" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 13, 2022

ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.13

ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က နေရပ်ပြန်ခွင့်ရရေးအတွက် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။ Photo: AFP


နိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင် နိုင်ငံ့လုံခြုံရေးနဲ့ တည် ငြိမ် ရေးထိခိုက်လာမှာကို အလေးအနက်စိုးရိမ်နေရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တန င်္လာနေ့က ပြောဆိုလိုက်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေကို စာနာပေမယ့် ပြည်တွင်းမှာ ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့စီးပွား ရေး၊ လုံခြုံရေး၊ လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က သုံးရက်ကြာ ကျင်းပမယ့် အင်ဒိုပစိဖိတ်ဒေသတွင်း ၂၄ နိုင်ငံကစစ်တပ်အရာရှိများ စည်း ဝေးမှု ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

အဲဒီအင်ဒိုပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲရေးစည်းဝေးပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့အတူအမေရိကန်ပြည်ထောင်စု က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။

ပါဝင်တဲ့နိုင်ငံတွေရဲ့ စစ်တပ်တွေအနေနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ နယ်ကြားဖြတ်ကျော် ရာဇဝတ်မှု၊ လုံ ခြုံရေး ကိစ္စတွေနဲ့ အမျိုးသမီးများရဲ့ဆောင်ရွက်နိုင်စွမ်းတွေကို ပိုမိုတိုးမြှင့်ပေးဖို့၊ အကြမ်းဖက်မှုတွေကြောင့် မြန် မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဗီ ယက်နမ်နိုင်ငံတွေပါဝင်ခဲ့ကြပြီး၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုလေ့လာကြမယ်လို့ ဘင်္ဂ လားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Shafiuddin Ahmed က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကတော့ ဒုက္ခသည်တွေပြန်ပို့ရေးဟာ တစ်ခုတည်းသော နည်းလမ်းဖြစ် ပေမယ့် သူတို့ကို အတင်းအကြပ် အဓမ္မပြန်ပို့မှာတော့ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */