" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 4, 2022

ရိုဟင်ဂျာ ဒုက္ခသည်အရေး တိုင်းပြည် ‘ဝန်ထုပ်ဝန်ပိုး’ ဖြစ်နေ (ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်)

VOA
ဗွီအိုအေမြန်မာပိုင်း
၀၅ စက်တင်္ဘာ၂၀၂၂
Reuters


 ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်းလိုက်ပါတယ်။


“ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတခုဖြစ်နေပါတယ်။နိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယက လက်ခံထားလို့ ရပေမဲ့ သိပ်များများစားစား မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေ လုပ်ကြဖို့ နိုင်ငံတကာအ သိုင်း အဝိုင်းနဲ့ရော၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ တိုင်ပင်ဆွေးနွေး နေရတယ်။” လို့ ANI သတင်းဌာနနဲ့တွေ့ဆုံ မေး မြန်းစဉ် ဝန်ကြီးချုပ် Sheikh Hasina ကပြောဆိုသွားတာပါ။


၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဖြစ်ခဲ့ပြီး စစ်တပ်က နယ်မြေရှင်းလင်းမှု လုပ်စဉ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ တွေထွက်ပြေးသွားခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လူမျိုးတုန်း စေတဲ့ ရည်ရွယ် ချက်နဲ့ လုပ်ဆောင်တ ယ်လို့ ပြောဆိုခဲ့ပေမယ့်၊ န်မာဘက်ကတော့ငြင်းဆိုခဲ့ပြီး၊ ရဲစခန်းတွေကို အကြမ်းဖက် တိုက် ခဲ့တဲ့အတွက် တရားဝင်လုပ် ဆောင်တဲ့ နယ်မြေရှင်းလင်းမှု တခုလို့ ပြောဆိုထားပါတယ်။ ဒီကိစ္စတွက် ICJ နိုင်ငံတ ကာခုံရုံးမှာ လူမျိုးတုန်းအောင်လုပ် ဆောင်မှုစွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဟာ ဝန်ထုပ်ဝန်ပိုးအဖြစ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုလိုက်တဲ့ တချိန်တည်း မှာပဲ တိုင်းပြည်စီးပွားရေးဟာ ခိုင်မာအားကောင်းနေပြီး သီရိလင်္ကာနိုင်ငံလို အကျပ်အတည်းမျိုး ကြုံရမှာ မဟုတ် ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့စီးပွားရေးဟာ အမေရိကန်ဒေါ်လာ ၄၁၆ ဘီလီယံဘိုးရှိပြီး ကမ္ဘာပေါ်မှာ စီးပွားရေးအလျင် အမြန် တိုးတက်နေတဲ့နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ရုရှားယူကရိန်းစစ်ပွဲကြောင့် ထိခိုက်မှုတွေ ရှိနေပေမဲ့၊ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမျိုးအထိ မဖြစ်နိုင်ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */