mizzima
ဂျူချန်း
May 18, 2024
ဂျူချန်း
May 18, 2024
မဇ္ဈိမ။ ။ အာရက္ခတပ်တော် (AA)က ရှို့သည့်မီးကြောင့် ဘူးသီးတောင်မြို့ပေါ်မှ နေအိမ်ပေါင်း ၈,၀၀၀ ခန့် မေလ ၁၇ ရက်က ဆုံးရှုံးသွားခဲ့ရသည် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးအပြောအရ သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာအများစုနေထိုင်သောမြို့၏ ရပ်ကွက်အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၇) ရပ်ကွက်များတွင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဘူးသီးတောင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်၏နေအိမ်လည်းအပါအဝင်ဖြစ်သည်။
“အိမ်ခြေထောင်ချီမီးရှို့ခံရတာပါ။ အနည်းဆုံး ၈,၀၀၀ လောက်ရှိမယ်လို့ သိရတယ်။ အတိအကျတော့ ပြောရခက်ပါတယ်။ ဒရုန်းနဲ့ မဟုတ်ပါဘူး။ AA တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ရှို့တာပါ။ AA တပ်ဖွဲ့ဝင် မီးရှို့တာပါ။ အဲဒီဘူးသီးတောင်မြို့ပေါ်မှာ စစ်တပ်လည်း မရှိဘူး။ အခြားလက်နက်ကိုင် ဘယ်အဖွဲ့မှ မရှိဘူး။ မနေ့ည ၉ နာရီခွဲမှာ AA တပ်ဖွဲ့ဝင်တွေ ဝင်လာပြီး ရှို့တာပါ။ လူတိုင်းမြင်ပါတယ်။ သိကြပါတယ်” ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် က မဇ္ဈိမသို့ပြောသည်။
မီးလောင်ဆုံးရှုံးသွားသော နေအိမ်တခုမှာ အမှတ် (၂) ရပ်ကွက် မေယုလမ်းတွင်တည်ရှိသော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရွေးချယ်ခံခဲ့ရသော ဦးရွှေမောင်၏ နေအိမ်ဖြစ်သည်။
“ဘူးသီးတောင်မှာ ရှိသမျှရိုဟင်ဂျာတွေအများဆုံးနေတဲ့ ရပ်ကွက်တွေကို မီးရှို့တာ War crime မြောက်တယ်။ စစ်ရာဇဝတ်မှုမြောက်တယ်။ မြို့ပေါ်မှာ စစ်တပ်ကမရှိတော့ဘူး။ AA ပဲရှိတာ။ နှစ်ဖက်တိုက်ပွဲဖြစ်တာမဟုတ်ဘူးဆိုတာကိုတော့ ကျနော်အာမခံပြောရဲတယ်” ဟု ဦးရွှေမောင် ကပြောသည်။
ဦးရွှေမောင်ကို ကြံခိုင်ရေးပါတီမှ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင်းကထုတ်ပယ်ခဲ့သည်။
ဘူးသီးတောင်တွင်အခြေအနေများဆိုးရွားနေပြီး ယမန်နေ့တရက်တည်းတွင်ပင် AA ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူလည်း ၁၈ ဦးရှိသည်ဟု ကူညီရေးသမားနှင့် တက်ကြွလှုပ်ရှားသူတို့က ပြောသည်။
နံနက် ၁၀ နာရီအချိန်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးဦး၊ မွန်းလွဲ ၁ နာရီက ဒရုန်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေဆုံးပြီး ညနေ ၄ နာရီဝန်းကျင်က လေးဦးသေဆုံးသွားကာ ဒဏ်ရာရသူများလည်းရှိနေခဲ့သည်ကို စာရင်းကောက်ယူရရှိခဲ့ကြသည်ဟုဆိုသည်။
မြန်မာတယ်လီဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခံထားရပြီး နေရာအချို့တွင်သာ ဘင်္ဂလားဒေ့ရှ်ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြင့် ဆက်သွယ်၍ရခြင်းကြောင့် ဒေသတွင်းသတင်းများမှာ အဝေးရောက် တက်ကြွလှုပ်ရှားသူများကို အားကိုးရသည်။
ဘူးသီးတောင်မြို့မှ အနောက်တောင်ဘက်ရှိ ကကျဘက်နှင့်ကံပြင်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမှတ်(၇) ရပ်ကွက်မှ အရပ်သား လေးဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းရှိနေသော လုံခြုံရေးအရ အမည်မဖော်လိုသော ကူညီရေးသမားတဦးကပြောသည်။ သို့သော် အသေးစိတ်ကို မသိရပါ။
နေ့ခင်း ၁ နာရီခန့်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုတွင်လည်း ၁၀ ဦးထက်မနည်း သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရိုနေဆန်းလွင်က ပြော သည်။ ယင်း စာသင်ကျောင်းနှင့် ဆေးရုံတို့တွင် ကကျဘက်၊ ကံပြင်၊ အလယ်ချောင်း၊ လက်ဝဲဒက် စသည့် ကျေးရွာများမှ ရိုဟင်ဂျာများ ခိုလှုံနေခဲ့ကြသည်ဟု ဆိုသည်။
“လူလေးယောက်သေပြီးတော့ လူတွေက ကြောက်လန့်ပြီး မြို့ရဲ့ Center (ဗဟို) မှာ လူစုကြတယ်။ စုတဲ့နေရာကလည်း အထက်တန်းကျောင်းရယ်။ ဆေးရုံရယ်။ ခု AA ကပစ်လိုက်တာ အဲ့ဒီအထက်တန်းကျောင်း နဲ့ ဆေးရုံ။ အဲ့ဒီမှာ လူအများကြီးသေတယ်” ဟု ကူညီရေးသမားကလည်း ပြောသည်။
ညနေ ၄ နာရီခန့်တွင် မီးလောင်မှုကြောင့် ထွက်ပြေးသည့်အရပ်သားများအနက် လေးဦး ထပ်မံသေဆုံးသွားကြောင်း ရိုနေဆန်းလွင်က ဆိုသည်။ သို့သော် ထိုသေဆုံးသူလေးဦးသည် မိုင်းထိ၍သေဆုံးမှုလား၊ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှုလား ရှင်းရှင်းလင်းလင်းမသိရပါ။
ယနေ့တွင် ဒေသခံထောင်ပေါင်းများစွာသည် မောင်တော-ဘူးသီးတောင်လမ်းမပေါ်တွင်ရှိသည့် ဘူးသီးတောင်အကျဉ်းထောင်တွင် သွားရောက်ခိုလှုံနေကြသည်များရှိသကဲ့သို့ အခြားနေရာများကို တိမ်းရှောင်ရန် ပြင်ဆင်နေကြသူများလည်းရှိသည်ကို ဒေသခံများနှင့် အဆက်အသွယ်ရရှိထားကြောင်း ဦးရွှေမောင်က ပြောသည်။
ကူညီဆောင်ရွက်သူကလည်း “ကျနော်တို့ ကြားမိသလောက်ဆို (စစ်ဘေးရှောင်) သုံးသောင်းလေးသောင်းလောက်ရှိမယ်။ အခု မြို့မှာ လူတွေမရှိတော့ဘူး။ မီးရှို့နေတာ ခုမနက်ဖုန်းရတော့ ခုမနက် (မေလ ၁၈ ရက်)အထိကြားပါတယ်။ အဲ့ဒီဘူးသီးတောင်မှာ မီးလောင်နေတာကို မောင်းတောကနေတောင် လှမ်းမြင်ရတယ်” ဟု ပြောသည်။
ကာယကံရှင်များက ရိုဟင်ဂျာဟု သုံးနှုံးခေါ်စေချင်သော်လည်း ဦးနေဝင်းအစိုးရမှသည် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်က ဘင်္ဂါလီဟုသုံးနှုံးခေါ်ဆိုပြီး မြန်မာမှာ ရိုဟင်ဂျာဆိုတာမရှိကြောင်း ငြင်းဆိုထားခဲ့ကြသည်။ ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရလက်ထက်က မူဆလင်များဟု ပြောင်းလဲသုံးနှုံးခဲ့ပြီး လက်ရှိ အာရက္ခတပ်တော်ကလည်း မူဆလင်ဟုသုံးနှုံးသည်။
မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် နယ်မြေရှင်းလင်းရေးလုပ်ရာ ရိုဟင်ဂျာတသန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြရသည်။
၂၀၂၃၊ နိုဝင်ဘာမတိုင်မီက လူ့အသိုင်းအဝိုင်းနှစ်ခုအကြား ဆက်ဆံရေးတွင် တိုးတက်မှုအချို့ရှိခဲ့သည်။ သို့သော် စစ်ကောင်စီက ရိုဟင်ဂျာလူငယ်များကို စစ်သားစုဆောင်းမှုများနှင့် ရိုဟင်ဂျာတချို့က AA ဆန့်ကျင်ရေးဆန္ဒပြပွဲများပေါ်ပေါက်လာပြီးနောက် အခြေအနေများရှုတ်ထွေးမှုများတိုးလာခဲ့သည်။
” ရခိုင်မြောက်ပိုင်းရှိ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးရမည့်အရေး ကြုံလာရသောအခါ စစ်ကောင်စီသည် အသိုင်းအဝိုင်းနှစ်ခုအကြား လူမျိုးရေးတင်းမာမှုမြင့်တက်လာအောင် ပြဿနာမီးမွှေးလာသည်။ စစ်ကောင်စီက အချို့ဒေသရှိ ရိုဟင်ဂျာများကို မက်လုံးပေး၍တနည်း၊ ခြောက်လှန့်၍တဖုံ ၎င်းဘက်သို့ပါလာစေရန် စည်းရုံးသိမ်းသွင်းလာသည်။” ဟု နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG)၏ မေလ ၁၇ ရက်နေ့က ထုတ်ပြန်သော “မြန်မာ့အနောက်တံခါးဝက စစ်မီး၊ ရခိုင်-ရိုဟင်ဂျာပဋိပက္ခကို ရှောင်ရှားခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။
” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထူထောင်ရန် ရည်မှန်းထားသည့် ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်)သည် ရခိုင်ပြည်နယ်အတွင်းက လူ့အသိုင်းအဝိုင်းအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ အုပ် ချုပ်မည်ဟု ကြွေးကြော်ခဲ့သည်။ သို့သော် မကြာသေးမီက ထွက်ပေါ်လာသော ၎င်းတို့၏ ပြောဆို၊ ရေး သားချက် အာဘော်နှင့် လုပ်ဆောင်ချက်များသည် ရိုဟင်ဂျာများကို ဒေါသထွက်စေခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ မြင့်တက်လာသည်။ ” ဟုလည်း အစီရင်ခံစာတွင်ပါရှိသည်။
ICG က ရခိုင်နှင့် ရိုဟင်ဂျာခေါင်းဆောင်များ လက်တွဲ၍ ပဋိပက္ခအန္တရာယ်ကို လျှော့ချရန်လည်း အကြံ ပြုထားသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးလက်နက်ကိုင်တပ်တခုဖြစ်သော AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပါ။
သို့သော်ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၃၅၃) အား မေလ ၁၄ ရက်နေ့ သိမ်းပိုက်စဉ်အတွင်းတွင် စခန်းတွင်း စစ်ကောင်စီမှ သုံးရက်ခန့်အစာမကျွေးဘဲ ဖမ်းဆီးထားသည့် မူဆလင် ကလေးငယ် အမျိုးသား အမျိုးသမီးစုစုပေါင်း ၃၅ ဦး ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA က ယနေ့တွင် ရုပ်သံဖိုင်တခုနှင့်အတူ ထုတ်ပြန်သည်။ ယင်းရုပ်သံတွင် အမျိုးသမီး သုံးဦး၊ မိန်းကလေးငယ် တဦး နှင့် အသက်မပြည့်သည့် ယောကျ်ားလေး ရှစ်ဦး ပါဝင်ကြောင်း တွေ့ရသည်။
ထို့အပြင်ဘူးသီးတောင်မြို့တွင်ရှိသည့် အခြေချစစ်ဗျူဟာအပါအဝင် နောက်ဆုံးလက်ကျန်တပ်စခန်းများ အားလုံးကို ယနေ့မွန်းတည့်ချိန်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း AA က ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
ထွက်ပြေးနေသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို AA မှ ဆက်လက်ရှာဖွေတိုက်ခိုက်နေသဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် ဘူးသီးတောင် အနီးဝန်းကျင်ကျေးရွာများတွင် နေထိုင်သူများကိုလည်း စစ်ရေးသတိဖြင့် နေထိုင်ကြရန် AA က သတိပေးထားသည်။

Tagged AA, စစ်ကောင်စီ, ဘူးသီးတောင်, ရိုဟင်ဂျာ
No comments:
Post a Comment