Thursday, December 30, 2021

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာဌာန) 
30 ဒီဇင်ဘာ၊ 2021
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ် 

ရိုဟင်ဂျာမူဆလင် (၁၂၀)ကို တင်ဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဖက်စွန်း အာချေးဒေသ ကမ်းလွန်မှာ ရောက်ရှိနေတဲ့ လှေတစင်းကို ဆိုက်ကပ်ခွင့်ပြုဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက် ပါတယ်။

အခုလို ဆုံးဖြတ်ရတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေ လွန်စွာ ဆိုးရွားနေတဲ့အတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုက္ခသည်ရေးရာ အရာရှိ Armed Wijaya က ပြောပါ တယ်။

“လူသားချင်း စာနာမှု အခြေအနေတွေအရ ၊ အခုလို ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့” .. သူက ပြောသွားတာပါ။

အစောပိုင်းတုန်းကတော့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သူတို့ကို လက်ခံပေးဖို့ တောင်းဆိုနေကြေ ပ မယ့် ဒီ ရိုဟင်ဂျာလှေကို နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်လည်မောင်းထုတ်မယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောခဲ့ကြတာပါ။ အဲဒီလှေဟာ ရေယိုနေပြီး ၊ စက်လည်း ချို့ယွင်းနေတဲ့အတွက် ပင်လယ်ပြင်ထဲ မောင်းထုတ်ခံ ရ ရင် နစ်မြုပ်သွားနိုင်တယ်လို့ UNHCR အရာရှိတွေက ပြောခဲ့ကြတာပါ။

UNHCR အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာ လူထုကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သီးခြားထား ရှိရေး အစီအစဉ်အတွက် သက်ဆိုင်ရာအစိုးရနဲ့ ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းကို အကူအညီပေးဖို့ အဆင် သင့် ရှိတယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူဆလင် (၇)သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ စုပြုံ နေထိုင်ကြရပြီး အဲဒီစခန်းတွေက တဆင့် မူဆလင်အများစုနေထိုင်တဲ့ ဒေသတွင်းနိုင်ငံတွေဆီကို စွန့်စွန့် စားစား သွားရောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာ အာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ ပြန်လည် လက် ခံနိုင်ရေးအတွက် လုပ်ဆောင်ချက်တွေ ရှိခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */