BBC
ဘီဘီစီမြန်မာပိုင်း
2021-12-28 အင်ဒိုနီးရှား ကမ်းခြေမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် လိုက်ပါလာတဲ့ လှေကို ပြင်ဆင်ဖို့ အင်ဒိုနီး ရှား အာဏာပိုင်တွေက ကူညီမှာ ဖြစ်ပေမဲ့ သူတို့ကိုနိုင်ငံထဲ ခိုလှုံခွင့်ပြုမှာ မဟုတ်ဘဲ လှေပြန်ထွက်ခွာရမယ်လို့ အင်္ဂါနေ့မှာ ပြောပါတယ်။

ကလေးတွေနဲ့ အမျိုးသမီးတွေပါ အပါအဝင် လူ ၁၂၀ လောက်ပါလာတဲ့လှေ မျောပါနေတာကို ငါးဖမ်းသမား တွေ က တွေ့ခဲ့တာပါ။
စက်လှေ ပြန်မထွက်ခင် သူတို့ကို အစားအသောက်၊ ဆေးဝါးနဲ့ ရေ စတဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ အာဏာပိုင်တွေက ထောက်ပံ့ပေးလိုက်မှာ ဖြစ်ပါတယ်။
လှေက အင်ဂျင်ချို့ယွင်းနေတာကြောင့် ကမ်းကပ်ခွင့်ပြုသင့်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။
သူတို့တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
အဲဒီဒုက္ခသည်တွေဟာ ပင်လယ်ထဲမှာထွက်ခွာလာတာ ၂၈ ရက်လောက် ရှိနေပြီလို့ ဒေသခံ ငါးဖမ်းလုပ်ငန်း အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ သူတို့ထဲက တချို့တွေ ဖျားနေကြပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ လည်း ဆိုပါတယ်။
မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ပင်လယ်ရေကြောင်း တည်ငြိမ်တဲ့အချိန် နိုဝင်ဘာကနေ ဧပြီ လတွေမှာ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရေကြောင်းကနေ သွားရောက်ခိုလှုံတတ်ကြပါတယ်။ သူတို့ကို အကူအညီပေးကြဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေ ရှိနေပေမဲ့ အများအ ပြား ဟာ အကူအညီပေးဖို့ ငြင်းဆန်ခံရပါတယ်။

Link :Here
No comments:
Post a Comment