Showing posts with label ‌ဆောင်းပါး. Show all posts
Showing posts with label ‌ဆောင်းပါး. Show all posts

Thursday, October 2, 2025

အကူအညီ ဖြတ်တောက်မှုကြား တရားမျှတမှုကို ရိုဟင်ဂျာများ ကုလသမဂ္ဂတွင် တောင်းဆို

ဧရာဝတီ
2 October 2025

၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုအတွင်း ၂၀၁၇ သတ်ဖြတ်မှုများ ၂ နှစ်ပြည့် အခမ်းအနားကျင်းပစဉ်/AFP

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မြန်မာမှ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များသည် ဖိနှိပ်ခံ မွတ်ဆလင်လူနည်းစု၏ ဒုက္ခများကို အာ ရုံစိုက်မှုရရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြသည်။

Thursday, September 25, 2025

AA နှင့် ရိုဟင်ဂျာ မွတ်စလင်အရေး လေ့လာကြည့်ခြင်း

ဧရာဝတီ
ဗညားအောင်
သူ့အတွေး သူ့အမြင်
24 September 2025

ဩဂုတ်လ ၃၀ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် မွတ်စလင်အသိုင်းအဝိုင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်/Arakan Princess Media

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) / ရက္ခိုင့်တပ်တော် (AA) သည် စစ်အာဏာရှင်များကို စစ်ရေးအရ တိုက်ခိုက်ချေမှုန်းရန် သူ၏ အင်အားများကို စည်းရုံး၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ စွန့်လွှတ်စွန့်စား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်းကို တဆင့်ချင်း အပင်ပန်းအဆင်းရဲခံ လုပ်ဆောင်ခဲ့ရသည်။

Monday, September 15, 2025

ရိုဟင်ဂျာတွေ အသတ်ခံရတယ်ဆိုတဲ့ ထန်းရှောက်ခံရွာသို့

ဧရာဝတီ
15 September 2025

သတင်းမီဒီယာတွေဟာ AA ခေါ်ဆောင်လာတဲ့ ထန်းရှောက်ခံရွာသား ၄၀ ဝန်းကျင်အပြင် AA ခေါ်လာတာ မဟုတ်တဲ့ ထန်းရှောက်ခံရွာသား၊ အနီးနားကျေးရွာသားတွေပါ မေးမြန်းခွင့် ရခဲ့ပါတယ်/ဧရာဝတီ

စစ်တပ်နှင့် ရခိုင်တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာလူဦးရေ ၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာကို ဩဂုတ်လအတွင်း ဧရာဝတီက သွားရောက် လေ့လာခဲ့ပါတယ်။

Monday, March 24, 2025

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက် ကိုင်တွေ ပြိုကွဲသွားနိုင်လား

ဧရာဝတီ
သူ့အတွေး သူ့အမြင်
စွယ်တော်
22 March 2025 

ARSA ခေါင်းဆောင် အတာအူလာ(ဝဲမှ တတိယ) ကို ဘင်္ဂလားဒေ့ရှ် ရဲက ဖမ်းပြီး စုံစမ်းစစ်ဆေးရန် တရားရုံးတွင် ရမန်ယူစဉ်/bdnews24.com


အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများကို ကိုးကား၍ မြန်မာမီဒီယာများက ဖော်ပြချက်အရ သိရသည်။

Sunday, March 23, 2025

ကမ္ဘာကျော် ပြဿနာ အရှုပ်ထုပ်ဖန်တီးရှင် (သို့မဟုတ်) အာတာအူလာ ကျရှုံးခန်း

Western News
2025-03-23


လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ကြီးလေးသည့် ဘေးထွက်ဆိုးကျိုးနှင့် ကြောက်မက်ဖွယ်အကြမ်းဖက်မှု စစ်ပွဲ ကြီးတစ်ခုကို ရခိုင်ပြည်တွင် ဖန်တီးပုံဖော်ခဲ့သူမှာ အာတာအူလာဟု ဆိုလျှင် သံသယဝင်မည်လော။

Wednesday, January 1, 2025

ဒီလ် မိုဟာမတ် (Dil Mohammed) ပျောက်ဆုံးခြင်း သို့ မူဆလင်များအတွက် အသံတစ်ခု တိတ်ဆိတ်သွားခြင်း

Arakan Bay News
Shafiur Rahman
ဘာသာပြန် – ကျော်ဇံ

(The Diplomat သတင်းဌာနတွင် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က The Disappearance of Dil Mohammed: A Voice for the Rohingya Silenced ဆောင်းပါးအား Arakan Bay News က ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ထင်ရှားသည့် မူဆလင်အရေး ကာကွယ်သူ ဒီလ်မိုဟာမတ်တစ်ယောက် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူအကြောင်းမကြားရတော့ပေ။

သံစူးခြံစည်းရုံးကာထားသည့် No Man’s Land တွင် Dil Mohammed ကိုတွေ့ရစဥ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား ပဋိပက္ခများဖြင့် မတည်ငြိမ်သည့် နယ်စပ်ဒေသ၌ ဗရုတ်သုက္ခများကြားမှ အလွန်ပင် တည်ကြည်သည့် မူဆလင်အရေး ကာကွယ်မြှင့်တင်သူတစ်ဦး ပေါ်ပေါက်ခဲ့သည်။ မူဆလင်ဒုက္ခသည်တစ်ဦးဖြစ်သူ ဒီလ် မိုဟာမတ်သည် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင် ဒုက္ခသည်စခန်း၏ အများသဘောတူ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီး သူတို့မူဆလင်လူမျိုးတို့၏ အရေးကို မြှင့်တင်ကာကွယ်ရန် အလွန်ရှုပ်ထွေးလှသည့် စစ်ရေး၊နိုင်ငံရေး သပွတ်အူကို လေ့လာစုံစမ်းခဲ့သည်။ သို့ရာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သူနေထိုင်သည့် စခန်းတစ်ခုလုံး ပြာကျသွားအောင်ထိ တိုက်ခိုက်၊ မီးရှို့ခံခဲ့ရပြီး အချိန်ကာလတာရှည်စွာ လွှမ်းမိုးလာခဲ့သည့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) ထံတွင် အဖမ်းခံခဲ့ရကာ သူ့သတင်းအစအနများမှာလည်း ထိုအချိန်ကတည်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။

Saturday, November 30, 2024

မင်းအောင်လှိုင်ကို ICCဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက် တွဲ ဘာတွေ အသုံးချသင့်သလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလိုရှိကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏ ကန်ပိန်းပိုစတာ
 
မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ် တရားရုံး (ICC) ၏ တောင်းဆိုမှုကို ဒီမိုကရေစီဘက်တော်သားများက မဟာဗျူဟာမြောက်နိုင် ငံရေးအခွင့်အလမ်း တခုအနေဖြင့် အကျိုးအရှိဆုံး အသုံးချနိုင်ရန် အရေးကြီးပါသည်။

Tuesday, July 30, 2024

မေယုတောင်တန်းသို့ အသက်စွန့်ပြေးခဲ့ရသည့် မွတ်ဆလင်များ

DMG
DMG ၊ အောင်မင်း ရေးသည်။
24 Jul 2024

စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကို ကြုံတွေ့နေရသည့် ကျောက်ဖြူတောင်ဒေသခံများမှာ ရွာတွင်းနေထိုင်ရမှုကို တစ်နေ့တခြား စိတ်ပျက်လာချိန် တိုက်ပွဲများမှာလည်း ရွာအနီးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။  

မြေမြှုပ်မိုင်းများ ထောင်ထားသည့် ကွင်းပြင်ကျယ်ကြီးကို မှောင်မိုက်နေသော ညဉ့်အချိန်တွင် ဖြတ်ကျော်နိုင်ခဲ့သည်မှာ “အံ့ဖွယ်ကံကောင်းမှုတစ်ခုပဲ” ဟု မွတ်ဆလင်အမျိုးသမီး မာရေဂျန်က ပြောသည်။

၈ လကျော်ကြာ သွားလာခွင့်ပိတ်ဆို့ခံထားရသော ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မာရေဂျန်က ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် စွန့်စားခန်းကို ပြန်ပြောပြနေခြင်းဖြစ် သည်။

Saturday, May 11, 2024

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ ( ဒေါက်တာ မောင်ဇာနည် )

ဧရာဝတီ
Tuesday, 10 November 2009

 
မြန်မာပြည်လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ( Free Burma Coalition )
Oxford တက္ကသိုလ်တွင် ဧည့်သုတေီ ပညာရှင်
 
အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘဝမှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

Friday, April 5, 2024

နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ

BBC
၄ ဧပြီ ၂၀၂၄ 

စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေ
 
မြန်မာစစ်တပ်က ရိုဟင်ဂျာရာနဲ့ချီကို စစ်သင်တန်းပေးပြီး ပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခိုင်းတယ်လို့ ကိုယ်တိုင်စစ်မြေပြင်ရောက်ပြီးစစ်တိုက်ခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။

Monday, April 1, 2024

အမုန်းစကားဖြန့်ရန် Facebookစာမျက်နှာများကို စစ်တပ်ကြိုးကိုင်ခဲ့ဟု UN ပြော

Myanmar Now
AFP,March 31, 2024


၂၀၁၇ တွင် စစ်တပ်က Facebook စာမျက်နှာအများအပြားတွင် ရေး သား လှုံ့ဆော်ပြီးနောက် ရိုဟင်ဂျာတို့ကို သတ်ဖြတ်မှု ပေါ်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုအပေါ် မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖြိုခွင်းမှု မဖြစ်ပွားမီ ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး အမုန်းစကား ရေးသား ဖြန့်ဝေခဲ့ကြသည့် Facebook စာမျက်နှာ ဒါဇင်ပေါင်းများစွာ၏ နောက်ကွယ်တွင် မြန်မာစစ်တပ်ရှိနေခဲ့သည်ဟု ကုလ သမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က မတ်လ ၂၇ ရက်နေ့တွင် ဖော်ထုတ်ခဲ့သည်။

Wednesday, December 27, 2023

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်၃ဖွဲ့ဆွေးနွေးပွဲဘာကြောင့် သဘောတူညီချက် မရသလဲ

ဧရာဝတီ
by စောရယ်
27 December 2023

မူဆယ်မြိုနယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင့် တွေ့ရသည့် ညီနောင်မဟာမိတ် သုံးဖွဲ့

ရှမ်းမြောက်တိုက်ပွဲများအတွင်း မြို့များ အရေးပါသောစခန်းများ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီသည်တရုတ်အကူအ ညီ ဖြင့် ညီနောင်မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့နှင့် ယူနန်ပြည်နယ်၌ ဒုတိယအကြိမ် တွေ့ဆုံဆွေး နွေးကြသော်လည်း သဘောတူညီမှု တစုံတရာမရဘဲ အိမ်ပြန်ခဲ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ် သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

Monday, December 11, 2023

တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

ဧရာဝတီ
by အောင်ဇော်
11 December 2023

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ဘေဂျင်းတွင် ဒီဇင်ဘာလ ၆ ရက်က တွေ့ဆုံစဉ် / MOFA

စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အခြားဒေသများမှ စစ်မြေပြင်များတွင် အ ကြီးအကျယ် ရှုံးနိမ့်နေသောကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွန်ခဲ့သောလ သို့မဟုတ် ထိုမတိုင်မီကပင် လွန်စွာ သိက္ခာကျနေသည်။ မြောက်ပိုင်းနှင့် အခြားဒေသများမှ တော် လှန်ရေး အင်အားစုများက ဖြစ်ပေါ်စေသည့် ထိုရှုံးနိမ့်မှုများသည် စစ်ကောင်စီအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အကြီးမားဆုံး စိန် ခေါ်မှုကို ဖြစ်စေသည်။

Friday, November 3, 2023

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှု ဟု ဒုက္ခသည်များ ဝေဖန်

ဧရာဝတီ
2 November 2023

ကူတူပါလောင် ဒုက္ခသည်စခန်းတွင် တဲအနီး ချက်ပြုတ်နေသော ရိုဟင်ဂျာဒုက္ခသည် / UNHCR

စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရန် ဟန်ပြလုပ် ဆောင် နေပြီး နိုင်ငံရေးအရ အသုံးချမှုတခုသာ ဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ပြောသည်

အောက်တိုဘာ ၃၁ရက် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မောင်တော ခရိုင် လဝကမှူးနှင့် ကိုယ်စားလှယ် ၃၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနက်ဖ် မြို့သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ရာ ဒုက္ခသည်များတင်ပြမှုအပေါ် မည်သည့်ကတိကဝတ်မှ မပေးနိုင် ဘဲ စစ်ကောင်စီ၏ မူဝါဒကိုသာ အကြိမ်ကြိမ်ချပြ ပြောဆိုခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာများက ပြောသည်။

Wednesday, October 18, 2023

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

ဧရာဝတီ
17 October 2023
in ဆောင်းပါး

ဂါဇာရှိ ပါလက်စတိုင်း ဂျာဘာလီရာ စခန်းအား အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှု မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် / AFP

ယခင် ရက်သတ္တပတ်ကုန်က လူ ၁,၄၀၀ သေဆုံးသည့် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့် အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေစဉ် ဂါဇာမြို့တော်မှ အရပ်သားအားလုံး တောင်ပိုင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက ပြောကြားထားသည်။

Thursday, September 14, 2023

၂၀၂၂ ရခိုင်ပြည် အနှစ်ချုပ်

DMG
Myo Myart Zaw Hein
2022 Januar

၂၀၂၂ ခုနှစ်ကုန်ဆုံး၍ ၂၀၂၃ ကို နှစ်သစ်ကူးခဲ့ပြီ။ ရခိုင်ဒေသတွင်လည်း တနိုင်ငံလုံးရှိ ပြည်နယ်များ နည်းတူ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း သွေးမြေကျမှုများ၊ အခက်အခဲ၊ အကျပ်အတည်းများစွာကို ကြုံ တွေ့ခဲ့ရသည်။


တစ်နှစ်တာအချိန်ကို ယေဘုယျ ပိုင်းခြားကြည့်သော် ရခိုင်ပြည်သူများမှာ ‘ရေမှုတ်တစ်ဖက် မီးစတစ် ဖက်’ ကကွက်များကြားတွင် အပူမီးများ ပိုမိုတောက်လောင်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

Thursday, October 27, 2022

နေပြည်တော်နဲ့ 'ဝ' ပြည်နယ်

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၂၇ အောက်တိုဘာ၊ ၂၀၂၂

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်လို့ မြန်မာတပြည်လုံးမှာ သေဆုံးသူများပြား နေ ချိန်မှာ 'ဝ'ဒေသမှာ နေထိုင်သူအားလုံးနီးပါးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ အကူအညီကြောင့် ဒေသတခုလုံးမှာ ကာကွယ်ဆေး (၂) ကြိမ် ထိုးပေးနိုင်ပါတယ်။ ပြည်နယ်ဖြစ်ချင်တဲ့ 'ဝ'ဒေသကို တရုတ်ပြည် နယ်လိုတောင် ခေါ်လေ့ရှိပါတယ်။ စစ်ကောင်စီနဲ့ ပဋိပက္ခ မဖြစ်အောင်နေပြီး တရုတ်နဲ့ ရင်းနှီးတာဟာ 'ဝ'ဒေသရဲ့ အား သာချက် ဖြစ်ပါတယ်။ 'ဝ'ဒေသရဲ့ ဒုတိယဘာသာစကားဟာ တရုတ်စကားဖြစ်ပြီး သုံးစွဲတဲ့ငွေကြေးဟာ တရုတ်ယွမ်ငွေ ဖြစ်ပါတယ်။

Saturday, October 15, 2022

မြန်မာ့အရေးက ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာတော့မှာလား

dna
Delta News 
October 15, 2022


၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ စစ်ပွဲဇုန်တွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခ အကျပ်အတည်းတွေအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်။ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်း မြို့နယ်မှာ ကျောင်းတစ်ကျောင်းကို ပစ်ခတ်လို့ ကလေးတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ တိုက်ခိုက်မှုကနေ အ သက်ရှင် လွတ်မြောက်လာသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး စာသင်ကျောင်းဟာ တော်လှန်ရေး အင်အား စုတွေရဲ့ ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ် ဆိုတာမျိုး ဖိအားပေး ထွက်ဆိုစေတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကအစ အ လွှာပေါင်းစုံက ပြည်သူ ၂၀၀၀ လောက်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်ပါတယ်လို့ စွပ်စွဲ သတ်ဖြတ်တာ ခံခဲ့ရပြီးပါပြီ။ လူနေအိမ်တွေ၊ ဘာသာရေးနဲ့ ပညာရေး အဆောက် အ အုံတွေ အပါအဝင် ပြည်သူလူထု ပိုင်ဆိုင်မှုပေါင်း ၂၀၀၀၀ ကျော်လည်း ဖြိုချဖျက်ဆီး ခံခဲ့ရပါတယ်။

Wednesday, August 17, 2022

ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်ခရီးနဲ့ ရက္ခိုင့်နိုင်ငံရေး ပဋိပက္ခ

DM
ဩဂုတ် ၁၇ ၂၀၂၂
မင်းထီး-ရေးသည်။
(ဆောင်းပါး)

ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်အဆင့် ရက္ခိုင်ပြည်ထူထောင်ရေးကို ပထမအကြိမ်(၂၀၂၀) “ဝ”ပြည် နှစ်သုံးဆယ်ပြည့်အခမ်းအနားမှာ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်က ထုတ်ဖေါ်ပြောကြားခဲ့ပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းမှာ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ယခုဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ Online သတင်းစာရှင်း လင် းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခိုင်အမာ ပြန်လည်ပြောကြားလာတာကို တွေ့ရပြီးတဲ့နောက် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးကိုပါ ဂယက်ရိုက်ခတ်သွားတာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ (၂၀၁၈)နှစ်ကုန်ပိုင်းကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ (၂၀၂၀) နိုဝင်ဘာလ(၁၁)ရက်နေ့ကနေစတင်ကာ အပစ်ရပ်နေခဲ့ပါတယ်။

Sunday, May 29, 2022

ရှင်သန်နေထိုင်ရေးအတွက် အသက်စွန့်နေကြတဲ့ ရိုဟင်ဂျာတွေဘဝ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၂၉ မေ၊ ၂၀၂၂
FILE PHOTO: Rohingya refugees continue their journey after crossing the Myanmar-Bangladesh border in Palong Khali, Bangladesh, November 1, 2017. REUTERS/Hannah McKay/File Photo FROM THE FILES - 3RD ANNIVERSARY OF ROHINGYA MUSLIM EXODUS FROM MYANMAR

ဒီသီတင်းပတ်ထဲ ပင်လယ်ပြင်ထဲ စက်လှေမှောက်ပြီး ကလေးငယ်လေးတွေအပါအဝင် လှေစီးပြေး ရိုဟင်ဂျာ တဒါ ဇင်ကျော် ပင်လယ်ပြင်ထဲ အသက်ဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလမဟာမင်းကြီးက ထုတ် ပြန်လိုက်ပါတယ်။ ဒီလိုရိုဟင်ဂျာတွေ ပင်လယ်ထဲ အသက်ဆုံးရတဲ့ ဖြစ်ရပ်တွေ မကြာခဏကြုံရတာ ဘာ ကြောင့် ပါလဲ။ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကန့်သတ်ချက်တွေနဲ့ နေထိုင်ရတဲ့ မြန်မာနိုင်ငံကနေ လွတ်မြောက်ရေး ပင်လယ်ပြင်အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ထွက်ပေါက်လမ်းရှာခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ အသက် နဲ့ရင်း ဘဝတွေပေးဆပ်ခဲ့ကြရတဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေ ဒုက္ခသည်တချို့ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */