Sunday, November 1, 2020

ရခိုင်မှာ တပ်မတော်က သွေးခွဲဝါဒဖြန့်ကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 နိုဝင်ဘာ၊ 2020 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာ့တပ်မတော်သားအချို့။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
ရခိုင်ပြည်နယ်တွင်းနဲ့ အွန်လိုင်းမှာပါ မြန်မာ့တပ်မတော်က ဝါဒဖြန့်စစ်ပွဲ လုပ်လာတဲ့အပေါ် စိုးရိမ်မှု ပိုတိုးလာ ရကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြန်မာ့တပ် မ တော်က ဖျက်ဆီးနေပြီး ပဋိပက္ခတွေ ပိုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ဖို့ ကြိုးပမ်းနေကြောင်းလည်း ကြေ ညာ ချက်ထဲမှာ စွပ်စွဲထားတာပါ။


  SEE ALSO:
ရခိုင်ပဋိပက္ခ ရိုဟင်ဂျာတွေ လူသားဒိုင်းသဖွယ် အသုံးချခံနေရလို့ ရိုဟင်ဂျာအဖွဲ့ စွပ်စွဲ 


မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေကြား စိတ်ဝမ်းကွဲစေမယ့် သွေးထိုး လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြောင်း၊ ဥပမာ ဗြိတိန်အခြေစိုက် BROUK ရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ရဲ့ ဓာတ်ပုံနဲ့ Facebook အကောင့်တုတွေ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထွက်ပေါ်လာခဲ့ပြီး ရခိုင့်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ်ဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေဆီက ငွေကြေးထောက်ပံ့မှုယူပြီး လှုပ်ရှားနေတယ်လို့ ရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ Facebook အကောင့်တု စာမျက်နှာကနေ စွပ်စွဲ ရေးသားထားကြောင်း၊ အဲဒီ post ကို ထောင် သောင်း ချီတဲ့ ပရိသတ်က ဖတ်ခဲ့ကြသလို မြန်မာစစ်တပ်ရဲ့ Opera Mini ရုပ်သံချန်နယ်ကလည်း ပြန်ဝေမျှထားတယ် လို့ ထောက်ပြပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ သတင်းရင်းမြစ် အများအပြားပေါ် အခြေခံ ပြောဆိုနေခြင်းသာ ဖြစ်တယ်လို့ လည်း ကြေညာချက်က ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ ရခိုင်ပြည်တွင်း ဆက်ရှိနေဆဲဖြစ်တဲ့ ရိုဟင် ဂျာ ၆ သိန်းကို အန္တရာယ်တွင်းထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ ပြစ်တင် ရေးသားထားပါတယ်။

မြန်မာစစ်တပ်ကရော အစိုးရကပါ နိုင်ငံတကာမှာ ပြောနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချ ထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */