" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 27, 2020

မေယုတောင်ခြေက နယ်ခြားစောင့်စခန်းနှင့် ယာယီ တပ်စ ခန်းကို AA တိုက်ခိုက်

ဧရာဝတီ

By မင်းအောင်ခိုင်
27 October 2020

ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် တပ်စခန်း တခု / ကျော်ခ / ဧရာဝတီ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ် မေယုတောင်ခြေ အနီး ယာယီစွဲထားသည့် တပ်စခန်းနှင့် နယ်ခြားစောင့်ရဲ တပ်စခန်းတို့ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ရက္ခိုင်စစ်တပ် (AA) က လာရောက် တိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံးမှု ရှိကြောင်း သတင်း ရရှိသည်။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး မေယုတောင်ခြေတွင် ယာယီစခန်း ချထားသည့် တပ်မတော် တပ် စခန်းတခုနှင့် ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအနီးက နယ်ခြားစောင့်ရဲစခန်းတခုကို AA အဖွဲ့က အာပီဂျီဖြင့် လာရောက် ပစ်ခတ်ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော် မင်းထွန်း က ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မနေ့က မနက် ၇ နာရီခွဲ လောက်မှာ အင်းဒင်ကျေးရွာ အနီးက တပ်စခန်းတခု AA က အဝေး ကနေပြီး အာပီဂျီနဲ့ လှမ်းပစ်တယ်။ ၈ နာရီထိ ထိတွေ့တိုက်ပွဲဖြစ်တယ်။ အဲဒါ ကနေ အင်းဒင်ရဲ့ အေ ရှ့ ဘက် အထက်နန်းရာ ရဲကင်း စခန်းကို လာပစ်တယ်။ ကျနော် တို့ဆီက စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိမှု နဲ့ ကျ ဆုံးမှု အနည်းငယ်ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသည် မေယုတောင်ကို ဖြတ်ပြီး ရသေ့ တောင်မြို့နယ် နှင့် မောင် တောမြို့နယ်ကို သွားရောက်သည့် တောင်ကျော် လမ်းတခု ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်း ပိုင်းကတည်းက တောင် ၏ တဘက်စီတွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ယာယီစခန်းများနေထိုင်ကြောင်းလည်း သိရသည်။

ရသေ့တောင်ဒေသခံတဦးက “ရသေ့တောင်ကနေ မောင်တောမြို့နယ်ကို ဖြတ်ကျော်တဲ့ မေယုတောင် ကျော် လမ်းမှာ ဖြစ်ကြတာ။ အဲဒီ မေယုတောင်ကျော် လမ်းမှာ ဂျပန်တောင်ဆိုတာရှိတယ်။ အဲဒီတောင်မှာရှိတဲ့ တပ် မ တော်စခန်းနဲ့ သဇင်မြိုင် ရဲကင်းနဲ့ ညောင်ပင်လှရဲကင်း နှစ်ခုပေါင်းပြီး ချထားတဲ့ အထက်နန်းရာ ရွာနားက နယ် ခြား စောင့်ရဲစခန်းတို့မှာ ဖြစ်ကြတာ ရွာသားတွေထိခိုက်တာတော့မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

AA အဖွဲ့သည် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်အတွင်းရှိ လမ်းကြောင်းတလျှောက်တွင် တည်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ ဝင်များကို အမြဲတန်းနှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်လေ့ ရှိသလို ယခု လည်း ခန့်မှန်း အင် အား ၅၀ ကျော်ဖြင့် ထိုသို့ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

ပြီးခဲ့သော အောက်တိုဘာလ ၁၃ ရက်နေ့ ကလည်း အဆိုပါ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေး ရွာ အနီး ရှိတောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ တပ်မေတာ်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် စစ်သည်များ ကျဆုံးမှု ရှိကြောင်းလည်း သိရ သည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိလည်း အဆိုပါ အောင်သာစည်ကျေးရွာအနီးရှိ AA စိုးမိုး ရေး တောင်ကုန်းအား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး မှုရှိ ကြောင်း နှစ်ဘက်လုံးက ထုတ်ပြန်ထားသည်။

ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက် ဦး မြို့နယ်တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင်အရေ အတွက် ၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ် များ အစ ည်း အရုံး (REC) က အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

တပ်မတော်က စစ်တိုင်းကြီး ၅ ခု အား တဘက်သတ် အပစ်ခတ်ရပ်စွဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော် လည်း အကြမ်းဖက်သမားများ ရှိသည်ဆိုသည့် အကြောင်း ပြချက်ဖြင့် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။

ကိုရိုနာဗိုင်းရပ်ပိုးတနေ့တခြား ကူးစက်မှု မြင့်မားနေသည့်နေသည့်အတွက် ရခိုင်ပြည် နယ်တခုလုံးကား Stay at Home နေထိုင်ကြရန် နိုင်ငံတော် အစိုးရမှ အမိန့် ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) အဖွဲ့တို့၏ နှစ်ဘက် စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံကျေးရွာသားများမှာ ဘေး လွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသလို လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် သေဆုံးမှုများ လည်း တိုးလာနေသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */