" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 11, 2020

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ဥပဒေကြမ်း ကန်အောက် လွှတ်တော်မှာ တင်သွင်းမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 နိုဝင်ဘာ၊ 2020

”ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အဆုံးအဖြတ်ဥပဒေ ၂၀၂၀” (Rohingya Genocide Determination Act of 2020) ကို ဒီသတင်းပတ်အတွင်း အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းဖို့ရှိနေပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိ ကျူးလွန်ခဲ့တယ်ဆိုတာ အမေရိကန်အစိုးရဘက်က သတ် မှတ်ခေါ်ဝေါ် သုံးစွဲဖို့ လွှတ်တော်က ပိုပြီး ဖိအားပေးတာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် International Campaign for the Rohingya အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို ပြောပါ တယ်။

” ဒါကရိုဟင်ဂျာကိစ္စမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို သတ်မှတ်ဖို့ အမေရိကန် အစိုးရကို လွှတ်တော်ဘက် က ပိုပြီးဖိအားပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အားလုံးသိကြပြီးတဲ့အတိုင်းပဲ မလွန်ခဲ့တဲ့လတွေတုန်းက အောက်နဲ့ အထက်လွှတ်တော်အမတ်တွေ စုပေါင်းထားတဲ့ အဖွဲ့ကနေ နိုင်ငံခြားရေးဝန်ကြီး Pompeo ကို ဒီကိစ္စနဲ့ပတ်သက်လို့ အိတ်ဖွင့်ပေးစာရေးသားပေးပို့ပြီး မေးခွန်းထုတ် ဖိအားပေးခဲ့ပါတယ်။ အခုတော့ အောက်လွှတ်တော် ကလည်း ဖိအားတွေပိုပြီးပေးလာတဲ့ သဘောပါ။”

အမေရိကန်အစိုးရကို ဖိအားပေးမယ့် ဒီဥပဒေမူကြမ်းကို လာမယ့် ကြာသပတေးနေ့ အောက်လွှတ်တော်အစည်း အဝေးမှာ တင်သွင်းဖို့ရှိတယ်လို့ ခန့်မှန်းထားကြောင်း Simon Billenness ကပြောပါတယ်။ ပါတီနှစ် ဘက်လုံးက ဦးဆောင်တင်သွင်းမယ့် အောက်လွှတ်တော် အမတ်တွေကတော့-မစ်ချီဂန် ဒီမိုကရက် အမတ် Andy Levin၊ အိုဟိုင်းအိုပြည်နယ် ရီပါပလင်ကန်အမတ် Steve Chabot နဲ့ နယူးရောက်ပြည်နယ် ဒီမိုကရက် အမတ် Eliot Engel တို့ဖြစ်ပါတယ်။

”ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု အဆုံးအဖြတ်ဥပဒေ ၂၀၂၀”ကို စက်တင်ဘာလနှောင်းပိုင်းကအထက်လွှတ် တော်မှာ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်-အထက်လွှတ်တော်အမတ် Edward J. Markey ဦးဆောင်နဲ့အတူ အခြား ဒီမိုကရက် အမတ်တွေနဲ့ တင်သွင်းခဲ့ပါတယ်။ လက်ရှိ သမ္မတ Donald Trump အစိုးရကတော့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ဆိုတာကိုပဲ တရားဝင် သုံးနှုန်းထားတာဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းရေးမှာ ရွာတွေမီးရှို့ဖျက်စီး၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး တဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်မှာ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရ တာဖြစ် ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ အဆင့်ထိမေ ရာက်ခဲ့ပေမယ့် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိခဲ့ကြောင်း နိုင်ငံတကာခုံရုံး ICJ မှာ ထွက်ဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */