" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 8, 2022

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦး ထောင် နှစ်နှစ် ချမှတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.08

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦး ထောင် နှစ်နှစ် ချမှတ်ခံရ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် တရားရုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ် Photo: RFA

ဩဂုတ်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ် သုံးဦး အပါအဝင် ရို ဟင်ဂျာ ၅၆ ဦးကို ဝါးခယ်မမြို့နယ် တရားရုံးက စက်တင်ဘာ ၆ ရက်နေ့ မှာ မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ - ၆ (၃) နဲ့ ထောင် နှစ်နှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


သူတို့ဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ အလုပ် အ ကိုင် ရှားပါးပြီး စားဝတ်နေရေး ခက်ခဲတာကြောင့် ဧရာဝတီတိုင်း ဘက်ကို စက်လှေနဲ့ ရွှေ့ပြောင်းလာစဉ် ဩဂုတ် လ ၂၁ ရက်နေ့က ဝါးခယ်မမြို့နယ်၊ ငှက်ပျောချောင်းတိုက်နယ်၊ ဖိုးခမီထောင့်ကျေးရွာနဲ့ သရွက်မြိုက်ကျေးရွာ ကြားမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ထောင်ချခံရသူတွေဟာ ကလေး သုံးဦး အပါအဝင် အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၂၆ ဦး ဖြစ်ပြီး ကလေး သုံးဦးကို တော့ ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း ကို ပို့လိုက်တယ်၊ လူကြီးတွေကိုတော့ မြောင်း မြထောင်ကို ပို့လိုက်တယ်လို့ ရိုဟင်ဂျာတွေ အချုပ်ကျနေစဉ် စေတနာ့ဝန်ထမ်း ကူညီပေးခဲ့သူတွေက ပြောပါ တယ်။

အခုလို ထောင်ချတာကို မြို့နယ်အုပ်ချုပ်ရေးနဲ့ တရားရေးပိုင်းက လုပ်သွားတာဖြစ်ပြီး နောက်ထပ် တွေ့ခွင့်မရ တော့ဘူးလို့ ရိုဟင်ဂျာအကျဉ်းသားတွေကို ကူညီပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဝါးခယ်မမြို့ခံတစ်ဦး က RFA ကို ပြောပါတယ်။

"ပထမတော့ သူတို့ကို စားရေးသောက်ရေးအတွက် အကူအညီ ပေးခဲ့ရသေးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက သူတို့နဲ့တော့ တွေ့ခွင့်မရတော့ဘူး။ ရုံးချိန်းလည်း သွားလို့မရတော့ဘူး။ ထမင်းတွေဘာတွေ ပေးချင်ရင်တောင် တစ်ဆင့် သွားပေးရတာ။ နောက်ဆက်တွဲကတော့ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းကပဲ လုပ်သွားတာ။ အသေးစိတ် တော့ ကျနော်တို့လည်း သိပ်မသိရသေးဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဦးခင်မောင်သန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အရင်က အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပဲ အရေးယူလေ့ရှိပြီး အခုတစ်ကြိမ်မှာတော့ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနဲ့ အရေးယူပြီး အခုလို ထောင် နှစ်နှစ်ထိ ချမှတ်လိုက်တာ လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ဘူးသီးတောင် မြို့ နယ်တွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၁၉ ဦးကို မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ကြပ်ဝကျေးရွာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေပေါ် အခြေခံပြီး RFA က သီးသန့် ပြုစုထားတဲ့အချက် အလက်တွေအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၈,၀၀ နီးပါးရှိပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ အမ်း၊ သံတွဲနဲ့ မောင်‌တောမြို့နယ်တွေကနေ အလုပ်အကိုင်ရှားပါးမှု ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် တချို့က ပြည်တွင်းမှာပဲ ရွှေ့ပြောင်း နေထိုင်ဖို့ ကြိုးစားရင်း၊ တချို့က မလေးရှား နိုင်ငံကို ရေလမ်းကနေ တရားမဝင် ခိုးဝင်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံကြရတာပါ။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */