Wednesday, October 28, 2020

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ရဝမ်ဒါစီးပွားရေးလုပ် ငန်းရှင် the Hague လွဲှပြောင်းယူ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 အောက်တိုဘာ၊ 2020  
ပြင်သစ်နိုင်ငံ Paris မြို့က တရားခွင် မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)
 
၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရဝမ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွဲှပြောင်းပေးလိုက်ပါပြီ။ ရဝမ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှု တွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွဲှပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာၤ နေ့က ကြေညာချက်ထုတ်ပါတယ်။

Kabuga ဟာ ၂၂ နှစ်ကျော်ကြာ ရှောင်ပြေးနေပြီးတဲ့နောက် မေလတုန်းက ပြင်သစ်နိုင်ငံပဲရစ်မြို့အနီးမှာ ဖမ်း ဆီးရမိခဲ့တာပါ။ အဲဒီနောက် ပြင်သစ်ကနေ အခု တနလာၤေ န့မှာ the Hague ကို လွဲှပြောင်းပေးလိုက် တာဖြစ် ပါတယ်။ သူ့ကို မူလတုန်းကတော့ ပြင်သစ်မှာပဲ တရားစီရင်ခွင့်ရအောင် သူ့ရှေနေတွေက ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လတုန်းကတော့ ပြင်သစ်တရားရုံးချုပ်ကနေ သူ့ကို the Hague နိုင်ငံတကာခုံရုံးကို လွဲှ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 
Kabuga ဟာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု၊ လူမျိုးတုံး သတ် ဖြတ်မှုဖြစ်အောင်လို့ လူသိရှင်ကြား တိုက်ရိုက်သွေးထိုး လှုံဆော်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ ဝတ် မှုတွေနဲ့ တရားရင်ဆိုင်ရဖို့ရှိပါ တယ်။ Kabuga ဟာ ဟူတူစစ်သွေးကြွအုပ်စုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန် အောင် လှုံဆော်လွှင့်ထုတ်မှုတွေ လုပ်တဲ့ Libre des Mile Collines ရေဒီယိုရုပ်သံဌာနတို့ကို ငွေကြေးထောက် ပံ့ ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ Kabuga အမှု စစ်ဆေးကြားနာမယ့် တရားသူကြီးတွေကိုလည်း ကုလသ မဂ္ဂ တရားရုံးက သတ်မှတ်ပေးထား ပါပြီ။ 

 
 Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */