" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 30, 2022

အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေဟု NUG ကတိပြု

မဇ္စျိမ
ဩဂုတ်လ ၃၀ ရက်

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာပြည်သူ ဦးရေ ၁,၀၀၀,၀၀၀ (တစ်သန်းကျော်) အိမ်ပြန် နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NGU) ၏ တာဝန်ရှိပုဂ္ဂိုလ်များက ကတိကဝတ် ပြုပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများ ကြားတွေ့ဆုံပွဲကို ယ မန်နေ့ ဩဂုတ်လ ၂၉ ရက် ည ၇ နာရီက Online Video စနစ်ဖြင့် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက " ဘင်္ဂလားဒေ့ရှ်အစိုးရ နှင့် ကုလသမဂ္ဂ တို့ နှင့်အတူ ရိုဟင်ဂျာပြည်သူတွေ အိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သောအခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ထပ်မံကတိပြုလိုပါတယ်" ဟုပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း အပါအဝင် NUGအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး နိုင်ငံတကာရောက် ရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်းသိ ရသည်။

“တွေ့ဆုံဆွေးနွေးပွဲက အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာယီခိုလှုံနေတဲ့ ဒုက္ခသည် တွေရဲ့ အသံတွေကို နား ထောင်ဖို့ပါ။ သူတို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ နေလဲဆိုတာကို သေချာနားလည်ချင်လို့ ဖြစ်ပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သည့် Free Rohingya Coalition အဖွဲ့ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြော သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခွဲခြား ဆက်ဆံမှုများကို ဖြစ်စေသည့် ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်သည့် ဥပဒေများကို ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အစားထိုးရန်အ တွက် လည်း ကတိကဝတ် ပြုထားပြီးဖြစ်သည်။

ထို့ကြောင့် NUG အနေဖြင့် ရိုဟင်ဂျာပြည်သူများ ၊ တိုင်းရင်းသား လူမျိုးအဖွဲ့ အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေး အတွက် ကြိုးပမ်းဆောင် ရွက်ရန် ကတိကဝတ်ပြုထားကြောင်းသိရသည်။

ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရိုဟင်ဂျာများ နေရပ်ပြန်ရေးဆောင်ရွက်ရာတွင် အချက်သုံးချက်ဖြစ်သည့် တရား မျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်းနှင့် ဥပဒေအရလက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းခြင်းများကို ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာများသည် လူ့အခွင့်ရေး ချိုး ဖောက်မှုများဆက်တိုက်ကျူးလွန်နေသည့် စစ် တပ်လက် အောက်တွင် နေရပ်ပြန်ရန်အတွက် အခက်အခဲ များ ကြုံတွေ့ နေရကြောင်း သိရသည်။

“အဓိက အခက်အခဲက လောလောဆယ် စစ်အကြမ်းဖက်အုပ်စုလက်အောက်မှာ ဘာအခွင့်အရေးမှ မရဘဲ ပြန် လာဖို့ မလွယ်ပါဘူး။နောက်နောင် ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တာမျိုး မလုပ်ပါဘူးလို့တောင် ကတိမ ပေး တဲ့အတွက် နံပါတ်တစ် စိုးရိမ်ရတာက ရိုဟင်ဂျာတွေ ပြန်ပြီး အကြမ်းဖက်ခံရမှာကိုပါ” ဟုရိုနေဆန်းလွင်က ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက "မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားစေဖို့အတွက် အကြမ်းဖက် ကျူးလွန်မှု တွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာ ရွှေ့ ပြောင်း ဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရပါ တယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဖွဲ့စည်းပြီးနောက်တွင် နိုင်ငံတော်ယာယီသမ္မတ နှင့် ဝန်ကြီးချုပ်များပါဝင်သည့် ပထမဆုံးတွေ့ဆုံမှုဖြစ်သော်လည်း ယမန်နှစ် ၂၀၂၁ ခုနှစ်က NUGလူ့အခွင့်ရေး ဝန် ကြီး ဦးအောင်မျိုးမင်းအပါဝင် ပြည်ထောင်စုဝန်ကြီးများသည် ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ၊ ရိုဟင်ဂျာများနှင့် တွေ့ဆုံမှုရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */