Tuesday, December 28, 2021

တောင်ကုတ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝကဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်စီချမှတ်

DMG
ဒီဇင်ဘာ ၂၈



ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ကဖမ်းဆီးခံရသည့် မွတ်ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝက အက်ဥပဒေအရတရားစွဲဆိုပြီး ယနေ့(ဒီဇင်ဘာ ၂၈ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင် ဒဏ်တစ်နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားသည့် မွတ်ဆလင် ကျား(၁၇)ဦး၊ မ(၄၉)ဦး၊ ကလေး(၁၁)ဦးတို့မှာ တောင် ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းမိုင်တိုင်အမှတ်-၈၆ အနီးတွင်ဖမ်းဆီးခံခဲရခြင်းြ ဖစ်သည်။

ယင်းအထဲမှ မာမွတ်ဂျူဘိုင်(၁၄)နှစ်မှာ အမောဖောက်၍အသက်ရှူကြပ်ကာသေဆုံးနေသည်ကိုတွေ့ရ၍ တောင်ကုတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရသူများထဲမှ အရွယ်ရောက်ပြီးသူ ၃၃ ဦးကို လဝကအက်ဥပဒေပုဒ်မ- ၆(၂)၊ ပုဒ်မ-၆(၃)တို့ဖြင့် တရားစွဲဆိုပြီး တရားရုံးမှ ထောင်ဒဏ်တစ်နှစ်စီအမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ခင်မောင်ဆန်းက ပြောသည်။

"၇၆ ယောက်ထဲက အရွယ်ရောက်ပြီးသားဖြစ်တဲ့ ကျား ၈ ယောက် မ ၂၅ ယောက်ကို လဝကဥပဒေအရ ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်တယ်"ဟု ၎င်းကပြောသည်။

ကျန်အရွယ်မရောက်သေးသူ ၄၃ ဦးကို မည်ကဲ့သို့ဆောင်ရွက်မည်ကိုမသိရှိသေးကြောင်းလည်း ဒုရဲအုပ်ခင် မောင်ဆန်းက ဆက်ပြောသည်။

မွတ်ဆလင် ၇၇ ဦးကို ၆ ဘီးယာဉ်တွင် ကြက်ထည့်သည့်ခြင်းများဖြင့်အံဝှက်ပုံစံပြုလုပ်ကာ တင်ဆောင်လာခဲ့ သည်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း ဦးမိုးဝင်း(အမှတ်(၁)ရက်ကွက် စစ်ကုန်း၊ မင်းတုန်းမြို့နယ်၊ မကွေး တိုင်းဒေသကြီး)နှင့် ယာဉ်နောက်လိုက် ဦးစည်သူ(အောင်မင်္ဂလာရပ်ကွက်၊ စခန်းကြီးကျေးရွာ၊ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး)တို့နှစ်ဦးကိုလည်း ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့သွားရောက်ရန် ရခိုင် ပြည်နယ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသည့် မွတ်ဆလင် ၂၂၈ ဦးကို ဖမ်းဆီးခဲ့ သည်။

ယင်းအထဲမှ မွတ်ဆလင်အမျိုးသား ၅၇ ဦးနှင့် အမျိုးသမီး ၄၅ ဦးအပါအဝင် ဗမာလူမျိုး ၅ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား ၂ ဦး စုစုပေါင်း(၁၀၉)ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

ဖမ်းဆီးခံရသူများထဲမှ အသက် ၁၀ နှစ်အောက်ကလေး ၂၉ ဦးကို သက်ဆိုင်ရာမိသားစုများထံ လွဲပြောင်းပေး အပ်ခဲ့ပြီး အသက် ၁၈ နှစ်မပြည့်သေးသူ ၉၀ ဦးကို မောင်တောမြို့နယ်တရားရုံးမှ ပြန်လွှတ်ပေးခဲ့သည်။


# R011
Photo Crd – Mg Htay Myint

Link : Here ( FB)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */