Monday, May 20, 2024

ဘူးသီးတောင်အကြမ်းဖက်မှုသတင်း ကုလလူ့အခွင့်အရေးမင်းကြီးစိုးရိမ်

RFA
RFA Burmese
2024.05.19 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Turk အား တွေ့ရစဉ်။ FABRICE COFFRINI/ AFP

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုပြန်ဖြစ်ပွားပြီး အိုးအိမ်စည်းစိမ် ပျက်စီးရတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူး စိုးရိမ် ထိတ်လန့်ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က မေ ၁၉ ရက်က ပြောကြားလိုက်ပါတယ်။

ရလဒ်အဖြစ် ထောင်သောင်းချီတဲ့ အရပ်သားတွေ၊ အဓိက အားဖြင့် ရိုဟင်ဂျာတွေ နေရပ်ရွှေ့ပြောင်းရမယ့် အလားအလားရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက သွေးထိုးလှုံ့ဆော်မှုနဲ့အတူ ရခိုင်တိုင်းရင်းသားနဲ့ရိုဟင်ဂျာ အသိုင်းအဝိုင်း အချင်းချင်းကြား တင်းမာမှုနဲ့ အတူ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ထပ်ဖြစ်မယ့် စိုးရိမ်ဖွယ်ကာလဖြစ်တယ်လို့လည်း ပြောပါတယ်။

စိုးရိမ်ဖွယ်အကြမ်းဖက်မှု အရိပ်အယောင်ရှိတဲ့ အချက်အလက် သတင်းတွေကို အတည်ပြုဖို့ ကြိုးစားနေချိန်မှာ အပစ်ရပ်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ချက်ချင်းအရောက်ပေးခွင့်ပြုဖို့၊ နိုင်ငံတကာဥပဒေအတိုင်း ခြွင်းချက်မရှိအပြည့်အဝလိုက်နာဖို့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) ကို တိုက်ရိုက်မေတ္တာရပ်ခံပါကြောင်း Volker Turk ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

တဆက်တည်း လုံခြုံရာရှာဖွေတဲ့ အားနည်းတဲ့သူတွေကို အကာအကွယ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ထပ်မံ မေတ္တာရပ်ခံပြီး နိုင်ငံတကာကိုလည်း လိုအပ်သလို ထောက်ပံ့ဖို့ တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူလိုက်ပြီလို့ AA က မေ ၁၈ ရက်နေ့က ကြေညာပါတယ်။

မြို့ကို မသိမ်းပိုက်ခင် ဘူးသီးတောင်မြို့မှာရှိတဲ့ ရိုဟင်ဂျာနှစ်သိန်းကျော်ကို ရှောင်ခွာထွက်ပြေးဖို့ AA က သတိပေးခဲ့တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့က တိုက်ပွဲတွေ အကြောင်းနဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို AA က မီးရှို့တယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ AA ကို မေးမြန်းဖို့ RFA က ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမဖြစ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မေလ ၁၈ ရက်နေ့က တိုက်တွန်းထားပါတယ်။

ဆက်နွယ်သောသတင်းများ 
 
 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */