" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Wednesday, November 11, 2020

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ဥပဒေကြမ်း ကန်အောက် လွှတ်တော်မှာ တင်သွင်းမည်

VOA

”ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အဆုံးအဖြတ်ဥပဒေ ၂၀၂၀” (Rohingya Genocide Determination Act of 2020) ကို ဒီသတင်းပတ်အတွင်း အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းဖို့ရှိနေပါတယ်။ ဒါဟာ ရို ဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိ ကျူးလွန်ခဲ့တယ်ဆိုတာ အမေရိကန်အစိုးရဘက်က သတ် မှတ်ခေါ်ဝေါ် သုံးစွဲဖို့ လွှတ်တော်က ပိုပြီး ဖိအားပေးတာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် International Campaign for the Rohingya အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို ပြောပါ တယ်။

Sunday, November 8, 2020

မြန်မာ့ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်မဟုတ်ဟု အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ ဝေဖန်

DVB

By DVB 
8 November 2020
နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာလိမ့်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များ အ ဖွဲ့(Refugees International)က ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းရှေ့နေ ဒန်နီယယ်လ် ပီ ဆူလီဗန်က မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှတ်တိုင်တခုလို့ ကမ္ဘာက ရှုမြင်ခဲ့ကြကြောင်း၊ ဒါပေမဲ့ အ ခုနှစ်ရဲ့ ရွေးကောက်ပွဲကတော့ နိုင်ငံရဲ့ ဒီမိုကရေစီ ကတိကဝတ်တွေကနေ ဘယ်လောက်ထိ သွေဖယ် သွားခဲ့ သလဲဆိုတာကို ဖော်ပြနေကြောင်း နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောလိုက်တာပါ။

မြန်မာရွေးကောက်ပွဲ အခင်းအကျင်း Refugees International အဖွဲ့ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2020

ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ မဲပေးကြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)



မြန်မာနိုင်ငံက ပြည်သူ ၁ သန်းကျော်ဟာ မဲပေးခွင့် ရုပ်သိမ်းခံရတာ ဒါမှမဟုတ် အိုးအိမ်စွန့်ခွာ ပြည်တွင်း ဒုက္ခ သည်အဖြစ် တိမ်းရှောင်နေရတဲ့အတွက် နိုဝင်ဘာ ၈ ရက် ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ Refugees International (RI) ခေါ် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များကူညီရေးအဖွဲ့က စနေနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြစ်တင် ဝေဖန် လိုက်ပါတယ်။

Friday, November 6, 2020

တိုင်းလူမှုရေးဝန်ကြီးနဲ့ ယှဉ်ပြိုင်မယ့် မွတ်စလင်အမတ် လောင်း

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-11-06

ရန်ကုန်တိုင်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) ကနေ လက်ရှိ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ယှဉ်ပြိုင်သွားမယ့်သူတစ်ယောက်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက အစ္စလာမ် ဘာ သာဝင် အမတ်လောင်း ဦးအောင်ကြီး ဖြစ်ပါတယ်။

လူမျိုး၊ ဘာသာကို အခြေမခံတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် ဆောင်ရွက်သွားဖို့ ဆန္ဒရှိတာကြောင့် ဝင် ရောက်ယှဉ်ပြိုင်တာလို့ ကိုအောင်ကြီးက ပြောပါတယ်။

သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နေရာအတွက် အလားအလာကောင်းနေ ခြောက် ဦးထဲမှာ ပါဝင်တဲ့ ဦးအောင်ကြီးက မွတ်စလင်တယောက် ဖြစ်ပါတယ်။

ဒုက္ခရောက် ရိုဟင်ဂျာတွေဆီ စာနာမှုအကူအညီရောက်ရှိ ရေး အမေရိကန် ဆက်လက်ပူးပေါင်းမည်

VOA

ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်အစိုးရမူဝါဒ
November 05, 2020

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။


လွန်ခဲ့တဲ့ ၅ နှစ်တုန်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက မူဆလင်ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့အနေနဲ့ အကြမ်းဖက်နှိပ်ကွပ်တဲ့ စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ တချို့တိုက်ခိုက်မှုတွေက ၂၀၁၆ ခုနှစ်အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တာပါ။ ဒုတိကအကြော့ တိုက်ခိုက် မှုကတော့ ၂၀၁၇ ခုနှစ်သြဂုတ်မှာ စတင်ခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် မြန်မာပြည်ကနေထွက်ပြေးခဲ့ကြရပါတယ်။ အခုချိန်မှာ ရိုဟင်ဂျာဒုက္ခသည် ၈ သိန်း ၆ သောင်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ နောက်ထပ် ရိုဟင်ဂျာတသိန်းခွဲကတော့ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် ဒေသတွင်းနိုင် ငံ တွေမှာ ရောက်ရှိနေကြပါတယ်။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာလူဦးရေ ၆ သိန်းဝန်းကျင်ရှိနေဆဲဖြစ်ပြီး၊ အ ကွက် ချ ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီထဲက တသိန်း ၃ သောင်းကျော်ဟာ ပြည်တွင်း အခြေအနေမဲ့တွေဖြစ်ကြပြီး အများစုဟာ ရခိုင်ပြည်နယ်က သီးခြားဒုက္ခသည်စခန်းတွေမှာ နေကြရပါတယ်။

Wednesday, November 4, 2020

ရခိုင်ပဋိပက္ခ အရပ်သားဖမ်းဆီးခံရမှု တိုးလာ

VOA

ဗွီအိုအေ (မြန်မာဌာန)

ကိုနိုင်ကွန်းအိန်
04 နိုဝင်ဘာ၊ 2020
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ရခိုင်စစ်ရှောင် ဒုက္ခသည်များကို စစ်တွေမြို့မှာ တွေ့ရ။ (ဇွန် ၂၉၊ ၂၀၂၀)
 


လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ ဖမ်းဆီးခံရတာ၊ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ မသ င်္ကာလို့ ဖမ်းဆီးခံရတာတွေ၊ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေကြေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Sunday, November 1, 2020

ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ

ဧရာဝတီ
31 October 2020
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင် တချို့ / အောင်ကျော်ထက် / ဧရာဝတီ

 

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်နေဆဲဖြစ်တဲ့ ကုလားတန်မြစ်စီမံကိန်းကို ရက္ခိုင်စစ်တပ် (AA) က တိုက်ခိုက်နေ တာဟာ ထိခိုက်မှုတွေရှိနေပြီး စီမံကိန်းပြီးစီးဖို့ အခက်အခဲတွေ ကြုံနေရကြောင်း အိန္ဒိယ အခြေစိုက် Hindustan Times သတင်းစာမှာ အောက်တိုဘာ ၂၆ ရက်နေ့က သတင်းအဖြစ် ဖော်ပြပါရှိခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေမှာ တရုတ်နိုင်ငံထုတ်လက်နက်ပစ္စည်းတွေကို AA အဖွဲ့ဆီကနေ ရရှိခဲ့ကြောင်းလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။ AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ၄ ကြိမ်ထက် မနည်း တိုက်ခိုက် ခဲ့ကြောင်း ဒါ့အပြင် လုံခြုံရေး ယူထားတဲ့ တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းက ဖော်ပြခဲ့ပါတယ်။

ရခိုင်မှာ တပ်မတော်က သွေးခွဲဝါဒဖြန့်ကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 နိုဝင်ဘာ၊ 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာ့တပ်မတော်သားအချို့။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
 

ရခိုင်ပြည်နယ်တွင်းနဲ့ အွန်လိုင်းမှာပါ မြန်မာ့တပ်မတော်က ဝါဒဖြန့်စစ်ပွဲ လုပ်လာတဲ့အပေါ် စိုးရိမ်မှု ပိုတိုးလာ ရကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်စပ်လမ်း မြန်မာကိုဖြတ် ဖောက်လုပ်ရေး တရားဝင် ညှိနှိုင်းကြပြီ

ဗွီအိုအေ (မြန်မာပိုင်း)
01 နိုဝင်ဘာ၊ 2020
BRI ခေါ် တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်းပြမြေပုံ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)


မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တိုက်ရိုက် သွားလာပြေးဆွဲနိုင်မယ့် ကား လမ်း၊ ရထားလမ်းတွေ ဖောက်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန ဒုဝန်ကြီး Shahriar Alam က ပြောတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ရေးပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာတုံ့ပြန်

VOA 
ဗွီအိုအေ (မြန်မာဌာန) 
01 နိုဝင်ဘာ၊ 2020
မသိင်္ဂီထိုက်
ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမြင်ကွင်းတခု။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိ ယကော်မတီမှာ မြန်မာ့အရေး ဆွေးနွေးမှုကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော် မတီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မြန်မာ့အရေး ဆုံးဖြတ်ချက်၊ နောက် နိုင်ငံတွေအတွက် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတွေကြား ယုံကြည်မှုမဲ့နေတဲ့ ကိစ္စတွေကို မြန်မာကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကိုလည်း မြန်မာကိုယ် စားလှယ်က အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Saturday, October 31, 2020

ယနေ့ သတင်း( အမြန်ရှာရန် ) အောက်တိုဘာလ၊၂၀၂၀

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။

31.10.2020

30.10.2020

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း-BBC

29.10.2020

28.10.2020

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံ ကြား ပူးပေါင်းဖြေရှင်းရမည်- ဧရာဝတီ

အားလုံးပါဝင်သည့်ရွေးကောက်ပွဲကျင်းပရေး ဒေါ်အောင် ဆန်းစုကြည်ကို အမေရိကန် ဖိအားပေး- မဇ္ဈိမ

27.10.2020

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ရ၀မ်ဒါစီးပွားရေးလုပ် ငန်းရှင် the Hague လွှဲပြောင်းယူ- VOA

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တ ရား သတင်းလွှာ (၂)- UN

မေယုတောင်ခြေက နယ်ခြားစောင့်စခန်းနှင့် ယာယီ တပ်စ ခန်းကို AA တိုက်ခိုက်- ဧရာဝတီ

ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာများ ကို မြန်မာက ပြန်ခေါ် လိမ့်မည် ဟု တရုတ်ပြော

ABANA  

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အောက္တိုဘာ ၂၆, ၂၀၂၀

နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။
 


နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန် မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာ ပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

သတင်းစာ ( ကြေးမုံ) အောက်တိုလ၊၂၀၂၀

ရက်စွဲအလိုက် သတင်းစာများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေ နိုင်ပါ သည်။

       (31.10.2020)

                                

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း

B B C

ဘီဘီစီ မြန်မာပိုင်း
၃၀ အောက်တိုဘာ ၂၀၂၀

ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီးထဲမှာ နေထိုင်ခဲ့ကြတာ ၃နှစ်အထိ ရှိနေခဲ့ပါပြီ။ အဲဒီမှာလည်း အကြမ်းဖက်မှုတွေ၊ မူးယစ်ဆေး ဝါး မှုတွေ နဲ့ လူကုန်ကူးမှုပြဿနာတွေကြောင့် သူတို့ရဲ့ လုံခြုံရေးအခြေအနေက တည်တည်ငြိမ်ငြိမ် မရှိသေးပါ ဘူး။ ဒုက္ခသည်စခန်းထဲမှာ မှုခင်းဖြစ်ပွားမှုတွေများပြားနေတာကြောင့် စခန်းမှာနေထိုင်ကြသူတွေကို ဘာရှန် ချာလို့ ခေါ်တဲ့ ကျွန်းလေးဆီကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စီစဉ်နေပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေတွေရှိနေပါသလဲ။ ကိုဘိုဘိုက ပြောပြပေးမှာပါ။


Link : Here

Thursday, October 29, 2020

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ၊အောက်တိုလ၊ ၂၀၂၀

အသံဖိုင်များကို " သတင်းနားဆင်ရန်လင့် " တွင်ကလစ်လုပ်၍ နားဆင်နိုင်ပါသည်။ 

အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်။
ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဉ်
31.10.2020
VOA
VOA
VOA
31.10.2020
BBC
BBC
BBC
31.10.2020
RFA
RFA
RFA

Wednesday, October 28, 2020

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံ ကြား ပူးပေါင်းဖြေရှင်းရမည်

ဧရာဝတီ
28 October 2020

လွန်ခဲ့သောလက ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်လိုက်ပြီး မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေး တုံ့ဆိုင်းနေရခြင်းမှာ ထိုလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးနေသည့် စစ်သွေးကြွအုပ်စု များနှင့် ၎င်းတို့ကို ထောက်ခံသူများကို ဘင်္ဂလားဒေ့ရှ်က ဖြိုခွဲရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အားလုံးပါဝင်သည့်ရွေးကောက်ပွဲကျင်းပရေး ဒေါ်အောင် ဆန်းစုကြည်ကို အမေရိကန် ဖိအားပေး

မဇ္ဈိမ
By AFP
အောက်တိုဘာ ၂၈

Photo - AFP
 

အမေရိကန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အားလုံးခြုံငုံပါဝင်သည့် အေ ထြေ ထွရွေးကောက်ပွဲကျင်းပပေးရန် အောက်တိုဘာ ၂၇ က တိုက်တွန်း ပြောဆိုလိုက်ပြီး လူနည်းစု ရိုဟင်ဂျာ (မူရင်း) များ ပစ်ပယ်ခံရမှုအပေါ် စိုးရိမ်မိကြောင်း ထပ်မံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်သုံးရာထူးရှိသည့် ဒေးဗစ်ဟေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့် ပြောဆိုစဉ်တွင် ဒေးဗစ်ဟေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး နိုဝင်ဘာ ၈ ရက်၌ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိသည့် အားလုံးပါဝင်သော ပြည်လုံးကျွတ်ရွေး ကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ရ၀မ်ဒါစီးပွားရေးလုပ် ငန်းရှင် the Hague လွှဲပြောင်းယူ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 အောက်တိုဘာ၊ 2020  
ပြင်သစ်နိုင်ငံ Paris မြို့က တရားခွင် မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)
 
၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရ၀မ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွှဲပြောင်းပေးလိုက်ပါပြီ။ ရ၀မ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှု တွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာင်္ နေ့က ကြေညာချက်ထုတ်ပါတယ်။

Tuesday, October 27, 2020

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တ ရား သတင်းလွှာ (၂)

မေယုတောင်ခြေက နယ်ခြားစောင့်စခန်းနှင့် ယာယီ တပ်စ ခန်းကို AA တိုက်ခိုက်

ဧရာဝတီ

By မင်းအောင်ခိုင်
27 October 2020

ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် တပ်စခန်း တခု / ကျော်ခ / ဧရာဝတီ

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ် မေယုတောင်ခြေ အနီး ယာယီစွဲထားသည့် တပ်စခန်းနှင့် နယ်ခြားစောင့်ရဲ တပ်စခန်းတို့ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ရက္ခိုင်စစ်တပ် (AA) က လာရောက် တိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံးမှု ရှိကြောင်း သတင်း ရရှိသည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး မေယုတောင်ခြေတွင် ယာယီစခန်း ချထားသည့် တပ်မတော် တပ် စခန်းတခုနှင့် ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအနီးက နယ်ခြားစောင့်ရဲစခန်းတခုကို AA အဖွဲ့က အာပီဂျီဖြင့် လာရောက် ပစ်ခတ်ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော် မင်းထွန်း က ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */