KIC
February 16, 2025
ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အင်းစိန်အကျဥ်းထောင်တွင်ထားရှိသည့် ရိုဟင်ဂျာအကျဥ်းသား (၅၈၄)ဦး၊ အကျဥ်းသား (၂၆၇)ဦး၊ ကလေးငယ်(၆၇)ဦးတို့အား စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်းတွင် ရေကြောင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ပြောသည်။
February 16, 2025
Photo: Anadolu Agency (ပုံဟောင်း)
ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အင်းစိန်အကျဥ်းထောင်တွင်ထားရှိသည့် ရိုဟင်ဂျာအကျဥ်းသား (၅၈၄)ဦး၊ အကျဥ်းသား (၂၆၇)ဦး၊ ကလေးငယ်(၆၇)ဦးတို့အား စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်းတွင် ရေကြောင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ပြောသည်။
နိုင်ငံတဝှမ်းအကျဥ်းထောင်များတွင် အကျဥ်းချခံထားရပြီး လွတ်ရက်စေ့သူများလည်းပါဝင်သည့် ရိုဟင်ဂျာစုစုပေါင်း (၉၁၈)ဦးအား အင်းစိန်အကျဥ်းထောင်တွင် ထားရှိပြီးမှ ရေကြောင်းမှတဆင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာ၊ စစ်မြေပြင်ရှေ့တန်းသို့ ပို့ရန် စစ်ကောင်စီက စီစဥ်ထားကြောင်း သိရှိရသည်ဟု PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“မနေ့ကပဲ လဝက ကနေ သူတို့ကို ဘာမှန်းမသိသေးတဲ့အထောက်အထားကတ်တွေ လာလုပ်ပေးသွားတယ်။ စစ်တွေဆိုတာ AA နဲ့စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ နဂိုကတည်းကမလွှတ်ပေးခဲ့တဲ့ ရိုဟင်ဂျာတွေကို အခုချိန်မှကောက်စီစဥ်တယ်ဆိုတာ သူတို့ကို လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်တဲ့အပြင် စစ်မှုထမ်းဖို့လည်း ကြုံရနိုင်ပါတယ်။ ဖြစ်နိုင်တဲ့နည်းလမ်းကိုပြောတာပါ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ဖော်ပြပါအသုံးချခံရနိုင်သည့်အခြေအနေများကြောင့် ရှိနေပြီးသား လူမျိုးရေးပဋိပက္ခပိုမိုကြီးထွားမှုကို ဖြစ်စေနိုင်ကြောင်းလည်း PPNM ၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်သာမက ဘူးသီးတောင်၊ မောင်တောနှင့်ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီက စစ်အင်အားလိုအပ်ချက်ကို ဖြည့်တင်းရန် အဓိကထားပြီး စစ်ဘေးရှောင်စခန်းများတွင်ပါမချန် ပြည်သူ့စစ်အဖြစ် လူစုဆောင်း လက်နက်တပ်ဆင်ပေးခြင်းတို့အပြင် စစ်ပွဲများအတွင်း လူသားဒိုင်းအနေဖြင့် အသုံးပြုလျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအား အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှု လုပ်ဆောင်ခဲ့သော မြန်မာစစ်တပ်သည် ယင်းအမှုဖြင့်စပ်လျဥ်းပြီး အာဂျင်တီးနားတရားရုံး၏ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရသည်။
အဆိုပါဖမ်းဝရမ်းတွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် စစ်တပ်အရာရှိ ၂၀ ကျော်အပြင် စစ်ကောင်စီ၏ လက်ရှိအချိန်ထိ ဖမ်းဆီးအကျဥ်းချထားခြင်းခံရသည့် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်သည်ဟု အာဂျင်တီးနားတရားရုံး၏ ကြေညာချက်က ဖော်ပြသည်။

Link : Here
No comments:
Post a Comment