VOA
အင်ဒိုနီးရှားနိုင်ငံ အာချေးကို ဇွန်လ ၄ ရက် သောကြာနေ့က လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၈၁ ဦး အတွက် အင်္ဂါနေ့မှာ အစားအသောက်၊ သောက်ရေနဲ့ ဆေးဝါးတွေ ဆက်လက် ထောက်ပံ့နေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ အဖွဲ့ IOM က ပြောပါတယ်။
Link : Here
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇွန်၊ 2021
09 ဇွန်၊ 2021
အင်ဒိုနီးရှားနိုင်ငံ အာချေးရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို IOM ကူညီ (Courtesy of East Aceh Regency government)
အမျိုးသမီးနဲ့ ကလေးငယ် အများစုပါတဲ့ ရိုဟင်ဂျာတွေကို အာချေး တာ ဝန်ရှိသူတွေက COVID-19 စစ်ဆေး ပြီး COVID-19 ကာကွယ်ဆေး လည်း ထိုးနှံပေးပြီးဖြစ်ကြောင်း IOM ပြောခွင့်ရ Paul Dillon က အင်္ဂါနေ့ ဂျီနီဗာ ကုလ သမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အခု အင်ဒို နီးရှားကို ရောက်လာသူတွေက ကောဇ်ဘ ဇား၊ ကုတုပလောင် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခဲ့ကြသူတွေလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။
"၂၀၀၈ ခုနှစ်ကနေ စလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေ စတင်ရောက်ရှိလာပြီးချိန်ကတည်းက လက်ရှိ အချိန် ထိ ရိုဟင်ဂျာ ထောင်ချီ လက်ခံထားတဲ့ အင်ဒိုနီးရှား အစိုးရ အနေနဲ့ တဦးတယောက်ကိုမှ ဌာနေပြန်ပို့ခဲ့တာ မရှိဘူး" လို့လည်း IOM ပြောခွင့်ရ Paul Dillon က သတင်းထောက် တဦးရဲ့ အမေးကို ဖြေကြားခဲ့ပါတယ်။
မြန်မာဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒီ ဒုက္ခသည်တွေကို ပြန်လည် လက်ခံ ဖို့တော့ သဘောတူပေမယ့်လည်း အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးပါဘူး။
"ကြံရာ မရ စွန့်စားပြီး ထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားသူတွေ အတွက် ဘေးကင်းလုံခြုံပြီးစားနပ် ရိက္ခာနဲ့ ဆေးဝါး ရရှိရေး အတွက် ဒေသတွင်း နိုင်ငံတွေက အစိုးရတွေနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာရုံးက ဆွေးနွေးဆောင်ရွက်ထားတယ်" လို့လည်း UNHCR ပြောခွင့်ရ Babar Baloh က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက အင်ဒိုနီးရှား နိုင်ငံ အာချေးမှာ ကယ်တင်ထားတဲ့ ရိုဟင်ဂျာ တွေ ဘေးကင်းလုံ ခြုံမှု ရှိနေကြောင်းလည်း ပြောပါတယ်။

No comments:
Post a Comment