Link : Here
Tuesday, June 22, 2021
ဒုက္ခသည်နေ့နဲ့ ရိုဟင်ဂျာအကျပ်အတည်း
Link : Here
Monday, June 21, 2021
Sunday, June 20, 2021
A Discussion With Ro Nay San Lwin on current situation of Myanmar
18 June 2021
ရိုဟင်ဂျာ ဘာသာဖြင့်၊
Saturday, June 19, 2021
ယူကေနိုင်ငံက နိုင်ငံခြားအကူအညီ လျှော့ချမှုကြောင့် ဘယ် လိုသက်ရောက်နိုင်သလဲ
B B C
ဘီဘီစီမြန်မာပိုင်း၁၄ ဇွန် ၂၀၂၁
မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှုဆိုင်းငံ့ရေး ကမ္ဘာ့နိုင်ငံ တွေ ဘယ်လိုရပ်တည်သလဲ
B B C
ဘီဘီစီမြန်မာပိုင်း
18/06/2021
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ဆိုင်းငံ့ဖို့အပြင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အချက်တွေပါ ပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၁၈ ရက်မှာ အ တည်ပြုပေးလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေထဲက ၁၁၉ နိုင်ငံက ထောက်ခံပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေ မဲပေး ခဲ့ကာ ဘယ်လာရုဇ်နိုင်ငံတစ်နိုင်ငံတည်း ကန့်ကွက်မဲပေးခဲ့ပါတယ်။
Friday, June 18, 2021
မြန်မာပြဿနာနဲ့ ရိုဟင်ဂျာထောက်ပံ့ရေးကို ဗြိတိန်ဝန်ကြီး ကုလနှင့့်ဆွေးနွေးမည်
17 ဇွန်၊ 2021

မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ရိုဟင်ဂျာ အရေး အပါအဝင် လက်ရှိ ပြသနာတွေကို ဗြိတိန်ရဲ့ အာရှရေးရာ ဝန်ကြီးနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ရိုဟင်ဂျာခေါင်းဆောင်တဦးတောင်းဆို
17 ဇွန်၊ 2021
ဇွန်လ ၂၀ ရက် လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်ခင်မှာ Cox’s Bazar မြို.ရှိ ဒုက္ခသည်စခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Mohammad Mahbubullah က -
“ကျနော်တို့အနေနဲ့ မြန်နိုင်သမျှမြန်မြန် ကာကွယ်ဆေးထိုးဖို့ လိုပါတယ်၊ ဒါမှ Lockdown အသွားအလာပိတ်ထားတာကို ယုတ်လို့ရမှာလေ။ နိုင်ငံတကာအကူအညီတွေ ရဖို့လိုနေပါတယ်။ Lockdown ချထားတာကြောင့် NGO စေတနာ့ဝန်ထမ်းတွေရော၊ နိုင်ငံတကာအလှူရှင်တွေပါ စခန်းတွေထဲ လာလို့မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် လူတိုင်းကာကွယ်ဆေးရပြီးရင် အားလုံး လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီပေါ့နော်။ ဒီ Lockdown ကြောင့် ကျနော်တို့ ရပ်ရွာတွင်းလုပ်ငန်းတွေတောင် ရပ်ဆိုင်းထားရပြီး ပြဿနာအများကြီးကို တက်နေပါတယ်” လို့ပြောပါတယ်။
တကယ်တော့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ကိုဗစ်-19 ပိုး တွေ့ခဲ့တာကြောင့် မေလ ၂၁ ရက်နေ့ကစပြီး Lockdown ချ အသွားအလာပိတ်ထားတာပါ။
လက်ရှိစခန်းထဲမှာ ကိုဗစ်ပိုးစစ်ဆေးမူတွေလည်း လုပ်ပေးနေရာမှာ တနေ့ကို ပျမ်းမျှလူနာ ၂၀ ကနေ ၃၀ ပဲတွေ့တာကြောင့် လူပြည့်ကျပ်နေတဲ့စခန်းမှာ စိုးရိမ်ရသလောက်အများကြီးမကူးစက်သေးဘဲ အခုချိန်ထိ စုစုပေါင်း ၁,၄၅၁ ဦးမှာသာ ပိုးတွေ့ထားတယ်လို့ Cox’s Bazar ဒုက္ခသည်စခန်းက ဆရာဝန်ကဆိုပါတယ်။
Link : Here
Wednesday, June 16, 2021
ရိုဟင်ဂျာလူမျိုးစုရဲ့ အခက်ခဲပြဿနာများကို ရှင်းလင်း တင်ပြထား။
15/06/2021
မပန်းစန္ဒာက အိန္ဒိယ နယူးဒေလီ ရိုဟင်ဂျာစခန်းတစ်လျှောက်မီးလောင်တဲ့ကိစ္စ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ရှိ ရိုဟင်ဂျာလူမျိုးစုတွေကြုံတွေ့ရတဲ့ အခက်ခဲတွေကိုတင်ပြထားပါတယ်။
Link: Here
NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒအပေါ် ရခိုင်ဒေသခံတွေ သဘောမတူ
စမ်းစမ်းတင် (ဝါရှင်တန် ဒီစီ)
2021-06-10
အဲဒီမူဝါဒထုတ်ပြန်ချက်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံဖော်ပြထားပြီး ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် တခြားဖိနှိပ်တဲ့ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ ပြဌာန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ပယ်ဖျက်တာတွေ လုပ်ဆောင်သွား မယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက NUG ရဲ့ အကျိုးစီး ပွားအတွက် ထုတ်ပြန်တဲ့မူဝါဒဖြစ်လို့ ဒါကိုလက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ANP ဦးဖေသန်း
ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် နယ်ချဲ့အင်္ဂလိပ်တွေ အုပ်ချုပ်ချိန် ရခိုင်ဒေသမှာ လယ်ယာလုပ်ငန်းတွေလုပ်ဖို့ အရင်က အရှေ့ပါကစ္စတန်ဖြစ်တဲ့ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရောက်လာခဲ့ကြတဲ့ ဘင်္ဂါလီတွေဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မွတ်စလင်တွေဘက်ကလည်း သူတို့ဟာ ရှေးပဝေသဏီကတည်းက ရခိုင်တွေထက်စောပြီး ရခိုင်ဒေသမှာ အခြေ ချနေထိုင်လာခဲ့တဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
"ရခိုင်လူမျိုးတွေရဲ့ သဘောထားမပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမှာပဲ"
လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုအရပါ မတူညီကြတဲ့ ဒီလူ့အသိုင်းအဝန်းနှစ်ခုကြားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ဝန်း ကျင်လောက်ကနေ ဒီနေ့အထိ ပဋိပက္ခတွေရှိနေခဲ့ကြပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း မဲအနိုင်ရရှိရေးအတွက် မွတ်စလင်တွေကို အသုံးချခဲ့ကြသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအနိုင် ရရှိရေးအတွက် White Card လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေ ထုတ်ပေးပြီး ဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွေ ဘက်က မကြာခဏ ထောက်ပြပြောဆိုနေကြတာပါ။
ခေတ်အဆက်ဆက် အစိုးရတွေက မွတ်စလင်တွေကို သူတို့ရဲ့ အကျိုးအတွက် အသုံးချခဲ့ကြတာကြောင့် အခု NUG အစိုးရဟာလည်း အရင်အစိုးရတွေရဲ့ လုပ်ရပ်တွေနဲ့ တူနေတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဝေဖန်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ ရခိုင်ပြည်သူတွေသာ အဓိက ကျတဲ့အတွက် ရခိုင်တွေရဲ့ ဆန္ဒသဘောထားမပါတဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဇွန်လ ၅ ရက်နေ့က NUG ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီကလည်း ရခိုင်ဒေသက ရှိရင်းစွဲပြဿနာကို အသုံးချပြီး နိုင်ငံရေးကစားကွက် ဖော်နေတာဟာ ပြဿနာကို ပိုမိုကြီး မားလာအောင် ဖန်တီးနေတဲ့ လုပ်ရပ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ရခိုင်ပြည်သူတွေကို ကိုယ်စားမပြု၊ မသက်ဆိုင်တာကြောင့် သူတို့ ထုတ်ပြန်ထားတဲ့ မူဝါဒကိုလည်း အသိအမှတ်မပြုဘူးလို့ ဇွန်လ ၆ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့် ကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ အလွယ်တကူပယ်ဖျက်သင့်တဲ့ဥပဒေမဟုတ်ဘူးလို့ ဇွန်လ ၈ ရက်နေ့က NUG ကို အိတ်ဖွင့်ပေးစာ ပေးပို့ပြောဆိုထားပါတယ်။
ရခိုင်ဒေသအရေးနဲ့ ပတ်သက်လို့ ပြောဆိုဆုံးဖြတ်မယ်ဆိုရင် ရခိုင်ဒေသရဲ့ ထိလွယ်ရှလွယ် အခြေအနေတွေကို သေသေချာချာလေ့လာပြီးမှ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
ဒေါ်စောခင်တင့်
“အဓိကတော့ နှစ်ချက်ပါပဲ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို လွယ်လွယ်ကူကူ ဖျက်သိမ်းလို့မရဘူး။ နောက် တစ်ခု ရခိုင်ပြည်ရဲ့အရေးကိစ္စကို စိတ်ပါဝင်စား ပြီးတော့ ပြောချင်တဲ့လူရှိတယ်ဆိုလို့ရှိရင် ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင် ခံစာမှာ ပါတဲ့အတိုင်းပေါ့နော် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ ကပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ထဲကပဲ ဖြစ်ဖြစ်၊ NGO အဖွဲ့ကပဲဖြစ်ဖြစ် ဘယ်သူ မဆိုပေါ့နော် ရခိုင်နဲ့ပတ်သက်ပြီးတော့ ပြော မယ်၊ ဆိုမယ်၊ စိတ်ဝင်စားမယ် ဆိုလို့ရှိရင်တော့ ရခိုင်ပြည် နယ်ရဲ့ ထိလွယ်ရှလွယ်တဲ့ သဘောအခြေအနေ တွေ၊ ရခိုင်မှာကန့်သတ်ထားတဲ့ အခြေအနေအကုန်လုံးကို အရင်ဆုံး နားလည်အောင်ကြိုးစားပြီးတော့မှ ပြောရင်ပိုအဆင်ပြေမယ်လို့ ဒါကို သတင်းစကားပေးချင်တာပါ”
ရိုဟင်ဂျာအချို့ကတော့ အမျိုးသားညီညတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒအပေါ် အပြုသဘောနဲ့ ထောက်ခံကြိုဆိုကြပါတယ်။
ဒါပေမဲ့ အဲဒီမူဝါဒကလည်း ပြတ်သားမှုမရှိတဲ့အတွက် စောင့်ကြည့်ဖို့လိုဦးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သန်ခါလီဒုက္ခသည်စခန်း အမှတ်(၁၃)မှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး Rohingya Youth Association တည်ဆောင်သူ ကိုခင်မောင်က ပြောပါတယ်။
“သူတို့ဟာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြတ်သားမှုမရှိတာကြောင့် ကျွန်တော်တို့မှာလည်း ခြင့်ချိန်ရတာ အင်မတန်မှခက်ပါတယ်။ ပြတ်သားမှုမရှိတာကို အရင်ဆုံးဖြေရှင်းဖို့ လိုပါတယ်။ အရင်အစိုးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတောင်မှ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးခဲ့တာမရှိဘူး။ အခု ဒီ NUG က ရိုဟင်ဂျာလို့ သုံးစွဲတာဟာ ဒါတိုးတက်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပြတ်သားမှုမရှိလို့ ကျွန်တော်တို့မှာလည်း ချက်ချင်းဆိုသလို လက်ခံဖို့၊ တုံ့ပြန်ဖို့၊ ပူးပေါင်းဖို့အတွက် နည်းနည်းစောင့်ဆိုင်းဖို့ လိုမယ်လို့ ပြောချင်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒဟာ ရခိုင်ပြည်နယ်က သက်ဆိုင်သူအချို့နဲ့ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်
ပါဝင်ပတ်သက်သူတွေနဲ့ ဆွေးနွေးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ ဘယ်သူတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ပြည်တွင်းက နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒဟာ မူအားဖြင့် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်သေးခင်က အခုလိုထုတ်ပြန်လိုက်တာဟာ နိုင်ငံရေးရှုပ်ထွေးမှုတွေအပြင် NUG အပေါ်မှာ ရခိုင်တွေရဲ့ အမြင်မကြည် လင်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
“ကြိုက်ကြိုက် မကြိုက်ကြိုက် NUG အစိုးရဟာ ဒီနေ့ လေလှိုင်းပေါ်က အစိုးရလို့ စစ်ကောင်စီက ပြောတာဟာ တစ်စိတ်တစ်ပိုင်းတော့ မှန်ကန် ပါတယ်။ လက်တွေ့လုပ်ငန်းတွေကို ဘာမှမလုပ်ဆောင်နိုင်ပါဘူး။ လက်တွေ့ လုပ်ငန်းတွေကို မဆောင် ရွက်နိုင်သေးဘဲနဲ့ အခုကြိုတင်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန် ကြေညာလိုက်တာဟာ နိုင်ငံရေးအရ ရှုပ်ထွေးမှုနဲ့ ဒီ NUG အပေါ်မှာ ရခိုင်တိုင်းရင်း သား တချို့ကနေပြီးတော့ အမြင်မကြည်လင်တာတွေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပဲရှိပါတယ်။ ဒါကြောင့် ဒီအချိန်ဒီအခါမှာ မလုပ်သင့်သေးဘူး၊ မထုတ်ဖော်သင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လက်တွေ့မှာ ဘာမှဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိမှမရှိသေးပဲ။ အလကား နိုင်ငံရေးအရ ရှုပ်ထွေး မှုဖြစ်စေတာ သက်သက်ပဲလို့ ကျွန်တော် ယူဆတဲ့အတွက် ဒီအချိန်မှာ ဒါကိုထုတ်ပြန်ကြေညာနေတာ ကတော့ သိပ်မလိုအပ်ဘူးလို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်ခင်ဗျ”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲပြီးအစရှိတဲ့ မြို့နယ် ၁၂ ခုမှာ ရခိုင်တွေနဲ့ မွတ်စလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ နှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
အဲဒီအထဲက တစ်သိန်းကျော်ဟာ အခု အချိန် ၉ နှစ်လောက်ကြာလာတဲ့အတွက် ပြန်လည်နေရာ ချထားခြင်းမလုပ်နိုင်သေးဘဲ ကျဉ်းကျပ်တဲ့ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ကိုယ်ရေးအချက်အလက် စုဆောင်းမှု လုံခြုံရေး ကုလ နဲ့ ဘင်္ဂလားဒေ့ရ်ှ ပူးပေါင်းဆောင်ရွက်
ဗွီအိုအေ (မြန်မာပိုင်း)
16 ဇွန်၊ 2021
UNHCR ဝန်ထမ်းက Aceh ပြည်နယ်ရောက်လာသော ရိုဟင်ဂျာ အမျိုးသမီးတဦးအား စာရင်းကောက် © UNHCR/Jiro Ose
စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာအရေး မပေါ့လျော့စေဖို့ ကုလဆိုင်ရာ သံအမတ်တချို့ ဆွေးနွေးချက် (တက်ရောက် ခဲ့သူ မဝေဝေနု နှင့် မေးမြန်းခန်း)
မသိင်္ဂီထိုက်
16 ဇွန်၊ 2021
ICC ၏ ပေါ်ပေါက်လာပုံသမိုင်း။
ICC ၏ ပေါ်ပေါက်လာပုံသမိုင်း
သို့သော် အဆိုပါတရားရုံးများသည် ဒုတိယကမ္ဘာစစ်၏ စစ်ရှုံးနိုင်ငံမှ ရာဇဝတ်ခေါင်းဆောင်များကိုသာစစ်ဆေး စီရင်နိုင်ရန် အတွက် ယာယီဖွဲ့စည်းခဲ့သော တရားရုံးများသာဖြစ်သည်။ ၎င်းတရားရုံးများ၏ စီရင်ပိုင်ခွင့်သည် အနာဂတ်တွင်ဖြစ်နိုင်သော လူ့အခွင့်အရေးချိုးဖောက်သည့် ရာဇဝတ်မှုများအတွက် အကျိုးသက် ရောက် မှု မရှိနိုင်ကြောင်းထောက်ပြဝေဖန်မှုများရှိခဲ့သည်။ သို့ရာတွင် ထိုကဲ့သို့ လူ့အခွင့်အရေးဆိုင်ရရက်စက် မှုများကျူး လွန်ခြင်းမှာ ဆိုးရွားရှားပါးလှသည်ဟု ယူဆကာ အမြဲတမ်းတရားရုံးတစ်ရပ်အနေဖြင့် ဖွဲ့စည်းခြင်း မပြုခဲ့ချေ။
Monday, June 14, 2021
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)
ဧရာဝတီ
By မောင်မောင်စိုး
11 June 2020
ရခိုင်ပြည်နယ်အရေးဟုဆိုလျှင် ရခိုင်ပြည်နယ်ရှိ စစ်ပွဲသည် ထိပ်ဆုံး ရောက်နေသည့် ပြဿနာဖြစ်သည်ဟု ဆိုခြင်းနှင့် ပတ်သက်၍ ငြင်းပယ်ရန် မရှိပေ။ လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် (တပ်မတော်မှ သောင်း ကျန်းသူ နှိမ်နင်းရေးစစ်ပွဲဟု သုံးပါသည်) တွင် အပြင်းထန်ဆုံး ဖြစ်ပွားနေသည်မှာ ရခိုင်စစ်မြေပြင်တွင် ဖြစ် သည်။
Friday, June 11, 2021
လှေစီးပြေး ရိုဟင်ဂျာ ၈၀ ကျော် အင်ဒိုနီးရှား မီဒန် မြို့ကို ပြောင်းရွှေ့
Wednesday, June 9, 2021
အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို IOM ကူညီထောက်ပံ့
09 ဇွန်၊ 2021
ရိုဟင်ဂျာအရေး NUG မူဝါဒအပေါ် ရိုဟင်ဂျာဒုက္ခသည် တဦး ရဲ့အမြင်
VOA
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
ကျော်ကျော်သိန်း
08 ဇွန်၊ 2021
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုများဆိုင်ရာမူဝါဒ ထုတ်ပြန်လိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသက ဒုက္ခသည်စခန်းတခုအတွင်းမှာ နေထိုင် နေတဲ့ရိုဟင်ဂျာဒုက္ခသည်တဦးက ကြိုဆိုတယ်လို့ ဗွီအိုအေကိုပြောပါတယ်။
Monday, June 7, 2021
ASEAN ကို အယုံအကြည် မရှိကြောင်း မြန်မာ စစ်အာဏာ သိမ်း ဆန့်ကျင်သူများပြော
ဧရာဝတီ
7 June 2021
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှစ်ဦးနှင့် စစ်ကောင်စီအကြီးအကဲ မင်းအောင် လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးနေစဉ် ဒေသတွင်းသံတမန်ရေးအားထုတ်မှုကို အယုံအကြည် မရှိကြောင်း မြန်မာစစ် အာဏာသိမ်းမှု ဆန့်ကျင်သူများက ပြောသည်။
ASEAN သည် မြန်မာနိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အဓိကကျသည့် နိုင်ငံတကာ သံတမန်ရေး အားထုတ်မှုကို ဦးဆောင်နေသည်။ တရုတ်နိုင်ငံကလည်း ASEAN ၏ သံတမန်ရေး ကြိုးပမ်းချက်ကို ထောက် ခံကြောင်းပြောသည်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ရဲ့ အကူအညီ (SW/TKK) Editorial
အမေရိကန်အစိုးရမူဝါဒ
June 04, 2021
အကူအညီတွေ အပူတပြင်းလိုအပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားတဲ့ အသိုင်းအဝိုင်းနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ၊ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်က ပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက လူမှုရေးစာနာမှု အေ ထာက်အပံ့အတွက် နောက်ထပ် ဒေါ်လာ ၁၅၅ သန်းပံ့ပိုးမှာဖြစ်ပါတယ်။