Narinjara
04 Sep, 2022
.png)
ပစ်သတ်ခံရသည့် မူဆလင်လူငယ်မှာ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာမှ အသက် ၂၀ အရွယ် မောင်ဇော်မိရ် ဟူး ဆောင်ဖြစ်ကြောင်း သိရသည်။
၎င်းနှင့်အတူ ဒါးပိုင်ကျေးရွာမှာ မူဆလင်လူငယ်တစ်ဦးတို့သည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက် ၇ နာရီခန့် က ဒါးပိုင်ကျေးရွာမှ ဘုမေကျေးရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ်တွင် ဘုမေကျေးရွာရှိအမှတ် (၃၆) ရဲတပ်ရင်းမှ ၎င်း တို့ကို ခေါ်ယူကာ ကိုဗစ်အပြင်ထွက်ကတ်များကို စစ်ဆေးခဲ့သဖြင့် ၎င်းတို့နှစ်ဦးမှာလည်း အဆိုပါကဒ်များကို ပြသခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် ယင်းရဲတပ်ရင်းရှိ ရဲတစ်ဦးက ၎င်းတို့နှစ်ဦးအနက် ဆိုင်ကယ်မောင်းသူ မောင်ဇော်မိရ်ဟူးဆောင် ကို သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင်ဘုမေရွာသားတစ်ဦးက နိရဉ္စရာသို့ပြောသည်။"သူတို့ က စကားသေချာမပြောတတ်ဘူး။ သူတို့ကတ်တွေပြခဲ့တယ်။ အဲဒီ နောက် ရဲကဘာလုပ်လဲဆိုတော့ ဆိုင်ကယ် မောင်းတဲ့သူရဲ့ ပါးစပ်ဝထဲကို သေနတ်ထည့်ပြီး ဘာဖြစ်လဲမသိဘူး။ သတ်ပစ်လိုက်တယ်။ တခါတည်း အဲဒီနား မှာဆုံးသွားပါပြီ။ ပါးစပ်ကိုသေနတ်နဲ့ ပစ်တယ်ဆိုတာကတော့ ရိုင်းတဲ့လုပ်ရပ်ပါ" ဟုပြောသည်။၎င်းနှင့်အတူ ပါ လာသည့် အခြားမူဆလင်လူငယ်တစ်ဦးကိုလည်း ယင်းအမှတ် (၃၆)ရဲတပ်ရင်းထဲတွင် ထိန်းသိမ်းထားဆဲဖြစ် သည်ဟု ဒေသခံများက ပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသည့် မောင်ဇော်မိရ်ဟူးဆောင်အား ယင်းရဲတပ်ရင်းမှ ရဲကားဖြင့် ဆေးရုံကြီးသို့ပို့ဆောင် ရန် ခေါ်ယူသွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်ပြီး မျက်မြင် အရပ်သားပြောဆိုသလို ပါးစပ်ကို သေနတ်နှင့် တည့်ပြီးပစ်သတ် ခြင်းဟုတ်/မဟုတ်၊ မည်သည့်အတွက်ကြောင့် ယခု သတ်ဖြတ်မှု ဖြစ်ပွားသည်ကို သိရှိလိုသဖြင့် စစ်တွေမြို့နယ် ရဲမှူးနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် ယခုဖြစ် စဉ်နှင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
အမှတ် (၃၆) ရဲတပ်ရင်းသည် မူဆလင်များအား ကိုဗစ်အပြင်ထွက်ကတ်များကို အမြဲစစ်ဆေးလေ့ရှိသည်ဟု လည်း သိရသည်။ (NN-8)
Link : Here
No comments:
Post a Comment