" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 4, 2022

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.04

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရစစ်တွေမြို့တွင် စစ်ကောင်စီ အရာရှိ တစ်ဦးနဲ့ တပ်သားတစ်ဦး ဖမ်းဆီးခံရသည့်အတွက် စစ်ဆေးခံနေရသည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်အနီးမှာ စက်တင်ဘာ ၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံ တွေက RFAကို ပြောပါတယ်။

ဒါးပိုင်ကျေးရွာမှာ နေထိုင်တဲ့ ဇမီရ်ဟူစိန်ဟာ စစ်တွေတက္ကသိုလ် အနီးက ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ကို ဖြတ် သွားတဲ့အချိန်မှာ ရဲကင်းစခန်းထဲကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ မျက် မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

"ဆိုင်ကယ်နဲ့ စာရွက်စာတမ်း ပြနေတုန်းမှာပဲ ပစ်ခတ်ခံလိုက်ရတာပါ၊ ပစ်ခံရတဲ့သူက အနောက်မှာ ထိုင်တာ၊ အ ရှေ့မှာ ဆိုင်ကယ်မောင်းတဲ့ သူရှိတယ်၊ ရဲကင်း စခန်းထဲကနေ ပစ်လိုက်တာ၊ တစ်ချက်ပဲ ပစ်တယ်၊နေရာမှာတင် ဆုံးသွားပါတယ်"


သေဆုံး သူရိုဟင်ဂျာလူငယ်ဟာ အသက် ၁၈ နှစ်ဝန်းကျင်ရှိပြီး ရုပ်အလောင်းကိုတော့ စစ်တွေဆေးရုံကြီးကို ပို့ ဆောင်ထားတယ်လို့ သူကဆိုပါတယ်။

ရိုဟင်ဂျာလူငယ်တစ်ဦး အခုလိုပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဥပေဒချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှေ့က ဆိုင်ကယ်မောင်းတဲ့သူကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးချုပ်နှောင်တာ မလုပ်ဘဲ ပြန်လွှတ် ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်စလင်တွေဟာ လွတ်လပ်စွာ သွားလာခွင့်တွေ ဆုံးရှုံးနေသလို လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေခံနေရတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */