VOA
ဗိတိ ဗြိတိန် အာရှရေးရာ ဝန်ကြီး Nigel Adams
မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ရိုဟင်ဂျာ အရေး အပါအဝင် လက်ရှိ ပြသနာတွေကို ဗြိတိန်ရဲ့ အာရှရေးရာ ဝန်ကြီးနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
17 ဇွန်၊ 2021
17 ဇွန်၊ 2021

မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ရိုဟင်ဂျာ အရေး အပါအဝင် လက်ရှိ ပြသနာတွေကို ဗြိတိန်ရဲ့ အာရှရေးရာ ဝန်ကြီးနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ရိုဟင်ဂျာတွေ အတွက် ဗြိတိန်ရဲ့ အထောက်အပံ့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ အပါအဝင် မြန် မာနိုင်ငံရဲ့ လက်ရှိ ပြသနာတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ ဗြိတိန်နိုင်ငံရဲ့ အာရှဆိုင်ရာ ဝန်ကြီးတို့ ဆွေး နွေးမယ့် အကြောင်း ဗြိတိန် နိုင်ငံခြားရေး ဌာနက ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ဖြစ်ထွန်းလာစေရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချက် ရှာဖွေနိုင်ရေး၊ ဆွေးနွေးညှိနှိုင်းမှုကို အားပေး တိုက်တွန်းနိုင်ရေး အတွက် ဗြိတိန်က ဒေသတွင်းမှာရော ကမ္ဘာတလွှားက မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ဗြိတိန် အာရှရေးရာ ဝန်ကြီး Nigel Adams က ခရီးစဉ် မစခင် ကြေညာ ချက်မှာ ပြောဆိုထားပါတယ်။
မြန်မာ ကိစ္စ အပါအဝင် အင်ဒို ပစိဖိတ် ဒေသတွင်း အရေးတွေမှာ ဗြိတိန်ဘက်က ပိုပြီး ခိုင်ခိုင်မာမာ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့လည်း ဝန်ကြီး Adams က ခရီးစဉ် မစခင်မှာ ပြောဆိုထားပါတယ်။
ဆွစ်ဇာလန် နိုင်ငံ Geneva မှာ ဇွန်လ ၁၆ နဲ့ ၁၇ ရက် - ၂ ရက်ကြာ ခရီးစဉ် အတွင်း ဝန်ကြီး Adams က မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ IIMM အကြီးအကဲ Nick Koumjiam နဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ခေါင်းဆောင်တွေ၊ နောက် အင်ဒို ပစိဖိတ် ဒေသက ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာပါ။ဒါ့အပြင်ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလက်ထောက် မဟာမင်းကြီး Raouf Mazou နဲ့လည်း ဗြိတိန် အာရှရေးရာ ဝန်ကြီး Adams တို့ ဆွေးနွေးကြမှာပါ။
Link : Here

No comments:
Post a Comment