Wednesday, May 29, 2024

အနောက်တံခါးဘက်က ဆုံးရှုံးမှုတွေ

BBC
၂၉ မေ ၂၀၂၄, 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်က တပ်ရင်းဌာနချုပ် ၃၄ ခုထက် မနည်း ဆုံးရှုံးခဲ့
 
ရှမ်းပြည်နယ် နည်းတူ တပ်ရင်းဌာနချုပ် တွေအများဆုံး ဆုံးရှုံးခဲ့တာ ရခိုင်ပြည်နယ်မှာဖြစ်ပြီးအနောက် ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်က တပ်ရင်းဌာနချုပ် ၃၄ ခုထက် မနည်း ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နဲ့ ဘူးသီးတောင်အခြေစိုက် အ မှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကိုပါ သိမ်းပိုက်ခဲ့လို့ ဗိုလ်မှူးချုပ် အဆင့် ကွပ်ကဲတဲ့ စစ်ဌာနချုပ်နှစ်ခုအထိ ရက္ခိုင့်တပ်တော်(အာရက္ခတပ်တော်)က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခု အောက်မှာ ဗျူဟာ သုံးခု နဲ့ တပ်ရင်း (၁၀) ခု ရှိတာ ဖြစ်လို့ စကခ နှစ်ခု သိမ်းပိုက်ခံရပြီးတဲ့နောက် အနည်းဆုံး တပ်ရင်းဌာနချုပ် နှစ်ဆယ်ကျော် သိမ်းပိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ချင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ပလက်ဝ၊ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့တွေမှာ အခြေစိုက်တဲ့ တပ်ရင်း၊ ဌာနချုပ်တွေ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကိုပါ သိမ်းတဲ့ အာရက္ခတပ်တော်

ဒါ့အပြင် တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း၊အမြောက်တပ်၊ လုံခြုံရေးရဲတပ်ဖွဲ့ နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေပါ သိမ်းပိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကိုလည်း အိမ်နီးချင်းနိုင်ငံတွေထဲမှာ စစ်မက်ဖြစ်ပွားနိုင်ခြေရှိတဲ့ နိုင်ငံအဖြစ်သတ်မှတ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှာ တပ်ရင်းတပ်ဖွဲ့တွေ ထပ်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ရှမ်း/မြောက်က ၁၀၂၇ စစ်ဆင်ရေးမှာဝင်တိုက်ပေးတဲ့ ရက္ခိုင့်တပ်တော်(အာရက္ခတပ်တော်)ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ရာထူးကဖယ်ရှားခံခဲ့ရပေမယ့် တိုင်းမှူးအသစ်လက်ထက်မှာလည်း တပ်ရင်းဌာနချုပ်တွေ ဆက်လက်ဆုံးရှုံးနေတာ ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */