human Rights Group showed bodies on the backs of trucks, burnt beyond recognition. While Myanmar's military stands accused of another mass killing, the country's state media is reporting that the army had shot and killed terrorists. International condemnations are in order, but are these enough to change the reality on the ground? 
 
Guests: 
 
Maung Zarni
 Adviser to Genocide Watch 
 
Nay San Lwin 
Co-founder of the Free Rohingya Coalition 
 
Htwe Htwe Thein 
Associate Professor at Curtin University 
 
 
Link: Here

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒို နီးရှားမှာ သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်ဘာ၊ 2021



ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာ ပိုင်တွေ နဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ် ဆောင်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

Saturday, December 25, 2021

- “ချေ”ဟာ ပြယုဂ်တခုလား? အာနစ်(စ်)တို ဂွေဗားရားရဲ့ ဘဝနဲ့ အတွေးအခေါ်များ

Unicode 


Zawgyi

အာနစ်(စ်)တို (ချေ)ဂွေဗားရားကို ဘိုလစ်ဗီးယား စစ်သားတွေက ၁၉၆၇ ခုနှစ်၊ အောက်တိုဘာ ၉ရက်နေ့၊ La Higuera မြို့အနီးမှာ သတ် ဖြတ်ပစ်ခဲ့တယ်။ ဒီစစ်ဆင်ရေးကို စီအိုင်အေနဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေက ကြိုးကိုင်စီမံခဲ့တယ်။ ချေကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့မှာ ဂုဏ်ရောင်ထွန်းပြောင်တဲ့ တော်လှန်ရေးသမား အာဇာနည်ကြီးအကြောင်း ဆန်းစစ်သုံးသပ်ချက် စာတမ်းတစောင် ကျနော်တို့ ပြုစုထားဖို့ ကောင်းတယ်။ ချေ ကွယ်လွန်ခြင်း နှစ်(၄၀)ပြည့် အခါသမယမှာ ကနဦး ရေးသားခဲ့တဲ့ ဒီဆောင်းပါးထဲမှာ အယ်လန်ဝု(ဒ်)က ချေ့ငယ်ဘဝက နေ အသတ်ခံခဲ့ရတဲ့ နောက်ဆုံးနေ့အထိ ချေဂွေဗားရား ဆင့်ကဲပြောင်းလဲလာပုံကို လေ့ လာထားတယ်။

မင်းပြားတွင် ရိုဟင်ဂျာလယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ ကောက် လိုင်းစည်းပေါင်း ၁၀၀၀ ကျော် မီးရှို့ခံရ

Western News
24.12.2021

မင်းပြားတွင် ရိုဟင်ဂျာလယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ကောက်လိုင်းစည်းပေါင်း ၁၀၀၀ ကျော် မီးရှို့ခံရတယ်လို့ Western News ထဲမှာပါလာတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား မီးရှို့ဖျက်စီးတာတွေလွန်ခဲ့တဲ့ လ အနည်းငယ်စပြီး အစီစဉ်တကျလုပ်လာတာတွေ့ရပတယ်။

Tuesday, December 21, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ခင်မမမျိုး
ဘလောက်မှကူးယူသည်။



၂၀၀၉ ခုနှစ်၊ ပထမငါးလတာကာလအတွင်း၊ အာရှစစ်ရေး၊ နိုင်ငံရေးလောကမှာ ပေါ်ထွက်လာခဲ့တဲ့ ထိပ်တန်း သတင်းတွေထဲမှာ စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သုတေသီတွေ၊ အာရှ- ပစိဖိတ်လုံခြုံ ရေး လေ့လာသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သတင်းလေးပုဒ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ အကြားက ရေပိုင်နက် ပဋိပက္ခ၊ သီရိလင်္ကာစစ်တပ်ရဲ့ တမီးလ်တော်လှန်ရေး သမားတွေကို အပြီးသတ်ချေ မှုန်းရေးစစ်ပွဲ၊ လတ်တလောဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တာလီဘန် ချေမှုန်းရေးစစ်ပွဲ၊ မြန်မာနိုင်ငံက အာ ဏာရှင်လက်ပါးစေစစ်တပ်ရဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များကို အင်အားလျှော့ပေါ့ရေး စီမံချက် နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်ကို မတရားအမှုဆင် ဖမ်းဆီးပြီး၊ ခေါင်းဆောင်နဲ့ တော်လှန်ရေး ပြတ် တောက်အောင် ပြုလုပ်ကြိုးပမ်းနေမှု စတာတွေဟာ သီးခြားစီ၊ သူ့နိုင်ငံနဲ့ သူဖြစ်ပွားနေတာ မှန်ပေမယ့်၊ ဒေသ ရဲ့ မဟာဗျူဟာ အချက်အချာ အကျဆုံးနေရာတွေအားလုံးမှာ တပြိုင်နက်တည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */