" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 28, 2021

လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား

ဧရာဝတီ
28 December 2021
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာနေကြောင်း AA က သတိပေးထားသည် / ဧရာဝတီ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသံများ ငြိမ်သက်သွားပြီးနောက် စစ်အေးကာလ အခြေအနေ ကဲ့သို့ ဖြစ်နေသည့် အချိန် ယခုလ ဒီဇင်ဘာလအတွင်းမှာပင် လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက် တိုက် ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိလာရကြောင်း ပြည်နယ်တခုလုံးကို သြဇာလွမ်းမိုးထားသည့် ရက္ခိုင်အမျိုး သား အဖွဲ့ချုပ် ( ULA / AA )က သတိ ပေးစာ တစောင်ထုတ်ပြန်ထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သတိပေးစာတွင် ဒီဇင်ဘာ လ ၉ ရက်နေ့ မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းစက် ၂ စီး အား ရည်ရွယ်ချက် ရှိရှိဖြင့် ညဉ့်အချိန် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်၊ ဒီဇင်ဘာလ ၁၁ ရက် မြောက်ဦးမြို့နယ် လောင်းကြက် ကျေး ရွာ၌ စပါးရိတ်သိမ်းစုပုံထားသည်ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၂ ရက် ကျောက်တော်မြို့နယ် တောင်ဘွယ် ကျေးရွာ၌ ရခိုင်အမျိုးသမီး ၁ ဦး မွတ်ဆ လင် ၂ ဦးမှ အဓမ္ပကျင့်ရန် ကြံစည်အားထုတ်မှုဖြစ်စဉ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဂွမြို့ ရွာမရပ်ကွက်ရှိ မူလတန်း လွန်ကျောင်းအား ညဉ့်သန်းခေါင် ယံအချိန် အချိန် မီးရှို့သည့်ဖြစ်စဉ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကျောက်ဖြူမြို့ နယ် စည်မော်ကျေးရွာ၌ လယ်သမား ၃ ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစ စပါးများအား ရည်ရွယ်ချက်ရှိရှိ မီးရှို့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းရေးသားဖော်ပြထားသည်။

ဖြစ်ရပ်များ အထဲတွင် မွတ်ဆလင်ကျေးရွာနှင့် နီးကပ်စွာ တည်ရှိနေ သည့် ဖြစ်စဉ်တချို့ ပါဝင်သည့်အပြင် ရခိုင် ကျေးရွာများ၌ ရှေ့ဆင့် နောက် ဆင့် ဆက်တိုက်ဖြစ်ပွားခဲ့များမှာ အဖွဲ့ အ စည်း တခုက မေ ကာင်း သည့် ရည် ရွယ်ချက် တစုံတရာဖြင့် နောက်ကွယ်မှ ကြိုး ကိုင် လုပ်ဆောင်နေသည်ဟု သံသယ ဖြစ်မိသလို လုံခြုံ ရေး ဆိုင် ရာ စိုး ရိမ်မှုများနှင့်အတူ လူမျိုးရေးဆိုင် ရာ ပဋိပက္ခများသို့ ဦးတည်သွားမည်ကို စိုးရိမ်ဖွယ်ရာ ဖြစ် ပွားစေ ကြောင်း ULA/AA က ထုတ် ပြတ်ချက်တွင် ဖော်ပြထားသည်။

ဖြစ်ရပ်များ အထဲတွင် မွတ်ဆလင်ကျေးရွာနှင့် နီးကပ်စွာ တည်ရှိနေသည့် ဖြစ်စဉ်တချို့ ပါဝင်သည့်အပြင် ရခိုင် ကျေးရွာများ၌ ရှေ့ဆင့် နောက်ဆင့် ဆက်တိုက်ဖြစ်ပွားခဲ့များမှာ အဖွဲ့အစည်းတခုက မကောင်းသည့် ရည် ရွယ် ချက် တစုံတရာဖြင့် နောက်ကွယ်မှ ကြိုးကိုင်လုပ်ဆောင်နေသည်ဟု သံသယ ဖြစ်မိသလို လုံခြုံ ရေးဆိုင်ရ စိုး ရိမ်မှုများနှင့်အတူ လူမျိုးရေးဆိုင်ရာ ပဋိပက္ခများသို့ ဦးတည်သွားမည်ကို စိုးရိမ်ဖွယ်ရာ ဖြစ်ပွားစေကြောင်း ULA/AA က ထုတ်ပြတ်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် မောင်တောတွင် ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခဖြစ်ပွားခဲ့စဉ်/ ဧရာဝတီ

အများပြည်သူ အပန်းဖြေလမ်းလျှောက်သည့် စစ်တွေမြို့ ကမ်းနားလမ်းတွင် မွတ်ဆလင် ဖြစ်ပုံရသူ လူလတ် ပိုင်း တဦးက ရခိုင်အမျိုးသမီးငယ်များ နောက်ကို လိုက်ပြီး ထိကပါး ရိကပါး ပြောဆိုနေသည့် ရုပ်သံဖိုင်တခု လည်း ယခုလ ဒီဇင်ဘာလ အတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလာခဲ့သည်။

ထိုမွတ်ဆလင်ဘာသာဝင် လူလတ်ပိုင်း၏ “ ယောင်္ကျားက မိန်းမကို အလိုရှိတယ်။ မိန်းမကလည်း ယောင်္ကျား ကိုအလိုရှိတယ် ” စသည့်ဖြင့် နောက်က လိုက်နေခြင်း ဖြစ်ကြောင်း ပြောဆိုချက်များမှာ တချိန်တခါကဆိုလျှင် လူမျိုးရေး အဓိကရုဏ်းအထိ ဦးတည်သွားနိုင်သည့် ဖြစ်စဉ်တခုလည်း ဖြစ်သည်။

ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက လူမျိုးရေး ပဋိပက္ခကို လှုံ့ဆော်သည့် လက်မဲကြီးများ အမြဲတန်း ရှိနေခဲ့သည့်အတွက် လက်ရှိ အချိန်တွင် သတိထားရမည်ဟု ဆိုသည်။

“ အရင်တုန်းကလည်း လက်မဲကြီးတွေ အမြဲရှိနေပြီး ကျမတို့ပြည်နယ်မှာ လှုံ့ဆော်မှု တွေ ကြုံတွေခဲ့ရအတွက် ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် အရှိတရားကို ကြည့်ပြီး တော့ နှစ်ဘက်လုံးက သတိထားဆင်ခြင်သင့်တဲ့ အရာတခုလို့ မြင်မိတယ် ” ဟု ရခိုင် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“ ရုပ်သံဖိုင်ကို မြင်မိတယ်။ တကယ်ထိလွယ်ရှလွယ် ဖြစ်မယ့် အခြေအနေ တခုပဲ ၊ အဲဒီကိစ္စကိုလည်း ကျမတို့ စောင့်ကြည့်နေတာ။ သက်ဆိုင်ရာက အခုထိ အဲဒီလူက ဘယ်သူလည်း ဘယ်ကလည်း ဆိုတာ ဖော်ထုတ်တာ အရေးယူတာ မကြားရသေးဘူး။ စုံစမ်းလို့တောင် မရသေးဘူးနဲ့ တူတယ်။ ဒါက စိုးရိမ်စရာ တခုဖြစ်တဲ့အတွက် အားလုံး အတွက် သတိထားရမယ့် အချက်ပဲ ခေါင်းလောင်းသံ တခုလို့သာ ကျမ ပြောချင်တယ် ” ဟု ဒေါ်ညိုအေးက ဆက်လက်ပြောကြားသည်။

ရခိုင်မြောက်ပိုင်းတွင် အာဏာစက်ဖြန့်ကျက်ထားသည့် ULA/ AA ၏ ထိုသို့ သတိပေးထုတ်ပြန်ချက် နောက် ပိုင်းတွင်ပင် ယခုရက်ပိုင်းအတွင်း ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ကန့်သီရီ အုပ်စု မချာ ( မုချာ ) ကျေးရွာ၌လည်း လယ်ကွင်းတွင် ကြိုချည်ထားသည့် နွား ၅ ကောင်၏ ခြေထောက်များ ဓါးခုတ်ခံရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပြန်သည်။

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ကံနွား မွတ်ဆလင် ကျေးရွာတွင်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ပိုင်းက စပါးကောက်လိုင်းစည်းများ ၉၀၀ ကျော်မီးရှို့ ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သလို ဒီဇင်ဘာလ ၂၃ ရက် နေ့ ညဉ့်အချိန်တွင် လည်း မင်းပြားမြို့နယ် နာဂရာပြင် မွတ်ဆလင်ကျေးရွာတွင် စပါးကောက်လိုင်းစည်း ၁၀၀၀ ကျော်မီးရှို့ခံမှု အောက်ခြေတွင် ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ကံနွားမွတ်ဆလင်ကျေးရွာတာဝန်ခံ ဟူဆန်အာရ်မောက် ကတော့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာအတွင်း သံသယဖြစ်ကောင်းသည့် လူများကိုလည်း မတွေ့ရှိသည့် အတွက် မည်သည့် အဖွဲ့အစည်းများထံတွင်လည်း တိုင်ကြားထားခြင်းမရှိဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် မောင်တောမြို့ပေါ် စက်လှေဆိပ်ကမ်းတွင် ထွေ/အုပ်စာရေး ဝန်ထမ်းဖြစ်သူ အသက် ၂၆ နှစ်အ ရွယ် ကိုဆန်းဌေးနိုင်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညဉ့်အချိန်က လည်လှီးသတ်ဖြတ်ခြင်းကိုခံရမှု ဖြစ်ပွားခဲ့ပြန် သည်။

သေဆုံးမှုနှင့်ပတ်သက်လည်း ရဲတပ်ဖွဲ့ဝင်က ကျုးလွန်သည့်တရားခံအား ရှာဖွေ ဖမ်းဆီးခဲ့ရာ သက်သေခံ ပစ္စည်းများနှင့်အတူ မြို့ပေါ် ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် နိုဘီဟူဆောင်းဆိုသည့် မွတ် ဆလင်လူငယ် တဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ကောင်စီအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ် ဥပေ ဒချုပ် ဦးလှသိန်းက ပြောသည်။

ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက “ မောင်တောမြို့ပေါ်ရပ်ကွက်မှာနေထိုင်တဲ့ နိုဘီဟူဆောင်းဆိုတဲ့ တေ ယာက်ကို ဖမ်းဆီးထားတယ်။ သူ့အသက်ကတော့ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ဆီက သေဆုံးသူရဲ့ လက်ကိုင်ဖုန်း ၊ သွေးစက်စွမ်းနေတဲ့ အဝတ်အစားတွေလည်းတွေ့တယ်။ နောက်ပြီးတော့ ဖုန်းထဲက ဆမ်း ကဒ်ကိုလည်း ချိုး ဖျက်ထားတာကိုတွေ့တယ်။ အမှုဖြစ်တဲ့အကြောင်းရင်းကိုတော့ စစ်ဆေးနေတုန်းပဲ ရှိသေး တဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး ” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး လတ်တလော အခြေအနေတွင် ဖမ်းဆီးရမိသည့် မွတ်ဆလင်ဘာသာဝင် နိုဘီဟူဟောင်းကို ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်း စစ်ဆေးလျက် ရှိရာ လူသတ်မှုတွင် ပါဝင်သည့် ၎င်း၏ အစ် ကိုနှစ်ဦးဖြစ်သူ ကမားဟူဆောင်းနှင့် ဂျက်မားဟူဆောင်း တို့ကို ဖမ်းဆီးရမိနိုင်ရေးအကြောင်း ရှာဖွေလျှက် ရှိကြောင်းလည်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုံးကလည်း အဆိုပါ ဖြစ်စဉ်ကြောင့် လူမျိုးရေး အဓိကရုဏ်းဖြစ်မှာကိုလည်း မြို့ခံများ အနေဖြင့် အလွန်စိုးရိမ်မှုများဖြစ်နေကြောင်း ပြောသည်။

ဦးမောင်အုံးက “ စိုးရိမ်တာကတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာ မလားဆိုတာကိုပေါ့။ အားလုံးလည်း ဒီကိစ္စပေါ် စောင့်ကြည့် နေကြ တယ်။ ဘယ်လို ကြောင့် အသတ်ခံရ တယ် ဆိုတာ အသေးစိတ် မသိရသေးဘူး။ သက်ဆိုင်ရာတွေကတော့ တရားခံ ရှာဖွေနေတယ်လို့တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဦးမောင်အုံးက “ စိုးရိမ်တာကတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ လူမျိုးရေး ပဋိပက ္ခတွေ ဖြစ်လာ မလားဆိုတာကိုပေါ့။ အားလုံးလည်း ဒီကိစ္စပေါ် စောင့်ကြည့် နေကြ တယ်။ ဘယ် လိုကြောင့် အသတ်ခံရ တယ် ဆိုတာ အသေးစိတ် မသိရသေးဘူး။ သက်ဆိုင်ရာတွေကတော့ တရားခံ ရှာဖွေနေတယ်လို့တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အောက်ခြေတွင် ထိုသို့ ဆက်တိုက်ဖြစ်ပွားမှုများမှာ ရခိုင်ပြည် နယ်အတွင်း တရားဥပဒေ စိုးမိုး ရေး ကြိုးစားလုပ် ဆောင်နေသည့် ULA / AA အတွက် စိန်ခေါ်မှုတခုဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောကြား သည်။

“ ဒီဖြစ်စဉ်တွေ တရားဥပဒေ စိုးမိုးရေးကို ကြိုးစားလုပ်ဆောင်နေတဲ့ ULA / AA လုပ်ငန်းစဉ်တွေ အတွက် စိန် ခေါ်မှု တခုဖြစ်တယ်။ နှစ်ဘက်လုံးအတွက် ဖြစ်စဉ်တွေ အပေါ်ထိန်းသိမ်းပြီးတော့ စည်းလုံးဖို့ လိုတယ်” ဟု ဦးဖေသန်းက ဆိုသည်။

ရိုဟင်ဂျာအရေး တစိုက်မတ်မတ်လှုပ်ရှာသူ ရိုနေဆန်းလွင်ကတော့ လက်ရှိဖြစ်ပွား နေသည့် အနေအထားမှာ သွေးရိုးသားရိုးဖြစ်စဉ်တွေ မဟုတ်ဘဲ နောက်ကွယ်က အဖွဲ့ အစည်းတခုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်နေ ဟု ယူဆရကြောင်း သုံးသပ်သည်။

“ ဖြစ်စဉ်တခုကိုတည်းဆိုရင်တော့ သွေးရိုးသားရိုး ၊ မတော်တဆလို့ ပြောလို့ရတယ်။ အခုက ပုံစံတူတွေ နေရာ ကွဲပြီး ဖြစ်နေတဲ့အတွက် သွေးရိုးသားရိုး မဟုတ်ပါဘူး။ အခု တည်ငြိမ်အေးချမ်းလာတဲ့ အချိန်မှာ အခုဖြစ်စဉ် တွေ အားလုံးက နားလည်မှုလွဲပြီး ပဋိပက္ခပုံစံမျိုးကို ဦးတည်အောင် ဖန်တီးလှုံ့ဆော်နေတာဖြစ်တဲ့အတွက် လူ မှုအသိုင်းအဝိုင်း အားလုံးက အရင်လို အဖြစ်ဆိုးတွေမကြုံရအောင် သတိထားဆင်ခြင်ဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ် ” ဟု ရိုနေဆန်းလွင်က ပြောသည်။

ဆက်လက်၍ ၎င်းက “ ကျနော်တို့ အားလုံး ၂၀၁၂ ခုနှစ်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိကြတယ်။ ယူစရာသင်ခန်းစာတွေလည်း အများကြီးပါ။ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေက ပုံစံမျိုးစုနဲ့ ကျွန်တော်တို့ သည်းခံနိုင်တဲ့ စိတ်ကုန်သည်အထိ အစွမ်းကုန်ကြိုးစား လမ့်မယ်။ ကျွန်တော်အချင်းချင်း တဖက်က ဖန်တီးသူ တွေဆင် ထားတဲ့ ထောင်ချောက်ထဲ ခုန်မဆင်းဘဲ အားလုံးဘဲ ခေါင်းချင်းဆိုင် ဝိုင်းဝန်းပြီး ဖြေရှင်းဖို့ တိုက်တွန်း လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်စောဝင်းက တော့ သွေးထိုးလှု့ဆော် မှု များသည် အများအားဖြင့် အစိုးရတခုတည်းကိုချည်း ထိုးချ၍ မရဘဲ မွတ်ဆလင်အသိုင်းကြားထဲတွင်လည်း သင့်မြတ်မှုကို မလိုလားသည့် သူများ ရှိကြောင်း မြင်သည်။
၂၀၁၂ အောက်တိုဘာလအတွင်း ကျောက်ဖြူတွင် ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခ ဖြစ်ပွားစဉ်

“ သွေးထိုးမှုတွေ ရှိနေတယ်ဆိုတာက အစိုးရတခုတည်းကိုချည်း ထိုးချလို့ မရဘူး။ မွတ်ဆလင် အသိုင်းအဝိုင်း တွေကလည်း ဒီသင့်မြတ်မှုကို သူတို့ အလိုမရှိဘူး။ မွတ်ဆလင်တွေမှာ လည်း အုပ်စုတွေ အများကြီး ကွဲပြီး တော့ တချို့က ဒီဟာကို အကြောင်းပြပြီး သူတို့ လုပ်စားချင်တဲ့ လူတွေ ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် မွတ်ဆလင် အရေး ကို ဒီအချိန်ကာလမှာ အဖြေရှာမယ်ဆိုရင်တော့ ULA / AA ရဲ့ သဘောထား ဆန္ဒကိုမရယူဘဲ ကိုင်တွယ် လို့ မရ တော့ဘူး ” ဟု ဦးမောင်စောဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော အရေးအခင်းကာလ အတွင်း လူပေါင်း ၂၀၀ကျော် သေဆုံးခဲ့ပြီး နေအိမ် အမြောက်အမြား မီးလောင်ခဲ့ရာ ဒုက္ခသည် သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သလို ၂၀၁၇ ခုနှစ် မောင်တောအရေးကာလ အတွင်းတွင်လည်း စစ်တပ်၏ ကြမ်းကြုတ်သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ကြောင်း မွတ်ဆလင်ရွာပေါင်းများစွာ မီးလောင်ခဲ့ပြီး ဒုက္ခသည် သိန်းချီ တဘက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွား ခဲ့သည်။

၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော အရေး အခင်း ကာလအတွင်း ဒုက္ခ သည်အဖြစ်ရောက်ရှိသွားသော မွတ်ဆလင် ကျေးရွာသားများ အရေးနှင့် ပတ်သက်ပြီး အစိုးရ အဆက်ဆက် စုံစမ်းရေး ကော်မတီ၊ ကော်မရှင် အဖွဲ့အစည်းများစွာ ဖွဲ့ စည်းကာ အဖြေရှာခဲ့သော်လည်း လက်ရှိအချိန်အထိပြန် လည် နေရာချ ထားခြင်း မဆောင် ရွက်နိုင်သေးသလို ကမ္ဘာ့တရားရုံးအထိ အမှုရင်ဆိုင် နေရသည်။

ထို ၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော အရေး အခင်းကာလအတွင်း ဒုက္ ခသည်အဖြစ်ရောက်ရှိသွားသော မွတ်ဆလင် ကျေးရွာသားများ အရေးနှင့်ပတ်သက်ပြီး အစိုးရ အဆက် ဆက် စုံစမ်းရေး ကော်မတီ၊ ကော်မရှင် အဖွဲ့အစည်းများစွာ ဖွဲ့စည်းကာ အဖြေရှာခဲ့သော်လည်းလက်ရှိ အချိန်အထိ ပြန် လည် နေရာချ ထားခြင်း မဆောင်ရွက်နိုင်သေးသလို ကမ္ဘာ့တရားရုံးအထိ အမှုရင်ဆိုင် နေရသည်။

ဘူးသီးတောင်မြို့နယ်နေ မွတ်ဆလင် ရပ်ဖိရပ်ဖ တဦးက ULA / AA ၏ သတိပေးထုတ်ပြန်ချက်မှာ ကောင်း မွန် သည့် အကြောင်းအရာ တခုဖြစ်သလို ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မွတ်ဆလင်လူမှု အသိုင်းအဝိုင်းကြား တွင် အချင်းချင်း အသိပေး ပြောဆိုထားမှုများ ရှိကြောင်းလည်း ပြောသည်။

၎င်းက “ AA ထုတ်ပြန်ချက်ကို ကျနော်တို့ အားလုံး မြင်ကတည်းက ဒါက ကောင်းမွန်တဲ့ အကြောင်းအရာ တ ခုဖြစ်တယ်။ ကျနော်တို့ ရပ်ရွာမှာလည်း ပြဿနာ မဖြစ် အောင် အားလုံး သတိထား ဆင်ဆင်ခြင်ခြင် နေထိုင် ကြဖို့ ပညာတတ်တဲ့ လူငယ် တွေက ပြောပြထားတာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တဘက်တွင်လည်း ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို အကြောင်း ပြု ပြီး စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဖဒို မန်းငြိမ်း မောင်၊ ANP ခေါင်းဆောင် ဒေါ်အေးနုစိန်၊ ဦးဇော်အေး မောင်၊ ပြန်ကြား ရေး ဝန်ကြီး ဦးမောင်မောင်အုန်း၊ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်၊ နယ်စပ်ရေးရာ ဝန် ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် တခြားသော ဝန်ကြီးများ အုပ်စုလိုက် ရောက်ရှိလာခဲ့သည်။

ရခိုင်ပြည်နယ်သို့ စစ်ကောင်စီအဖွဲ့ဝင်များ အုပ်စုလိုက်ချီတက်လာခြင်းမှာ စည်းရုံးရေး လာရောက်ခြင်းဖြစ် သည် ဟု စောင့်ကြည့်သူများက ရှုမြင်မှုများ ရှိသလို လူကယ်ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့် ပြည်နယ်ကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းတို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က မောင်တောမြို့ နယ်ရှိ မွတ်ဆလင် ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်ခဲ့သည်။

စစ်ကောင်စီခန့် ဝန်ကြီးများ၏ မောင်တောခရီးသည်သည် တဘက်နိုင်ငံသို့ ရောက် ရှိနေ သော မွတ်ဆလင် များ ကို ပြန်လည်လက်ခံရေးအတွက် သွားရောက်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ရေးသား ဖော်ပြခဲ့ သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မွတ်ဆလင်ဒုက္ခသည်များ အရေးနှင့်ပတ်သက်ပြီး မည်သည့် သတင်း အချက် အလက်မှ ထုတ်ပြန်ထားခြင်းမရှိပေ။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့မှ တွဲဘက်တည်ထောင်သူ ရိုနေဆန်းလွင်က အာဏာသိမ်း စစ် တပ် သည် တတိုင်း ပြည်လုံးတော်လှန်ပုန်နေသည့်အတွက် အသက်ရူချောင်ရန် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိ ပက္ခကို ဖန်တီးကာ ပြည်မအထိ မီးကူးအောင် လုပ်ဆောင်နေဟု ယူဆမိကြောင်း ပြောသည်။

“ လွန်ခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့ ဝန်ကြီးတွေတချို့ နယ်စပ် ( မောင်တော) အထိ သွား တာတွေ့ရတယ်။ အာဏာသိမ်းစစ်တပ်မှာ ရိုဟင်ဂျာအရေး တခုတည်းသာ ဖိအားရှိတာ မဟုတ်ဘူး။ အခုနွေဦး တော်လှန်ရေးမှာ ရင်ဆိုင်နေရဲ့ ဖိအားတွေ အရမ်းများတယ်။ ဒါပေမယ့် စစ်တပ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခ ဖန်တီးနိုင်ရင် ပြည်မကိုပါ ကူးစက်အောင် ဖန်တီးလုပ်ယူလို့ ရတယ်လို့ တွက်ချက်ထား တာ ဖြစ်နိုင် တယ်” ဟု ရိုနေဆန်းလွင်က သုံးသပ်သည်။

You may also like these stories:


Topics: AA, ရခိုင်နှင့် မွတ်ဆလင်, လူမျိုးရေး ပဋိပက္ခ, သတိပေးစာတွ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */