Saturday, October 31, 2020

ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာများ ကို မြန်မာက ပြန်ခေါ် လိမ့်မည် ဟု တရုတ်ပြော

ABANA 
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အောက်တိုဘာ ၂၆, ၂၀၂၀

နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန် မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာ ပ တေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

“အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတာ မြန်မာနိုင်ငံက ထပ် လောင်း အတည်ပြုပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစကား ပါးခဲ့ပါတယ်”

ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်း မြန်မာ နိုင်ငံက တရုတ်ကို အသိပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအတွက် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ အမြဲတစေပြောဆိုမှုရှိပြီး လာမယ့် နိုဝင် ဘာရွေးကောက်ပွဲအပြီးမှာ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ပေးမယ်လို့ တ ရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃ နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှုတွေ ဖြစ်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝမ်ယီနဲ့ မိုမန်တို့ တွေ့ဆုံမှုအတွင်း ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ကပ်ရောဂါအလွန် စီးပွားရေးတွေအပါအဝင် အကြောင်း အရာတော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */