Narinjara News
ချစ်အိလှိုင်နိရဉ္စရာ၊ ဇွန် ၁၇/၂ဝ၂၁ရက္ခိုင့်တပ်တော်(AA)က ဖမ်းထားသည့် စစ်သုံ့ပန်းများအထဲမှ ၆ ဦးကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်အရာရှိများထံလွှဲပြောင်း ပေးလိုက်ကြောင်း သတင်းရရှိသည်။
ရက္ခိုင့်တပ်တော်မှ အရာရှိ ဗိုလ်မှူးထိပ်ချွန်းဆိုသူနှင့် မြန်မာ့တပ်မတော်အရာရှိ ဗိုလ်မှူးသန်းဝင်းဌေးတို့ဦးဆောင်ကာ သုံ့ပန်းလွှဲပြောင်းရေး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်သည့် မန္တလေးတိုင်းမှ ရဲအုပ်ဝင်းတင့်၏ ဇနီးဒေါ်ဝင်းဝင်းသန်းက “ ကျွန်မတို့ သတင်း ကြားတာက ၁၁ ရက်နေ့က ဆယ်ယောက်တစ်ခါလွတ်တယ်။ ၁၆ ရက်နေ့က ဆယ်ခုနှစ်ယောက် တစ်ခါ လွတ်တယ်ဆိုပြီးပေါ့။ ဒါပေမဲ့ ကျွန်မအမျိုးသားက ကျွန်မတို့ဆီကို ဆက်သွယ်မလာသေးပါဘူး။ လွတ်တဲ့အထဲသူပါဖို့ ကျွန်မက သူအဖမ်းခံရပြီးနောက်ပိုင်း နေမကောင်း ဖြစ်နေတာပါ။ ဆုတောင်းနေမိတာပါ။ အဆက်အသွယ်ရဖို့ ကူညီပေးကြပါရှင်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူနှင့် ရက္ခိုင့်တပ်တော်(AA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအားဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။
Link : Here
No comments:
Post a Comment