" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 16, 2021

ICC ၏ ပေါ်ပေါက်လာပုံသမိုင်း။

 ICC ၏ ပေါ်ပေါက်လာပုံသမိုင်း



ယခု ​တည်ရှိနေသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သည် ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်​ပေါက် သော နိုင်ငံတကာရာဇဝတ်တရားရုံးဟု မဆိုနိုင်​ချေ။ဒုတိယကမ္ဘာစစ် အပြီး နာဇီ စစ်​ခေါင်း​ဆောင်​များကိုတရား စီရင်ခဲ့​သော နျူရင်ဘတ်ခုံရုံး (Nuremberg Trials)၊ ဂျပန် စစ်​ခေါင်း​ဆောင်များကို စီရင်ခဲ့​သောတို ကျိုခုံ ရုံး အစရှိသဖြင့် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး​များ အရင်​​ပေါ်​ပေါ်က်ခဲ့ကြသည်။

သို့​သော် အဆိုပါတရားရုံး​များသည် ဒုတိယကမ္ဘာစစ်၏ စစ်ရှုံးနိုင်ငံမှ ရာဇဝတ်​ခေါင်း​ဆောင်များကိုသာစစ်​ဆေး စီရင်နိုင်ရန် အတွက် ယာယီဖွဲ့စည်းခဲ့​သော တရားရုံးများသာဖြစ်သည်။ ၎င်းတရားရုံးများ၏ စီရင်ပိုင်ခွင့်သည် ​အနာဂတ်တွင်ဖြစ်နိုင်သော လူ့အခွင့်အရေးချိုးဖောက်သည့် ရာဇဝတ်မှုများအတွက် အကျိုးသက် ရောက် မှု မရှိနိုင်​​​ကြောင်း​ထောက်ပြ​ဝေဖန်မှုများရှိခဲ့​​သည်။ သို့ရာတွင် ထိုကဲ့သို့ လူ့အခွင့်အရေးဆိုင်ရရက်စက် မှုများကျူး လွန်ခြင်းမှာ ဆိုးရွားရှားပါးလှသည်ဟု ယူဆကာ အမြဲတမ်းတရားရုံးတစ်ရပ်အ​နေဖြင့် ဖွဲ့စည်းခြင်း မပြုခဲ့​​ချေ။

၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှု၊ ၁၉၉၅ ခုနှစ် ဘော့စနီးယား စစ်ရာဇဝတ်မှုများကို ရင်ဆိုင်ကြုံ​ ​တွေ့ လာရ​သောအခါ လူ့အခွင့်အ​ရေးချိုး​ဖောက်သူများကို ရှုံ့ချခဲ့ကြသည်။ ထို့အပြင် စစ်ရာဇဝတ်​ခေါင်း​ဆောင်များ ကိုလည်း အ​ရေး​ပေါ် ခုံရုံးတင်ကာ အပြစ်​ပေးခဲ့ပြီး နောင်အနာဂတ်တွင် အဆိုပါ ပြစ်မှုကျူးလွန်မှုများအား ကာ ကွယ်ရန်၊ ကျူးလွန်သူများဖိအားသက်​ရောက်​စေရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးတစ်ရပ် တည်  ​ထောင်လို​သော ဆန္ဒပေါ်​ထွန်းလာခဲ့သည်။

အဆိုပါ ဆန္ဒကို အရင်းတည်၍ ၁၉၉၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ကို ဖွဲ့စည်း တည်​ထောင်ရန်အတွက် သ​ဘောတူစာချုပ်မူကြမ်း ရေးဆွဲသည့်ညီလာခံကို အီတလီနိုင်ငံ ​ရောမ (Rome) မြို့၌ ကျင်းပခဲ့သည်။ နိုင်ငံ​ပေါင်း (၁၆၀) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံ​ပေါင်း (၁၂၀) က ထောက်ခံမဲပေးခဲ့ကြသည်။ ထိုစာချုပ်ကို ညီလာခံကျင်းပသည့် ​နေရာဖြစ်​သော ​ရောမမြို့(Rome) ကို အစွဲပြု ၍ ​ရောမစာချုပ် (Rome Statue) ဟု ​ခေါ်​ဝေါ်ကြသည်။

စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းရန်နိုင်ငံ​ပေါင်း ၆၀ က အတည်ပြုလက်မှတ်​ရေး ထိုးရန် လိုအပ်သည်။ ၂၀၀၂ ခုနှစ် ဧပြီလ (၁၁) ရက်​နေ့တွင် နိုင်ငံ​​ပေါင်း (၆၆) နိုင်ငံ အတည်ပြုလက်မှတ်​ ရေး ထိုးခဲ့ပြီးနောက်၂၀၀၂ ခုနှစ် ဇူလိုင်လ (၁) ရက်​နေ့တွင် တရားရုံးကို အတည်ပြုဖွဲ့စည်းနိုင်ခဲ့သည်။ တရားရုံးကို နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့(The Hague) မြို့တွင် ရုံးစိုက်ထားရှိပြီး ယခုလက်ရှိ အချိန်အထိ စာချုပ်အဖွဲ့ဝင် နိုင်ငံ​ပေါင်း (၁၂၃) နိုင်ငံအထိ ရှိလာခဲ့ပြီးဖြစ်သည်။

မှတ်ချက် - မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်​ရေးထိုးထားခြင်း မရှိ​သေးပါ။

ICC ၏ဖွဲ့စည်းပုံ
ICC ကို အင်္ဂါရပ် (၄) ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ၎င်းတို့မှာ
(၁) ဥက္ကဌ အဖွဲ့ (Presidency)
(၂) တရားစီရင်​ရေးအဖွဲ့ (Judicial Division)
(၃) တရားစွဲဆိုအရာရှိရုံး (The Office of the Prosecutor) (အစိုးရ​ရှေ့​နေ သ​ဘောမျိုးနဲ့ ဆင်တူပါတယ်)
(၄) မှတ်ပုံတင်ရုံး ( Office of Registory ) တို့ဖြစ်သည်။

ICC တွင် ရွေး​ကောက်တင်​မြှောက်ထား​သော တရားသူကြီး (၁၈) ဦး ရှိပြီး တရားသူကြီးများမှာ ရာဇဝတ်မှု ဆိုင်ရာ ဥပ​ဒေများ၊ နိုင်ငံတကာ လူသားချင်း စာနာ​ထောက်ထားမှု ဥပ​ဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အ​ရေး ဥပ​ဒေများကို အထူးကျွမ်းကျင်သူများဖြစ်ကြသည်။ရောမ စာချုပ်(Rome Statue) တွင် လက်မှတ်​ရေးထိုး ထား​သော နိုင်ငံများမှ ကျွမ်းကျင်သူများသာလျှင် တရားသူကြီးအဖြစ် ​ရွေး​ကောက်တင်​မြှောက်ခံခွင့်ရှိသည်။ လုပ်ငန်း သက်တမ်း ၉ နှစ်ထိ တာဝန်ယူ​ဆောင်ရွက်ရပြီး သက်တမ်းကုန်ဆုံးလျှင် ထပ်မံတာဝန်ယူဆောင် ရွက်ခွင့် မရှိ​တော့​ပေ ။

ICC မှ စီရင်လေ့ရှိသောပြစ်ဒဏ်များ


ရောမစာချုပ်ကို လက်မှတ်​ရေးထိုးထား​သော နိုင်ငံက ဖြစ်​စေ၊ ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ(UNSC) က ဖြစ် ​စေ ICC သို့ တိုင်ကြားနိုင်သည်။ ထိုသို့ တိုင်ကြားလာပါက တရားစွဲဆိုအရာရှိသည် ကျုးလွန်ခံရသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အခြား ခိုင်လုံ​သော အချက်အလက် ရင်းမြစ်များ စု​ဆောင်း၍ စုံစမ်းစစ်​ဆေး ခြင်း ကို စတင်ရပါသည်။ တရားစွဲဆို အရာရှိသည် အ​ထောက်အထားများကို ရှာ​ဖွေသည်။ မျက်​မြင်သက်​သေ များကို ​မေးမြန်းသည်။ ရရှိ​​သော သတင်းများကို မ​ပေါက်ကြား​အောင် အထူးထိန်းသိမ်းရသည်။ သတင်း​ပေး သူများ အန္တရာယ်မဖြစ်​စေရန် ကာကွယ်​စောင့်​ရှောက်​ပေးသည်။

စုံစမ်းမှု စတင်​နေသည့် အချိန်တွင် စွပ်စွဲခံရသူကို ဖမ်းဝရမ်း​​တောင်းခံနိုင်သည်။ စွပ်စွဲခံရသူသည် အမှန်တ ကယ်ပင် ကျူးလွန်​လောက်သည်ဟု ယုံကြည်ရ​​သောအ​ခြေအမြစ်ရှိပါက တရားရုံးသည် ထိုဖမ်းဝ ရမ်း ​တောင်း ခံချက်ကို ခွင့်ပြုနိုင်သည်။ စွပ်စွဲခံရသူကို ဖမ်းဆီးပြီး သို့မဟုတ် ထိုသူက ကိုယ်တိုင်လာ​ရောက် ဖမ်းဆီးခံပြီး‌ နောက်တွင် ထိုစွပ်စွဲချက်များကို တရားရုံး​တွင် ကြားနာနိုင်သည်။ တရားရုံးကြားနာစဉ်အတွင်း စွပ်စွဲခံရသူ အ​ ​နေဖြင့် စွပ်စွဲချက်များကို ငြင်းဆိုခွင့်၊ သက်​သေအ​ထောက်အထားများတင်ပြခွင့်ရှိသည်။

ICC မှ စီရင်​လေ့ရှိသည့် ပြစ်မှုများမှာ အဓိကအားဖြင့် (၄)မျိုးရှိသည်။

(၁) လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)

(၂) လူသားမျိုးနွယ်ကို ဆန့်ကျင်ထိခိုက်​စေသည့် ရာဇဝတ်မှုများ(Crimes Against Humanity)

(၃) စစ်ရာဇဝတ်မှု(War Crimes)

(၄) ကျူး​ကျော်ရန်စမှု(Crimes of Aggression)
တို့ဖြစ်သည်။

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး၏ သ​ဘောတူစာချုပ်တွင် စွပ်စွဲခံရသူများအနေနှင့် ခံစားခွင့်ရှိသော အခွင့်အ​ရေးများကို တိတိကျကျ​ဖော်ပြ​ရေးသားထားပါသည်၊၊ ထိုအခွင့်အ​ရေးများထဲတွင် အပြစ်ရှိသည်ဟု ခိုင်လုံ​သော ဆုံးဖြတ်ချက်မချမချင်း အပြစ်မရှိဟု ခံယူသတ်မှတ်ပိုင်ခွင့်၊ ​သက်​သေအ​ထောက်အ ထားများ တင်ပြပိုင်ခွင့်၊ မ​လျော်ကန်သည့် သံသယဖြင့် စွပ်စွဲချက်များရှိပါက ပြန်လည်တရားစွဲဆိုခွင့်တို့ ပါဝင်ပါသည်။

ICJ နှင့် ICC ၏ ကွာခြားချက်များ

ICJ ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စွဲချက်တင်နိုင်သော Civil Court မျိုးဖြစ်ပါသည်။

ICC ၌ နိုင်ငံတစ်နိုင်ငံမှ ကျူးလွန်သူတစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့တစ်ခုအား စွဲချက်တင်နိုင်သည်။

ICJ တွင် အမှုရှုံးနိမ့်​သောနိုင်ငံ၏ "အစိုးရ" သည် တစ်ဖက်နိုင်ငံ ၏ ​တောင်းဆိုချက်များ ကို ​ဆောင်ရွက်ရ သည့်အပြင် ကျူးလွန်မှုများထပ်မံ မဖြစ်ပွား​စေရန် တာဝန်ခံရသည်။

ICC ကမူ တစ်ဦးတစ်​ယောက်ချင်း(individual)ကို စစ်​ဆေးသည့် တရားရုံးဖြစ်သည်နှင့်အညီ အဆိုပါ ပုဂ္ဂိုလ် သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခုသာလျှင် ထိုက်သင့်သည့် တာဝန်ချမှတ်ခံရမည်ဖြစ်သည်။

ICJ သည် အများအားဖြင့် နိုင်ငံအချင်းချင်းကြား ဖြစ်ပွားသောနယ်နိမိတ်ပြ သာနာကုန်သွယ်ရေး စည်းမျဉ်း ပြဿနာ၊ နိုင်ငံတကာသ​ဘောတူစာချုပ်(Treaties, Conventions)​ဖောက်ဖျက်မှုများကိုဖြေရှင်း​လေ့ရှိပါသည်။
ဥပမာအားဖြင့် မကြာသေးခင်အချိန်က ဖြစ်ပွားခဲ့သော မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေပိုင်နက်ပြ သာ နာကဲ့သို့ ကိစ္စရပ်များ ဖြစ်သည်။

ICC မှာမူ အထက်တွင်​​ဖော်ပြခဲ့​သော လူ့အခွင့်အ​ရေး နှင့် သက်ဆိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အဓိ ကထား စွဲဆိုသည့် ရာဇဝတ်တရားရုံးတစ်ရပ်ဖြစ်သည်။

ICJ သည် The United Nations ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ICC မှာမူ UN ၏ တစ်စိတ်တစ်ပိုင်းမဟုတ်ပေ။ ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့​သော Rome Statute အရပေါ်ပေါက်လာ​သော လွတ်လပ်သည့် နိုင်ငံတကာ ရာဇ ဝတ်မှုဆိုင်ရာ တရားရုံးဖြစ်ပါသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */