Wednesday, October 28, 2020

အားလုံးပါဝင်သည့်ရွေးကောက်ပွဲကျင်းပရေး ဒေါ်အောင် ဆန်းစုကြည်ကို အမေရိကန် ဖိအားပေး

မဇ္ဈိမ
By AFPအောက်တိုဘာ ၂၈

Photo - AFP
 

အမေရိကန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အားလုံးခြုံငုံပါဝင်သည့် အေ ထွေ ထွရွေးကောက်ပွဲကျင်းပပေးရန် အောက်တိုဘာ ၂၇ က တိုက်တွန်း ပြောဆိုလိုက်ပြီး လူနည်းစု ရိုဟင်ဂျာ (မူရင်း) များ ပစ်ပယ်ခံရမှုအပေါ် စိုးရိမ်မိကြောင်း ထပ်မံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်သုံးရာထူးရှိသည့် ဒေးဗစ်ဟေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့် ပြောဆိုစဉ်တွင် ဒေးဗစ်ဟေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး နိုဝင်ဘာ ၈ ရက်၌ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိသည့် အားလုံးပါဝင်သော ပြည်လုံးကျွတ်ရွေး ကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဟေးက နိုင်ငံတစ်လွှား ပဋိပက္ခများကို အဆုံးသတ်ရေး၊ ရိုဟင်ဂျာ နှင့်တခြားဒုက္ခသည်များ၊ ပြည်တွင်းက အိုး အိမ်စွန့်ခွါထွက်ပြေးသူများ၏ ဆန္ဒအလျောက် ဘေးကင်းစွာဖြင့် သိက္ခာရှိရှိ ရေရှည်နေရပ်ပြန်နိုင်ရေး ဆောင် ရွက်ပေးရန် ဖိအားပေးတိုက်တွန်းပြောဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူပေါင်း နှစ်သန်းနီးပါးသည် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မရှိဘဲ အများ အား ဖြင့် မွတ်စလင်များသည် နိုင်ငံသားဖြစ်မှုကို ငြင်းပယ်ခံထားရကာ ကုလသမဂ္ဂ၏ထိပ်တန်း တရားရုံး တွင် လူမျိုးတုံးသတ်ဖြတ်မှုကို ရင်ဆိုင်ခဲ့ရစေသည့် ရက်စက်သောလှုပ်ရှားမှု၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။

ရွေးကောက်ပွဲအာဏာပိုင်များသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် တိုင်းရင်းသားလူနည်းစုဒေသအချို့ကို မဲ ပေးနိုင်သည့်စာရင်းမှ ဖယ်ရှားခဲ့သည်။

ယခုရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည့် စစ် တပ်အုပ်ချုပ်မှုနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အာဏာရပြီးနောက် တစ်ချိန်က ကျောထောက်နောက်ခံပြုခဲ့သည့်အနောက်နိုင်ငံများ၏ ထောက်ခံမှုကျဆင်းလာသည်။ ရိုဟင်ဂျာ ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့်ပတ်သက်ပြီး မပြတ်သားသော ထုတ်ပြန် ချက်များကြောင့် အနောက်နိုင်ငံများကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */