Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, September 13, 2022

မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အထောက်အ ထားများကို ဖေ့စ်ဘွတ်က ကုလစုံစမ်းစစ်ဆေးသူထံ ပေးအပ်

DVB 
13 September, 2022
မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမ ဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်က စတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ဟာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုနိုင်ရေး အချက်အလက်အမှုတွဲတွေ ပြင်ဆင်တည်ဆောက်နေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အရေးကြောင့် တည်ငြိမ်မှုထိခိုက်မှာ ဘင်္ဂလားဒေ့ရှ်စိုးရိမ်

VOA
ဗွီအိုအေမြန်မာပိုင်း
၁၃ စက်တင်ဘာ၊ ၂၀၂၂ 

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း မီးလောင်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Aye Lwin - ဇန်နဝါရီ ၁၄၊ ၂၀၂၁)


ဘင်္ဂလားဒေရှ့် နိုင်ငံက လူထူထပ်လှတဲ့ စခန်းတွေမှာရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကြာရှည် နေထိုင်နေကြ တာဟာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ အလေးအနက် စိုးရိမ်စရာတခု ဖြစ်လာနေပြီလို့ ဘင်္ဂလားဒေရှ့် ဝန်ကြီး ချုပ်က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။ သူတို့ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပြင် အခုလိုကြာရှည် နေထိုင် နေကြရတာကြောင့် ဘင်္ဂလားဒေရှ့်ရဲ့ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ လူထု နိုင်ငံရေး တည်ငြိမ်မှု အပေါ်မှာ ဆိုးဆိုးရွားရွား သက်ရောက်စေတယ်လို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina က အင်ဒိုပစိဖိတ် ဒေသတွင်း ၂၄ နိုင်ငံက စစ်ဘက် အရာရှိကြီးတွေရဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.13

ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က နေရပ်ပြန်ခွင့်ရရေးအတွက် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။ Photo: AFP


နိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင် နိုင်ငံ့လုံခြုံရေးနဲ့ တည် ငြိမ် ရေးထိခိုက်လာမှာကို အလေးအနက်စိုးရိမ်နေရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တန င်္လာနေ့က ပြောဆိုလိုက်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

Thursday, September 8, 2022

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦး ထောင် နှစ်နှစ် ချမှတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.08

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦး ထောင် နှစ်နှစ် ချမှတ်ခံရ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် တရားရုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ် Photo: RFA

ဩဂုတ်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ် သုံးဦး အပါအဝင် ရို ဟင်ဂျာ ၅၆ ဦးကို ဝါးခယ်မမြို့နယ် တရားရုံးက စက်တင်ဘာ ၆ ရက်နေ့ မှာ မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ - ၆ (၃) နဲ့ ထောင် နှစ်နှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, September 7, 2022

ထိုင်းပင်လယ်ထဲ တွန်းချခံရသည့် ရိုဟင်ဂျာ ၁၀ ဦးနှင့် ကျွန်းပေါ်သောင်တင်နေသူ ၄၁ ဦးကို ကယ်တင်

DVB
2022.09.07

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ပင်လယ်ထဲတွန်းချခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးနဲ့ ကျွန်းပေါ်သောင် တင် နေတဲ့ ၄၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေ ကူညီကယ်ဆယ်ထားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက် ၆ နာရီလောက်က ထိုင်းပင်လယ်ပြင် ပူးလွန်း ကျွန်းစုအနီးမှာ လူတစုရေထဲ ကူးခတ်ပြီး အကူအညီလှမ်းတောင်းနေတာကို တံငါသည် ရွာသားတွေက တွေ့ရှိတာကြောင့် ကနဦးကယ်တင်ပြီး လငူးမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ လငူးနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူး က ပြောပါတယ်။

ရခိုင်ဒေသကိုစွန့်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀၀ ခန့် အဖမ်းခံထားရ

RFA
Radio Free Asia
2022.09.06

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ အယောက် ၅ဝ ခန့်အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Aung Kyaw Moe
 
ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ အမ်း၊ သံတွဲ၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ဒီနေ့အထိ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၈၀၀ လောက်ရှိပါတယ်

ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ချက်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဒီရိုဟင်ဂျာတွေ ဦးရေကို သိရတာပါ။

Tuesday, September 6, 2022

လက်ပံတန်းမြို့မှာ ရိုဟင်ဂျာ ၂၈ ဦးအဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.06 

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့ကို Google Earth မှတွေ့ရစဉ်  Photo: Google Earth


ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံ ခဲ့ရတယ်လို့ လက်ပံတန်းမြို့ခံတွေက RFA ကိုပြောပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီကျော် လောက်က ရန်ကုန်-ပြည် ကားလမ်းမှာ ပြောင်းဖူးတင်တဲ့ ကား နှစ်စီးနဲ့ လိုက်ပါလာကြချိန် မိုင်တိုင် ၈၉/၆ အရောက်မှာ အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

Sunday, September 4, 2022

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.04

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရစစ်တွေမြို့တွင် စစ်ကောင်စီ အရာရှိ တစ်ဦးနဲ့ တပ်သားတစ်ဦး ဖမ်းဆီးခံရသည့်အတွက် စစ်ဆေးခံနေရသည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်အနီးမှာ စက်တင်ဘာ ၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံ တွေက RFAကို ပြောပါတယ်။

ဒါးပိုင်ကျေးရွာမှာ နေထိုင်တဲ့ ဇမီရ်ဟူစိန်ဟာ စစ်တွေတက္ကသိုလ် အနီးက ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ကို ဖြတ် သွားတဲ့အချိန်မှာ ရဲကင်းစခန်းထဲကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ မျက် မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

"ဆိုင်ကယ်နဲ့ စာရွက်စာတမ်း ပြနေတုန်းမှာပဲ ပစ်ခတ်ခံလိုက်ရတာပါ၊ ပစ်ခံရတဲ့သူက အနောက်မှာ ထိုင်တာ၊ အ ရှေ့မှာ ဆိုင်ကယ်မောင်းတဲ့ သူရှိတယ်၊ ရဲကင်း စခန်းထဲကနေ ပစ်လိုက်တာ၊ တစ်ချက်ပဲ ပစ်တယ်၊နေရာမှာတင် ဆုံးသွားပါတယ်"

ရိုဟင်ဂျာ ဒုက္ခသည်အရေး တိုင်းပြည် ‘ဝန်ထုပ်ဝန်ပိုး’ ဖြစ်နေ (ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်)

VOA
ဗွီအိုအေမြန်မာပိုင်း
၀၅ စက်တင်္ဘာ၂၀၂၂
Reuters


 ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်းလိုက်ပါတယ်။


“ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတခုဖြစ်နေပါတယ်။နိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယက လက်ခံထားလို့ ရပေမဲ့ သိပ်များများစားစား မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေ လုပ်ကြဖို့ နိုင်ငံတကာအ သိုင်း အဝိုင်းနဲ့ရော၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ တိုင်ပင်ဆွေးနွေး နေရတယ်။” လို့ ANI သတင်းဌာနနဲ့တွေ့ဆုံ မေး မြန်းစဉ် ဝန်ကြီးချုပ် Sheikh Hasina ကပြောဆိုသွားတာပါ။

Khit Thit Media (ရန်ကုန် ခေတ်သစ်မီဒီယာ ) ရန်ကုန်၊ စက်တင်ဘာ ၄ ရက်နေ. ၂၄ နာရီအတွင်း ဘာတွေ ဖြစ်ပျက် ခဲ့သလဲ?

( 04.09.2022 )
ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကိုင်း မြို့ နယ်၊ တောင်ကြားကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိ  

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန်ထွက်ပြေး နေရပြီး ၁၃ ဦး ဖမ်းဆီးခံရ (ရုပ်/သံ)  

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန်ထွက်ပြေး နေရပြီး ၁၃ ဦး ဖမ်းဆီးခံရ  ( သတင်း )

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၄ ဦးသေဆုံး  

ရွှေဘိုတွင် စစ်တပ်ထောက်ပို့ စစ်ယာဉ်တန်းများကို PDF မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေ ဆုံ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် ဗုံးပေါက်ကွဲသံများ ထွက်ပေါ်၊ စစ်တပ်ပိုင်မြန်မာဘီယာ စက်ရုံတွင် လည်း ဗုံးပေါက်၊ အိမ်မဲမြို့နယ် EPC ရုံးတွင်ပေါက် ကွဲမှု ဖြစ်ပွာ:  

အားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ (ရုပ်/သံ)  

နတ်မောက်၊ ကျောက်အိုးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး သတင်း ပေါက် ကြားလျှင် ရွာကို ထပ်မံ လာရောက်မည်ဟု ခြိမ်းခြောက် (ရုပ်/သံ)  

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ  

အဓမ္မ နိုင်ငံမှ ဓမ္မ နိုင်ငံတော်ဆီသို့ - အပိုင်း(၁၉) ခေါင်းစဥ်ဖြင့်  

အားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ  

ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိ  

လက်ပံတောင်းတောင် ပင်မသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ  

မြောက်ဦးတွင် အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ရဲသည့် အကြမ်းဖက် စစ်တပ် သူရဲဘောကြောင်ဟု AA စစ်ဦးစီး ချုပ် မှတ်ချက်ပြု  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ယင်းမာပင် ပြည်သူ များ ချီတက် ဆန္ဒပြ  

ပြည်ကြီးတံခွန် သပိတ် အင်အားစု ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်  

ဂျပန်နိုင်ငံတွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ဦးဆောင်ကာ PDF ရန်ပုံငွေရရှိရေး ဘောလုံးပြိုင်များ ကျင်း ပ  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချင်းတွင်းမြစ် အ နောက် ဘက်ကမ်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ (ရုပ်/သံ)  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချင်းတွင်းမြစ် အ နောက် ဘက်ကမ်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ ( သတင်း )  

ယင်းမာပင် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ  

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး လက်ပံတောင်းတောင် ပြည် သူများ ချီတက် ဆန္ဒပြ (ရုပ်/သံ)  

ရွှေနွယ်သွေး သပိတ်စစ်ကြောင်းနှင့် ဗကသ ကျောင်းသားများ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ  

စနစ်ပြောင်းဖို့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးများ" ( စကားဝိုင်း )  

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး လက်ပံတောင်းတောင် ပြည် သူများ ချီတက် ဆန္ဒပြ  

ဝမ်းတွင်းတွင် PDF ကို ထောင်ဖမ်းမည်ဆိုသော ပျူစောထီး ပစ်သတ်ခံရပြီးသေဆုံး၊ ရွှေဘို၊ ပေါင်းတည်နှင့် သာ ယာ၀တီတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေး ပုလဲ ပင်မသပိတ် အင်အား စု များ ဆန္ဒပြ တောင်းဆို (ရုပ်/သံ)  

ကလေးမြို့ ပင်မသပိတ် အင်အားစုများ "Accept NUG & Our ambassador, Reject Dictator" စာတန်း ကိုင် ဆောင်ကာ ဆန္ဒပြ  

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်  

မြိုင်၊ ကန်နီ ပျူစောထီးရွာကို ဝင်တိုက်ခဲ့သော PDF တပ်ဖွဲ့များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ကြို ဆို (ရုပ်/သံ)  

ရန်ကုန်တွင် စစ်အာဏာရှင်ကို တော်လှန်မည့် "ပြည်သူ့စစ် စတင်ဖို့ ပြည်သူအားလုံးပါဝင်စို့" စာတန်း ချိတ် ဆွဲ  

တောင်ကိုရီးယာနိုင်ငံ ဆူဝမ်မြို့တွင် ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ထားရှိရေး ဆန္ဒပြ  

တစ်နိုင်ငံလျှပ်စစ်မီးများ မှန်အောင်မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အား သွင်း နေရာ ၅ ခု ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်၊ ဗိုလ်ချုပ်ဆွေမျိုးသားသမီး ကောင်း စားရေး ပရောဂျက်ဖန်တီး၍ ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးမှုဟု ရှုမြင်  

စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ စစ်အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားမှု ပြုလုပ်  

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးဝါးနေ၊ တစ်နေ့လုံး၊ တစ်ည လုံး မီးမရဘဲ ပြတ်တောက်သည်အထိ ဖြစ်လာ  

"ဆရာစံခွန်အားနဲ့ သာယာဝတီနယ်သားတို့ ကမယ့်ပွဲ" ကံစမ်းမဲလက်မှတ် ဖောက်ပွဲ  

နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ချုပ်ဒေါ်မြင့်မြင့်သန်းနှင့် ဌာနအရာရှိများ ကိုဗစ်ရောဂါ ကူး စက်ခံနေရပြီး ကြိတ်ကုနေ  

ထားဝယ်၊ သရက်ငုတ်ရွာအနီး စစ်ကောင်စီရှေ့ပြေးအဖွဲ့ အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါ အဝင် ၈ ဦးသေဆုံး (ရုပ်/သံ) 

ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ "ညီရင်ထွက်ခဲ့ PDF ဆီသို့" စာတန်း ချိတ်ဆွဲ  

တောင်ကိုရီးယားနိုင်ငံ၊အူဆန်းမြို့တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာပူး ပေါင်းဆန္ ဒပြပွဲပြုလုပ် (ရုပ်/သံ)  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေး ပုလဲ ပင်မသပိတ် အင်အားစုများ ဆန္ဒပြ တောင်းဆို  

စစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် သံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် UN ကို လောင်းလုံး ပြည်သူများ ဆန္ဒပြ  

စစ်တွေတွင် ဆိုင်ကယ်စီးလာသော ရိုဟင်ဂျာ လူငယ် အသက် ၂၀ အရွယ် ဇမီရ်ဟူစိန်ကို စစ်တပ်နှင့်ရဲက ပစ် သတ်  

ရန်ကုန်ရှိ UN ရုံးရှေ့တွင် 'UN Prove Your Existence for Justice' စာသား ချိတ်ဆွဲကာ တောင်းဆိုဆန္ဒပြ  

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် စခန်းများကို KNDF တပ်ရင်း ၁၅ က တိုက်ခိုက်၍ စစ်သား ၅ ဦးထက်မနည်း ထိခိုက်မှုရှိ (ရုပ်/သံ)  

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက် အတည်ပြုရေး အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ်စကိုမှ တောင်းဆို ဆန္ဒပြပွဲ တိုက် ရိုက် ထုတ်လွှင့်ခြင်း  

တောင်ကိုရီးယား၊ အူဆန်းမြို့တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာပူးပေါင်း ဆန္ဒပြ ပွဲ ပြုလုပ်  

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ  

စစ်အာဏာရှင် ချေမှုန်းရေး ဖားကန့်တွင် စာတန်းချိတ်ဆွဲပြီး ပြောက်ကျားဆိုင်ကယ်သပိတ်ဖြင့် ဆန္ဒပြ(ရုပ်/သံ)  

စစ်အာဏာရှင် ချေမှုန်းရေး ဖားကန့်တွင် စာတန်းချိတ်ဆွဲပြီး ပြောက်ကျားဆိုင်ကယ်သပိတ်ဖြင့် ဆန္ဒပြ( သတင်း) 

အကြမ်းဖက်မင်းအောင်လှိုင် လိုက်ပါသော MAI Airbus A-319-112 လေယာဉ် နေပြည်တော်မှ ရုရှားသို့ ထွက်ခွာ၊ တရုတ်နိုင်ငံ လေပိုင်နက် လမ်း ကြောင်း ကို အသုံးပြု  

Khit Thit သတင်းဌာန စက်တင်ဘာ ၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်  

ရန်ကုန်၊ အင်းစိန် CID ရဲရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရွှေဘိုတွင် စစ်တပ် ယာဥ်တန်းတို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံ

ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလိုသည့် မွတ်ဆလင် ၁၉ ဦး ဂွမြို့နယ်တွင် ဖမ်းဆီးခံရ

DMG
၂၀၂၂ စက်တင်္ဘာလ ၄ ရက်
ဂွမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မွတ်ဆလင်များအားတွေ့ရစဉ်။(ဓာတ်ပုံ- ရခိုင်နေ့စဉ်)

ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။

ဖမ်းဆီးခံရသည့်မွတ်ဆလင်များမှာ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့နယ်များမှဖြစ်ကြပြီး ရန်ကုန်သွားရောက်ကြမည့်သူများဟု ဂွမြို့နယ်ရဲစခန်းမှ ရဲအုပ် ဇော်ဇော်ဦးက ပြောသည်။

စစ်တွေမှာ မွတ်ဆလင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 B B C 

ဘီဘီစီမြန်မာပိုင်း
၂၀၂၂ စက်တင်္ဘာလ ၉ ရက်

စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဓါးပိုင်ကျေးရွာကမွတ်ဆလင် လူငယ်တစ်ဦး ဟာ ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ရဲကင်းဘက်ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြော ပါ တယ်။

သေဆုံးတဲ့လူငယ်ဟာ ဓါးပိုင်ကျေးရွာ အကွက်၄ က အသက် ၂၀ အရွယ် မောင်ဇော်မီရ်ဟူစောန်ဆိုသူဖြစ်ပြီး ဘုမေကျေးရွာကို ဆိုင်ကယ်နဲ့သွားစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံတွေအပြော အရ ခေါ်ယူစစ်ဆေးချိန် ပစ်ခတ်ခံရတာလို့ပြောကြသလို ဘုမေကျေးရွာမှာရှိတဲ့ အမှတ် ၃၆ ရဲတပ်ရင်းက ဖြစ် တယ်လို့ပြောကြပါတယ်။

စစ်တွေတွင် မူဆလင်လူငယ်တစ်ဦး ဘုမေရွာရှိ (၃၆)ရဲတပ် ရင်းရှေ့၌ပစ်သတ်ခံရဟုဆို

Narinjara
04 Sep, 2022 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာမှ မူဆလင်လူငယ်တစ်ဦးသည် ယနေ့နံနက်က ဘုမေရွာရှိ စစ်တွေ တက္ကသိုလ်နှင့် ကပ်လျက်ရှိသော အမှတ် (၃၆)ရဲတပ်ရင်းမှ ရဲသားတစ်ဦး၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကိုခံလိုက် ရသည် မျက်မြင်ဒေသခံ ဘုမေရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

ပစ်သတ်ခံရသည့် မူဆလင်လူငယ်မှာ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာမှ အသက် ၂၀ အရွယ် မောင်ဇော်မိရ် ဟူး ဆောင်ဖြစ်ကြောင်း သိရသည်။

Friday, September 2, 2022

Khit Thit Media (ရန်ကုန် ခေတ်သစ်မီဒီယာ ) ရန်ကုန်၊ စက်တင်ဘာ ၂ ရက်နေ. ၂၄ နာရီအတွင်း ဘာတွေ ဖြစ်ပျက် ခဲ့သလဲ?

အသေးစိတ် ဖတ်ရှုလိုပါက ကလစ်နှိပ်ပြီး အကျယ်ဖတ်ရှုနိုင်ပါသည်

 02.09.2022

မော်လိုက်မြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား သေဆုံးမှုများနိုင်၊ မြိုင်တွင်လည်း စစ်ကြောင်း ကို တိုက်ခိုက်မှု ၁၀ ဦးခန့် သေနိုင်

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ (ရုပ်/သံ)

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြမြိုင်မြို့နယ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ထီရိစစ်ကောင်စီစခန်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၅ ဦးကို ကောင်းမွန်စွာထား၊ စစ်သုံ့ပန်းများက နေရပ်သို့ မပြန်လိုသေးဟု ပြောဆို

စစ်ကောင်စီက ထုတ်ရောင်းမည်ဆိုသော ရွှေဒင်္ဂါးများ ကမ္ဘာ့ရွှေစျေးနှင့် ချိန်ညှိ၍ အမှန်တကယ် ရောင်းချ ပေး ပါက အလုအယက်ပင် ဝယ်ယူသင့်ဟုဆို ရွှေကုန်သည်တချို့ အကြံပြု

အားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြအားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ (ရုပ်/သံ)

သံဃသမဂ္ဂ ဆရာတော်များ "ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ" ခေါင်း စဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ ဒပြ (ရုပ်/သံ)

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ဆားလင်းကြီးတွင် ၅/လက်ပံတောင်း သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး ချီတက် ဆန္ဒပြ (ရုပ်/သံ)

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

နွေဦးတော်လှန်ရေးဆရာတော်က ကိုယ်ပိုင်လက်စွပ်မဲရောင်း၍ ကရင်နီပြည် နယ် အတွက် ဆေးဝါးနှင့် စားနပ် ရိက္ခာ လှူဒါန်

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ ဒပြ

ဆားလင်းကြီးတွင် ၅/လက်ပံတောင်း သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး ချီတက် ဆန္ဒပြ

လောင်းလုံးတွင် ကျောင်းသား လူငယ်များ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ကလေးမြို့တွင် "နိုင်ငံသစ်ကို တည်ဆောက်ဖို့ ပြည်သူအားလုံးပါဝင်စို့" စာတန်း ချိတ်ဆွဲ

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

KNU တပ်မဟာ ၅ တွင် စစ်ကောင်စီစခန်းတစ်ခုကို KNLA တပ်ဖွဲ့ တိုက်ခိုက်၊ သေနတ် ၈ လက်အပါအဝင် ခဲ ယမ်းများ သိမ်းဆည်းရရှိ

စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ စစ်အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားမှု ပြုလုပ်

ကနီမြို့နယ်နှင့်မြောင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းများ စွန့်ပစ် ထားခဲ့

ရန်ကုန်၊ အင်းလျားကန်ဘောင်ရှေ့ ပြည်လမ်းပေါ်ရှိ ဧရာ၀တီဘဏ် ဓားပြတိုက်ခံရ ၊ ပြည်လမ်းနှင့် အင်းလျား ကန်ဘောင်ပတ်လည်တွင် ကင်းပုန်းနှင့်လုံခြုံရေး အပြည့်ချထားသည့်ကြားမှ ဓားပြတိုက်မှုဖြစ်ပြီး ငွေမပါသွာ

သန်လျင်တွင် မှတ်ပုံတင်၊ ဝန်ထမ်းကတ် ကဲ့သို့ အထောက်အထားမပါသူမှန်သမျှ သွားလာခွင့်မရဘဲ တစ်မြို့ လုံးကို စစ်တပ်က ပိုက်စိတ်တိုက်စစ်နေ၊ အရာရှိနှင့် စစ်သားများကို ပစ်ခတ်သူ စစ်သား ၁ ဦး မိပြီး ကျန် ၁ ဦး လွတ် မြောက်နေဆဲ

PPST ၏ ဦးဆောင်နာယက တာဝန် လက်ခံယူခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူး စေးဖိုး အကြောင်းပြန်

စစ်ကောင်စီတပ်က အစာ ဝဝလင်လင် မကျွေးသဖြင့် ခမရ ၅၉၃ မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် တကွ KNU တပ်မဟာ ၅ ထံ အလင်းဝင်၊ KNU က သိန်း ၂၀ ချီးမြှင့်

အကယ်ဒမီ မီးလင်းရွှေ သိန်း ၃၁ နီးပါး ၊ တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင် စျေးပေါက်

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

ရေနံချောင်းမှ CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုး အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချခံရ၊ မန္တလေး သပိတ် အဖွဲ့ဝင် ၄ ဦးလည်း ထောင်ဒဏ်များ ချမှတ်ခံရ

စစ်အာဏာရှင် ချေမှုန်းရေး ၅၄၀ ရက်မြောက်ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီ က ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်၊ စုစုပေါင်းထောင်ဒဏ် ၂၀ နှစ်အထိရှိလာ

မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ပခုက္ကူတွင် စစ်ကောင်စီထံ ဆက်ကြေးပေး ဖွင့်နေသည့် လောင်းကစားဝိုင်းကို PDF ဝင်ဖမ်း

ဒေသတွင်းနိုင်ငံများကိုပါ မတည်ငြိမ်မှု ဖြစ်လာစေသည့် မြန်မာ အကြမ်းဖက်စစ်တပ်

ကရင်နီတွင် ဩဂုတ်လ တိုက်ပွဲ ၄၆ ပွဲ ဖြစ်ပွားပြီး စစ်သား ၄၀ ဦး သေဆုံး၊ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ပြည် သူ ၅ ဦး သေဆုံး၊

ထားဝယ်တွင် ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို အနီးကပ် ကြားဖြတ်တိုက်ခိုက်(ရုပ်/သံ)

"ဓမ္မသရဏဂုံ နှင့်စပ်လျဉ်း၍ အမေပေးတဲ့ခေါင်း“ အပိုင်း ၁၈

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

မုံရွာတွင် စစ်အာဏာရှင် ချေမှုန်းရေး ပြည်သူများ သွေးမအေးကြရန် တော်လှန်လူငယ်များ တိုက်တွန်းဆန္ဒ ပြ

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၉၇ လမ်းတွင် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ထိုး ကြိတ် ဖမ်းဆီးပြီး ပတ် ဝန်းကျင်ကို သေနတ်ဖြင့်ချိန်ရွယ်၊ မူးရူးသောင်းကျန်းနေ၍ ဖမ်းခြင်းဖြစ်ပြီး ရိုက်နှက်ခြင်းမရှိဘဲ လက် ဖျားနှင့်ပင် မတို့ဟု ရဲစခန်းက ပြော (ရုပ်/သံ)

ဗဟိုဘဏ်က ဒေါ်လာ ၅၅၄ သန်း ထုတ်ရောင်းခဲ့သည့်တိုင် ငွေလဲနှုန်း မတည်ငြိမ်ခဲ့ဘဲ အတက် အကျ ကြမ်းစွာ ဖြင့် ကုန်စျေးနှုန်း ကြီးမြင့်မှု နှင့် စီးပွားရေး မလည်ပတ်မှု ခါးစည်းခံရ၊ နိုင်ငံရေး ဆိုးရွားမှု ပြဿနာ မဖြေရှင်းသမျှ စီးပွားရေး ပြိုလဲမှု ကျော်လွှားရန် ခက်ခဲ

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံး





Wednesday, August 31, 2022

ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းကို AA သိမ်း ပိုက်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.31

ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းကို AA သိမ်းပိုက် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ရခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄ဝ အနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်များအား ရက္ခိုင့်တပ်တော် AA ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားစဉ်။ Photo: AA info desk

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၄၀ အနီးက စစ် ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA က သြဂုတ်လ ၃၁ နေ့ညပိုင်းမှာ ကြေညာ ချက်ထုတ်ပြန်ပါတယ်။

အမာမြို့နယ်တွင် ပင်လယ်ထဲမျောပါလာသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ၆ ဦးနှင့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မဇ္စျိမ
ဩဂုတ် ၃၁ ၂၀၂၂

မဇ္စျိမ။ ။ ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊အမာမြို့နယ် ဂယက်ကြီးကျေးရွာတွင် ပင်လယ်ထဲမှ မျောပါလာသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ခြောက်ဦးနှင့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည်ဟု ဒေ သခံများထံက သိရသည်။

သြဂုတ်လ၂၉ ရက်နေ့က ဂယက်ကြီးကျွန်းအနီးတွင် ပင်လယ်ထဲမှ စက်ပျက်ပြီး မျောလာသည့် ရိုဟင်ဂျာများတင် ဆောင်လာသည့် စက်လှေကို စစ်ကောင်စီတပ်များက သေနတ်များပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး ကြိုးပမ်းနေလို NUG ပြော

B B C

ဘီဘီစီမြန်မာပိုင်း
၃၀ သြဂုတ် ၂၀၂၂ 

အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်လာနိုင်ရေး ကြိုးပမ်းနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြောလာပါတယ်။ သူတို့နေရပ်ကိုပြန်နိုင်ဖို့ ကောင်းမွန်သင့်တော်တဲ့အစီအစဥ်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း ပြောလာပါတယ်။ လက်ရှိပြည်တွင်းက ဒုက္ခသည်စခန်းတွေထဲမှာနေ နေရသူ ရိုဟင်ဂျာတွေဘက်ကရော NUG ဘက်က ပြောဆိုလာမှုအပေါ် ဘယ်လို သဘောထားပါသလဲ။ ကို ကျော်ဇေယျ က ပြောပါမယ်။


Link : Here

Tuesday, August 30, 2022

အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေဟု NUG ကတိပြု

မဇ္စျိမ
ဩဂုတ်လ ၃၀ ရက်

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာပြည်သူ ဦးရေ ၁,၀၀၀,၀၀၀ (တစ်သန်းကျော်) အိမ်ပြန် နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NGU) ၏ တာဝန်ရှိပုဂ္ဂိုလ်များက ကတိကဝတ် ပြုပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများ ကြားတွေ့ဆုံပွဲကို ယ မန်နေ့ ဩဂုတ်လ ၂၉ ရက် ည ၇ နာရီက Online Video စနစ်ဖြင့် ကျင်းပခဲ့သည်။

NUG အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ အွန်လိုင်းက တွေ့ဆုံ

DVB
Published By DVB | 30 August, 2022

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခု အချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတဲ့အကြောင်း NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG)တို့ အွန်လိုင်းကနေ တွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာကျင်းပရာမှာ အခုလို ပြောဆိုခဲ့တာလို့ NUG က သတင်းထုတ်ပြန်ပါတယ်။

Monday, August 29, 2022

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံ နေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ ရင်းနှီးစွာ တွေ့ဆုံ

National Unity Government of Myanmar
ဩဂုတ် ၂၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ အကြား ရင်းနှီးစွာတွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
 
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ၊ ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */