Wednesday, August 31, 2022

အမာမြို့နယ်တွင် ပင်လယ်ထဲမျောပါလာသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ၆ ဦးနှင့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မဇ္စျိမ
ဩဂုတ် ၃၁ ၂၀၂၂

မဇ္စျိမ။ ။ ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊အမာမြို့နယ် ဂယက်ကြီးကျေးရွာတွင် ပင်လယ်ထဲမှ မျောပါလာသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ခြောက်ဦးနှင့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည်ဟု ဒေ သခံများထံက သိရသည်။

သြဂုတ်လ၂၉ ရက်နေ့က ဂယက်ကြီးကျွန်းအနီးတွင် ပင်လယ်ထဲမှ စက်ပျက်ပြီး မျောလာသည့် ရိုဟင်ဂျာများတင် ဆောင်လာသည့် စက်လှေကို စစ်ကောင်စီတပ်များက သေနတ်များပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"စုစုပေါင်းပါလာတာက စက်လှေနှစ်စီးလို့ကြားတယ်ဗျ၊ တစ်စီးကတော့ ကဒုံကနိ ရေတပ်ကပစ်လို့ ထွက်ပြေးသွားကြတယ်လို့ ပြောတယ်၊ ဖမ်းမိတဲ့စက်လှေမှာ ပါလာတာက ၆၆ ယောက်ပါ၊ အဲ့ဒီ ၆၆ ယောက်ထဲမှာမှ အမျိုး သား သုံးဦးနဲ့ အမျိုးသမီး သုံးဦးက သေဆုံးနေတယ်"ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်များက ရိုဂျင်ဂျာများအား ဘိုကလေး ရဲစခန်းသို့ ဖမ်းဆီးလာချိန်တွင် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဒေသခံကဆက်လက်ပြောသည်။

လက်ရှိတွင် အသက်ရှင်လျှက် ကျန်ရှိသည့် ရိုဟင်ဂျာ ၅၉ ဦးကို ဘိုကလေးမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုသိရပြီး အစာရေစာပြတ်လပ်ကာ ပင်လယ်ထဲမှမျောပါလာသည့် ဒဏ်များကြောင့် ကျန်းမာရေးချို့တဲ့နေကြသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ များထံကသိရှိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */