Sunday, November 1, 2020

တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်စပ်လမ်း မြန်မာကိုဖြတ် ဖောက်လုပ်ရေး တရားဝင် ညှိနှိုင်းကြပြီ

ဗွီအိုအေ (မြန်မာပိုင်း)
01 နိုဝင်ဘာ၊ 2020

BRI ခေါ် တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်းပြမြေပုံ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)

မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တိုက်ရိုက် သွားလာပြေးဆွဲနိုင်မယ့် ကား လမ်း၊ ရထားလမ်းတွေ ဖောက်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန ဒုဝန်ကြီး Shahriar Alam က ပြောတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ရေးပါတယ်။


ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံကြား ဖွံ့ဖြိုးမှု အတွေ့အကြုံဖလှယ်ရေး အွန်လိုင်း ဆွေးနွေးပွဲတခုမှာ ဒုဝန်ကြီး Shahriar Alam က မြန်မာနိုင်ငံကို ဖြတ်သွားမယ့် ကားလမ်း၊ ရထားလမ်းကိစ္စကို ဒါကာမြို့တော်မှာရှိတဲ့ တ ရုတ်သံရုံးနဲ့ တရားဝင် ချဉ်းကပ် ဆွေးနွေးထားကြောင်း ပြောဆိုခဲ့တာပါ။


 
SEE ALSO:
တရုတ်-မြန်မာ ဒေသန္တရအစိုးရတွေ ပိုးလမ်းမကိစ္စ ဆွေးနွေး


ဒီလမ်းကြောင်းတွေဟာ BRI ခေါ် တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်းနဲ့ ဆက်စပ်နေသလို ဒီလမ်းတွေ အေ ကာင်အထည်ပေါ်လာရင် အခြား အာဆီယံနိုင်ငံတွေနဲ့ ဆက်သွယ်ရေး ပိုလွယ်ကူလာမယ်လို့လည်း Alam က ပြောပါတယ်။ တချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျနေပြီဆိုတဲ့ သုံးသပ်ချက်တွေကို ဒုဝန်ကြီး Alam က ငြင်းဆိုလိုက်ပြီး တကမ္ဘာလုံးကို ဆပ်ရမယ့် ဘင်္ဂလားဒေ့ရှ် အကြွေး တွေ နဲ့ နှိုင်းစာရင် တရုတ်အကြွေးက ပမာဏသေးငယ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Jiming ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ အရင်ကထက် ပိုလုပ်သွားဖို့ မျှော်လင့်ထားပြီး အထူးသဖြင့် 5G ဆက်သွယ်ရေးစနစ်၊ မြန်နှုန်းမြင့် ရထားပြေးဆွဲမှု၊ လေယာဉ်တည်ဆောက်ရေးနဲ့ ပင်လယ်သမုဒ္ဒရာ အရင်းမြစ်တွေကို သုံးပြီး စီးပွားရှာတဲ့ Blue Economy လို ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းလုပ်သွားဖို့ လိုလားကြောင်း ပြောပါတယ်။

နှစ်နိုင်ငံကြား စီးပွားကုန်သွယ်မှုတွေ အလျှင်အမြန် တိုးလာတာက ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အတော်ကို ကောင်းကျိုးဖြစ်လာစေတယ်လို့ ခေတ်ပြိုင်နိုင်ငံဆက်ဆံရေး တရုတ်သုတေသနအဖွဲ့ လက် ထောက် ဒါရိုက်တာ Wang Shida ကလည်း ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */