" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 29, 2022

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံ နေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ ရင်းနှီးစွာ တွေ့ဆုံ

National Unity Government of Myanmar
ဩဂုတ် ၂၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ အကြား ရင်းနှီးစွာတွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
 
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ၊ ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေ မိမိသဘောဆန္ဒဖြင့်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိဖြင့် ရေရှည် တည်တံ့သော ပြည်တော် ပြန်နိုင်ရေး အတွက် အမျိုးသား ညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာပြည်သူများ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း များ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ နှင့် ကုလသမဂ္ဂ တို့ နှင့်အတူ ရိုဟင်ဂျာ ပြည်သူတွေ အိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ထပ်မံ ကတိပြုလိုပါတယ်။’ လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အချက် ၃ ချက်ကို လုပ်ဆောင် နေပြီးတော့ အဲဒီအချက်တွေက တရားမျှတမှုနဲ့ တာဝန်ယူမှု တည်ဆောက်တာ၊ ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးတာနဲ့ ဥပဒေအရနဲ့ လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းတာ တို့ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က ကတိပြုထားသလို အကောင်အထည်ဖော်လုက်ဆောင်နိုင်ဖို့အတွက် ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲမှု ၊ ရက်စက် ကြမ်းကြုတ်မှု များ အဆုံးသတ်နိုင်မှုနဲ့ အကြမ်းဖက် စစ်တပ်အား အနိုင်ယူနိုင်မှုတို့ အပေါ် များစွာမူတည်နေတယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ကတော့ ရိုဟင်ဂျာများဆိုင်ရာ မူဝါဒမှာ ဖော်ပြထားတဲ့ အချက်တွေကို လူ့အခွင့်အရေး အပေါ်လေးစားတဲ့ စိတ်ရင်းကိုအခြေခံပြီး ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါ တယ်။

အဲဒီနောက်မှာ ရိုဟင်ဂျာပြည်သူတွေရဲ့ တင်ပြချက်တွေ၊ သိလိုတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားတာ တွေ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလက အပိတ်အမှာစကားပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ယာယီသမ္မတက ‘မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားစေဖို့အတွက် အကြမ် းဖက် ကျူးလွန်မှုတွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအ ချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်’ လို့ ပြောကြားခဲ့ ပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်စေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ အစားထိုးဖို့ကိုလည်း က တိကဝတ် ပြုထားပြီးဖြစ်ကြောင်း၊ ရိုဟင်ဂျာပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးအဖွဲ့ အစည်း တွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေး အတွက် ကြိုးပမ်းဆောင် ရွက်ဖို့ ကတိကဝတ် ပြုထားကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကနေ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့ ဆိုထား သလို မူဝါဒပိုင်း ဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရိုဟင်ဂျာ ပြည်သူတွေရဲ့ အသံ၊ ရိုဟင်ဂျာ ပြည်သူတွေရဲ့ သဘောထားပါဝင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း တွေ့ဆုံ ပွဲမှာ ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */