" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 4, 2022

စစ်တွေမှာ မွတ်ဆလင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 B B C 

ဘီဘီစီမြန်မာပိုင်း
၂၀၂၂ စက်တင်္ဘာလ ၉ ရက်

စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဓါးပိုင်ကျေးရွာကမွတ်ဆလင် လူငယ်တစ်ဦး ဟာ ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ရဲကင်းဘက်ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြော ပါ တယ်။

သေဆုံးတဲ့လူငယ်ဟာ ဓါးပိုင်ကျေးရွာ အကွက်၄ က အသက် ၂၀ အရွယ် မောင်ဇော်မီရ်ဟူစောန်ဆိုသူဖြစ်ပြီး ဘုမေကျေးရွာကို ဆိုင်ကယ်နဲ့သွားစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံတွေအပြော အရ ခေါ်ယူစစ်ဆေးချိန် ပစ်ခတ်ခံရတာလို့ပြောကြသလို ဘုမေကျေးရွာမှာရှိတဲ့ အမှတ် ၃၆ ရဲတပ်ရင်းက ဖြစ် တယ်လို့ပြောကြပါတယ်။

'' ကျွန်တော်တို့ မွတ်ဆလင်တွေ မြို့ထဲဘက်ကသွားလို့ရှိရင် အဲ့ဒီရဲစခန်းဂိတ်တွေမှာ အစစ်ခံကြရပါတယ်။ အဲ့ဒီကလေးက ရဲတပ်ရင်းရှေ့မှာ စစ်ဆေးခံတဲ့အခါ ကိုဗစ်စာရွက်က ပျောက်သွားလို့ ရပ်ကွက်မှာပြန် လျှောက် ထားတယ်လို့ပြောတဲ့အချိန် ရဲတစ်ယောက်က ပစ်လိုက်တာပါ '' လို့ ဒေသခံမွတ်ဆလင်တစ်ဦးက ပြောပါတယ်။

ဒီကနေမနက်ပိုင်း ၁၁ နာရီလောက်မှာတော့ အဲ့ဒီသေဆုံးနေတဲ့ မွတ်ဆလင်လူငယ်ရဲ့အလောင်းကို စစ်တွေဆေး ရုံ ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ မောင်ဇော်မီရ်ဟူစောန်ဟာ ဘုမေကျေးရွာကို ဇနီးသည်အတွက် လိုအပ်တဲ့ဆေးဝါးတွေဝယ်ယူဖို့ထွက် လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်တွေဘက်ကို ဘီဘီစီကမေးမြန်းဖို့ ကြိုး စား နေသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */