" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 28, 2021

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်ဘာ၊ 2021

 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာပိုင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

ဒေသတွင်းက ငါးဖမ်းသမားတွေရဲ့ ခေါင်းဆောင်ကတော့ လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး သူတို့ကို အစားအစာ တွေ ပေးထားကြောင်းနဲ့ သူတို့ကို ကယ်ဆယ်ဖို့ပါ တာဝန်ရှိသူတွေကို ပန်ကြားထားကြောင်း ပြောတယ်လို့ အင်ဒိုနီး ရှားမှာရှိတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ခွဲက ပြောပါတယ်။ အန္တရာယ်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး အခုလို ဒုက္ခသည်တွေမလာအောင်လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ရာနဲ့ချီ ရောက်လာတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */