" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်. Show all posts
Showing posts with label ဘူးသီးတောင်. Show all posts

Thursday, May 9, 2024

ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲ ရိုဟင်ဂျာသောင်းချီ ထွက်ပြေးနေရ

RFA
RFA Burmese
2024.05.09

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မေလ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာ လေးသောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

Monday, May 6, 2024

ဘူးသီးတောင် တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

Arakan Bay News
May 7, 2024

ရက္ခိုင်ပြည်၊ ဘူးသီးတောင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယနေ့ မေလ ၆ ရက် ညနေ ၃ နာရီ ၄၂ မိနစ်အချိန်တွင် တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက Arakan Bay News သို့ပြောသည်။

ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချ (ဓာတ်ပုံ)

DVB
May 6, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးမှာ မေ ၄ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ဒုတပ်မမှူး အပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိစစ်သည် မိသားစုဝင်တွေရဲ့ ရုပ်သံကို ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ မေ ၆ ရက်မှာထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ လေးဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ

RFA
RFA Burmese
2024.05.06 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မစျေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေခိုလှုံနေတဲ့ စာသင်ကျောင်းကို မေလ ၄ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လူလေးဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင် စကခ (၁၅) က ဒုတပ်မမှူးနဲ့ တပ်ဖွဲ့ဝင်တွေ AA ထံ လက်နက်ချ

RFA
RFA Burmese
2024.05.06

ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချခဲ့သည့် စကခ (၁၅) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုဝင်များအား ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့က AA မှ ထုတ်ပြန်ခဲ့စဉ်။ AA Info Desk


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချတယ်လို့ မေလ ၆ ရက် ဒီနေ့မှာ ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ပါတယ်။

Sunday, May 5, 2024

စစ်တပ်ရဲ့ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်း ၄ ရင်းကို သိမ်းလိုက်ပြီလို့ အေအေပြော

BBC
၅ မေလ၂၀၂၄ 

စစ်တပ်ရဲ့ ခမရ ၅၆၄ တပ်ရင်းကို ဧပြီလဆန်းပိုင်းမှာ သိမ်းခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ပါတယ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ် စကခ(၁၅) အပါအဝင် ခမရ (၅၅၁)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄) နဲ့ ခမရ (၅၅၂) တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

အေအေကြောင့် ဘူးသီးတောင်မှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီပြော

BBC
၅ မေ ၂၀၂၄,
 

စစ်ဘေးရှောင်တွေ ‌ခိုလှုံနေတဲ့ ‌ကျောင်း လက်နက်ကျလို့ ထိခိုက်သေဆုံးသူများခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို နယ်မြေခံ‌ဆေးတပ်တွေမှာ ကုသမှုပေးနေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ် 
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၁ ရပ်ကွက်၊ အထက်တန်းကျောင်းဝန်းထဲကို အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ လူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန်

RFA
RFA Burmese
2024.05.04 

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။ AA Info Desk

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ တပ်ရင်း လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

Saturday, May 4, 2024

ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို အေအေသိမ်းပိုက်၊

DVB
May 4, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း ၂ ခုကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် အေအေက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ၃ မိုင်လောက်အကွာမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို အေအေက ၁ လလောက် ထိုးစစ်ဆင်တိုက်ခိုက်အပြီး အဲဒီဌာနချုပ်နဲ့ ခမရ ၅၅၁၊ ခမရ ၅၆၅ တပ်ရင်းတို့ကို မေ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

Thursday, May 2, 2024

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများကူညီ

နိရဉ္စရာ
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၂ / ၂၀၂၄

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများမှအကူညီ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကောင်စီ၏ ပယောဂကြောင့် ရိုဟင်ဂျာနှင့် ရခိုင်တို့၏ တဒင်္ဂချစ်ကြည်ရေး ပြိုလဲပြီလော

Myanmar Now
ရောင်နီ
May 1, 2024

စစ်ကောင်စီသည် ခေတ်အဆက်ဆက်က ၎င်းတို့ဖိနှိပ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များကို လက်နက်တပ်ဆင်ပေး၍ တစ်ဖုံ၊ ဆန္ဒပြခိုင်း၍ တစ်နည်း အသုံးချကာ ဒေသခံများ၏ အားပေးထောက်ခံမှုရနေသော AA ကို တိုက်ခိုက်ရန်၊ ဒေသတွင်းပဋိပက္ခဖန်တီးရန် အပြင်းအထန် ကြိုးပမ်းနေသည်။

ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး ပြတ်တောက်နေမှုသည် အာရက္ခတပ်တော် (AA) အင်အား အတော်အတန်ကြီးထွားလာသည့် ၂၀၂၁ နောက်ပိုင်းတွင် အဆုံးသတ်နိုင်ခဲ့သည်။

Monday, April 29, 2024

ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် AA ထုတ်ပြန်

BBC
၂၇ ဧပြီ ၂၀၂၄ 

ဘူးသီးတောင်မြို့ ရပ်ကွက် ၅ ထဲက မီးရှို့ခံရတဲ့ နေအိမ်မြင်ကွင်း


ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကို အာရက္ခတပ်တော် (AA) က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

Tuesday, April 23, 2024

ဘူးသီးတောင်ကို လက်မလွှတ်ရရန် စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချ

Myanmar Now
April 23, 2024


အင်အားကြီးထွားလာသည့် ရခိုင်တပ် AA ကို တန်ပြန်ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာအပါအဝင် မွတ်စလင်များကို စစ်သင်တန်းနှင့် လက်နက်များ ပေးကာ ၎င်းတို့နှင့်အတူ မြို့ကို ထိန်းချုပ်ခိုင်းထားသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက စွပ်စွဲလိုက်ပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ရခိုင်စစ်ရေးပြင်းထန်ချိန် လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ထပ်ပြီး ပေါက်ကွဲ ထွက်လာနိုင်လား

BBC
ဧပြီလ ၂၂ ရက် ၂၀၂၄ 

အေအေဆန့်ကျင်ရေး ဘူးသီးတောင် ဆန္ဒပြပွဲ


တိုက်ပွဲတွေ ပြင်းထန် နေခဲ့တဲ့ ရခိုင်ရဲ့ မြေပြင် အခြေအနေဟာ ပို ဆိုးရွား ရှုပ်ထွေး လာတယ်လို့ အကဲ ခတ်တွေက ပြောပါတယ်။ အခုဆိုရင် လူမျိုးရေး အခြေခံ ပဋိပက္ခတွေ အသွင်မျိုး ရခိုင်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲ ထွက်လာတော့မလား ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်ချက်တွေ အတော်လေး ကြီးကြီးမားမား ပေါ်ထွက်လာပါတယ်။

Sunday, April 21, 2024

ဘူးသီးတောင်မြို့ပေါ် နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရကြောင်း AA ပြော

RFA
RFA Burmese
2024.04.19

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို ၂၀၂၄ ခုနှစ် ဧပြလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Myanmar Military

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ပြောပါတယ်။

သူခိုးက လူပြန်ဟစ်တာ (ရုပ်/သံ)

ဧရာဝတီ
စောမေရီ၊ ဧပြီ ၂၀၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက လူမျိုးရေး ပဋိပက္ခတွေကို အာရက္ခတပ်တော် (AA) က ဖန်တီးနေတာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက်က စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကနေ တဆင့် စွပ်စွဲပြောဆိုထားပါတယ်။ 

မြေပြင်မှာရှိနေတဲ့ ရိုဟင်ဂျာရွာသားတွေ အပါအဝင် AA၊ ရခိုင့်အရေးစောင့်ကြည့်လေ့လာသူတွေနဲ့ ရိုဟင်ဂျာအ ရေး လှုပ်ရှားသူတွေကတော့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ ပြောင်းပြန် ဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပြကြပါတယ်။ 

Friday, April 19, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Fri, 04/19/2024 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်း ဧပြီလ (၁၇) ရက်နေ့ နံနက်(၁၁) နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်ဆလင်များမှ လုပ်ဆောင်ခဲ့ကြောင်း စွပ် စွဲချက် ထွက်ပေါ်မှုများ ၊ အိန္ဒိယ မီဒီယာတစ်ခုမှ စွပ်စွဲရေးသား ဖော်ပြမှုများ ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် ရဲ့ လူမှုကွန်ရက်တွင် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် (၁၆၀၀) နှင့် ဗုဒ္ဓဘာသာဝင်(၁၂၀) အား အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ရေးသားချက် ၊ ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

အိန္ဒိယ Express ဖော်ပြတဲ့ ဘူးသီးတောင်သတင်း စစ်ကောင်စီငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၉ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ/EPA/MIN THEIM KHINE)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က တုံ့ပြန်ပါတယ်။

ဘူးသီးတောင်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေဟု စစ်‌ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တန်ပြန်စွပ်စွဲလာ

Narinjara
သဉ္ဇာနွယ်/ နိရဉ္စရာ
ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးများပိုင် နေအိမ်များအား စစ်ကောင်စီတပ်ဦးဆောင်မှုဖြင့် စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင် မွတ်ဆလင်များက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော်(AA)ကို လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်ဟု တန်ပြန် စွပ်စွဲ ပြောဆိုလိုက်သည်။

Tuesday, April 16, 2024

ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံး

Arakan Bay News
April 16, 2024

ရက္ခိုင်ပြည်။ ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ သိန်းတန်အုပ်စု၊ ပြင်လှကူနာ မူဆလင်ရွာမှအသက် ၆၄ နှစ်အရွယ် ဦးနိုရ်ရူဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */