ဧရာဝတီ
သူ့အတွေး သူ့အမြင်
ဗညားအောင်
12 December 2024
မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) လက်နက်ချသူများတွင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဝင်များ တွေ့ရသည် / AA Info Des
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဆန်း၌ မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ပြောင်မြောက်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်မြစ်ကြောင်းအပါအဝင် ၁၆၈ မိုင်ရှည်လျားသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်၏။
ထို့ပြင် ရခိုင်ပြည်နယ်၏ မြို့အများစု၊ နယ်မြေအများစုကို စစ်ကောင်စီတပ် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ဤသို့သောကာလတွင် ဘင်္ဂလားဒေ့ရှ်သည် နယ်စပ်ကုန်သွယ်ရေးပြဿနာ၊ နှစ်နိုင်ငံ နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ AA နှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်လာသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာသည်လည်း AA နှင့် ဖြေရှင်းရမည့်ပြဿနာ ဖြစ်လာခဲ့ပြီဖြစ်၏။
လက်ရှိမြေပြင်တွင် တွေ့ရသည့် ရိုဟင်ဂျာ မွတ်ဆလင်များ၏ အခြေအနေမှာ မြေပြင်အခြေအနေအရ ပြည်တွင်းရှိ မွတ်ဆလင်များနှင့် ပြည်ပရောက် မွတ်ဆလင်များဟု အုပ်စုနှစ်ခု ခွဲခြားနိုင်၏။ ပြည်တွင်းရှိ မွတ်ဆလင်များတွင် AA ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် နေထိုင်ကြသည့် မွတ်ဆလင်များနှင့် မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်ရှိ မွတ်ဆလင်များအဖြစ် နှစ်မျိုးခွဲခြားနိုင်သည်။
မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) လက်နက်ချသူများတွင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဝင်များ တွေ့ရသည် / AA Info Deskရခိုင်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်ရှိ မွတ်ဆလင်များကို စစ်တွေနှင့် ကျောက်ဖြူ မြို့နယ် နှစ်ခုတွင်သာ တွေ့ရပြီး လူဦးရေ ၁ သိန်းခန့်ရှိ၏။ ထိုမြို့များတွင် ရိုဟင်ဂျာ မွတ်ဆလင်များအား စစ်တပ်က ကန့်သန့်ထိန်းချုပ်ထားဆဲဖြစ်ပြီး ရခိုင်နှင့် မွတ်ဆလင်များကြား ဆက်ဆံရေးသည် ခပ်တန်းတန်းသာဖြစ်၏။
ထိုဒေသရှိ မွတ်ဆလင်များကို စစ်ကောင်စီတပ်က ပျူစောထီးများအဖြစ် အဓမ္မစုဆောင်းပြီး စစ်သင် တန်းပေးထားသည်။ စစ်တပ်အတွက် လုံခြုံရေးတာဝန်ယူစေသည်ကို တွေ့ရ၏။
ထိုမွတ်ဆလင်ပျူစောထီးများထဲတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလိုသူအချို့ ရှိနိုင်သော်လည်း စစ်တပ်၏ အဓမ္မစုဆောင်း စစ်သင်တန်းပေးမှုကြောင့် ထိုနှစ်မြို့ရှိ မွတ်ဆလင် အားလုံးသည် သူတို့၏ ဆန္ဒအရ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည်ဟု မဆိုနိုင်ပါ။
ဒုတိယအုပ်စုမှာ ပြည်ပရောက် ရိုဟင်ဂျာ မွတ်ဆလင်များဖြစ်ပြီး မွတ်ဆလင်လူဦးရေ၏ အများစုဖြစ်၏။ ပြည်ပရောက် မွတ်ဆလင်များထဲတွင် တတိယနိုင်ငံဟုခေါ်ကြသည့် ပြည်ပအနောက်နိုင်ငံများသို့ရောက်ရှိနေသည့် မွတ်ဆလင်များနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ မွတ်ဆလင်များဟု အုပ်စုနှစ်စုကို တွေ့မြင်ရ၏။
တတိယနိုင်ငံများသို့ ရောက်နေကြသူအများစုမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများ၊ပညာတတ် များ၊ ချမ်းသာကြွယ်ဝသူများ ဖြစ်ကြ၏။ ထိုသူများက ၂၀၁၇ မှစ၍ မြန်မာစစ်တပ်၊ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲပြစ်တင်ပြီး နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုရန် ကြိုးပမ်းကြ ကာ ၂၀၂၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ၌ စစ်ခေါင်းဆောင်များကို စွဲချက်တင်နိုင်ခဲ့သည်ကို တွေ့ရသည်။ ထိုတတိယနိုင်ငံရောက် အုပ်စုသည် ပြည်ပရောက် မွတ်ဆလင်များထဲမှ အနည်းစုဖြစ်၏။
လူဦးရေအများစုမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ မွတ်ဆလင်များ ဖြစ်ကြ၏။ ထိုအုပ်စုများသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ အကြောင်းကြောင်းနှင့် ရောက်ရှိလာကြသူများဖြစ်၏။
ထိုဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် တတိယနိုင်ငံများတွင် ရောက်ရှိနေသည့် တက်ကြွလှုပ်ရှားသူများ၏ ဩဇာသက်ရောက်မှု တစုံတရာရှိသကဲ့သို့ ဒုက္ခသည်စခန်းများတွင် အခြေ ပြုလှုပ်ရှားနေကြသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်လှုံ့ဆော်မှု၊ အကျပ်ကိုင်ခြိမ်းခြောက်မှုများအောက်တွင်လည်း ရှိကြ၏။
ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာ ဖြေရှင်းရေးသည် မလွဲမရှောင် ဖြေရှင်းရန် လိုသည့်ပြဿနာဖြစ်သည်ကို အငြင်းပွားရန် မရှိပေ။ အရေးကြီးသည့်အချက်မှာ မည်သို့သော အခြေခံအချက်များပေါ်တွင် ဤပြဿနာကို ဖြေရှင်းသွားမည်နည်း ဆိုသည့်အချက်ဖြစ်၏။
လက်တွေ့အခြေအနေလက်ရှိမြေပြင်တွင် တွေ့ရသည့် ရိုဟင်ဂျာ မွတ်ဆလင်များ၏ အခြေအနေမှာ မြေပြင်အခြေအနေအရ ပြည်တွင်းရှိ မွတ်ဆလင်များနှင့် ပြည်ပရောက် မွတ်ဆလင်များဟု အုပ်စုနှစ်ခု ခွဲခြားနိုင်၏။ ပြည်တွင်းရှိ မွတ်ဆလင်များတွင် AA ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် နေထိုင်ကြသည့် မွတ်ဆလင်များနှင့် မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်ရှိ မွတ်ဆလင်များအဖြစ် နှစ်မျိုးခွဲခြားနိုင်သည်။
လက်ရှိရခိုင်တွင် စစ်တွေနှင့် ကျောက်ဖြူမှအပ ကျန်မြို့နယ်များမှာ AA ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်၍ ရခိုင်ရှိ မွတ်ဆလင်လူဦးရေ သိန်းဂဏန်းမှာ AA ၏ ထိန်းချုပ်မှုအောက်တွင်ရှိ၏။ ထိုဒေသများတွင် AA က လူ့အသိုင်းအဝန်းနှစ်ခု သဟဇာ တဖြစ်ရေးမူနှင့် အားလုံးပါဝင်သည့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်နေကြောင်း တွေ့ရ၏။ AA ၏ မူဝါဒကို မွတ်ဆလင်အားလုံးက ထောက်ခံသည်ဟု မှတ်ယူ၍ မရသော်လည်း အများစု တက်တက်ကြွကြွ ပါဝင်နေသည်ကို တွေ့ရသည်။လက်ရှိရခိုင်တွင် စစ်တွေနှင့် ကျောက်ဖြူမှအပ ကျန်မြို့နယ်များမှာ AA ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်၍ ရခိုင်ရှိ မွတ်ဆလင်လူဦးရေ သိန်းဂဏန်းမှာ AA ၏ ထိန်းချုပ်မှုအောက်တွင်ရှိ၏။ ထိုဒေသများတွင် AA က လူ့အသိုင်းအဝန်းနှစ်ခု သဟဇာတဖြစ်ရေးမူနှင့် အားလုံးပါဝင်သည့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်နေကြောင်း တွေ့ရ၏။ AA ၏ မူဝါဒကို မွတ်ဆလင်အားလုံးက ထောက်ခံသည်ဟု မှတ်ယူ၍ မရသော်လည်း အများစု တက်တက်ကြွကြွ ပါဝင်နေသည်ကို တွေ့ရသည်။ထို့ပြင် အရေးကြီးသည့်အချက်မှာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း AA မှ ထိန်းချုပ်ထားသည့် ဒေသများတွင် ရခိုင်နှင့် မွတ်ဆလင်များကြား ပဋိပက္ခဖြစ်ပွားသည်ကို မတွေ့ရသကဲ့သို့ စစ်တပ်ထိန်းချုပ်ရာ ဒေ သများကဲ့သို့ မွတ်ဆလင်များ၏ သွားလာနေထိုင်မှုအား ကန့်သတ်ချုပ်ချယ်မှု မရှိပေ။ ရခိုင်နှင့် မွတ်ဆလင်များကြား စီးပွားရေးအရ၊ လူမှုရေးအရ ပူးပေါင်းဆက်ဆံမှု တိုးတက်သည်ကို တွေ့ရ၏။

ထိုဒေသရှိ မွတ်ဆလင်များကို စစ်ကောင်စီတပ်က ပျူစောထီးများအဖြစ် အဓမ္မစုဆောင်းပြီး စစ်သင် တန်းပေးထားသည်။ စစ်တပ်အတွက် လုံခြုံရေးတာဝန်ယူစေသည်ကို တွေ့ရ၏။
ထိုမွတ်ဆလင်ပျူစောထီးများထဲတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလိုသူအချို့ ရှိနိုင်သော်လည်း စစ်တပ်၏ အဓမ္မစုဆောင်း စစ်သင်တန်းပေးမှုကြောင့် ထိုနှစ်မြို့ရှိ မွတ်ဆလင် အားလုံးသည် သူတို့၏ ဆန္ဒအရ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည်ဟု မဆိုနိုင်ပါ။
ဒုတိယအုပ်စုမှာ ပြည်ပရောက် ရိုဟင်ဂျာ မွတ်ဆလင်များဖြစ်ပြီး မွတ်ဆလင်လူဦးရေ၏ အများစုဖြစ်၏။ ပြည်ပရောက် မွတ်ဆလင်များထဲတွင် တတိယနိုင်ငံဟုခေါ်ကြသည့် ပြည်ပအနောက်နိုင်ငံများသို့ရောက်ရှိနေသည့် မွတ်ဆလင်များနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ မွတ်ဆလင်များဟု အုပ်စုနှစ်စုကို တွေ့မြင်ရ၏။
တတိယနိုင်ငံများသို့ ရောက်နေကြသူအများစုမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများ၊ပညာတတ် များ၊ ချမ်းသာကြွယ်ဝသူများ ဖြစ်ကြ၏။ ထိုသူများက ၂၀၁၇ မှစ၍ မြန်မာစစ်တပ်၊ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲပြစ်တင်ပြီး နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုရန် ကြိုးပမ်းကြ ကာ ၂၀၂၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ၌ စစ်ခေါင်းဆောင်များကို စွဲချက်တင်နိုင်ခဲ့သည်ကို တွေ့ရသည်။ ထိုတတိယနိုင်ငံရောက် အုပ်စုသည် ပြည်ပရောက် မွတ်ဆလင်များထဲမှ အနည်းစုဖြစ်၏။
လူဦးရေအများစုမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ မွတ်ဆလင်များ ဖြစ်ကြ၏။ ထိုအုပ်စုများသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ အကြောင်းကြောင်းနှင့် ရောက်ရှိလာကြသူများဖြစ်၏။
ထိုဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် တတိယနိုင်ငံများတွင် ရောက်ရှိနေသည့် တက်ကြွလှုပ်ရှားသူများ၏ ဩဇာသက်ရောက်မှု တစုံတရာရှိသကဲ့သို့ ဒုက္ခသည်စခန်းများတွင် အခြေ ပြုလှုပ်ရှားနေကြသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်လှုံ့ဆော်မှု၊ အကျပ်ကိုင်ခြိမ်းခြောက်မှုများအောက်တွင်လည်း ရှိကြ၏။
၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထိုဒုက္ခသည်စခန်းအခြေပြု RSO, ARSA, ARA စသည့်အဖွဲ့များသည် မြန်မာစစ်တပ်ကို ဦးတည်ဆန့်ကျင်ရန် လက်နက်ကိုင်တပ်ဖွဲ့စည်းခြင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် အခြေချရန် ကြိုးစားခြင်းတို့ကို တွေ့ရ၏။ သို့သော် ထိုမွတ်ဆလင် လက်နက်ကိုင်အဖွဲ့များသည် အင်အားမကောင်းသကဲ့သို့ စစ်တပ်အား ထိထိရောက်ရောက် တိုက်ခိုက်နိုင်သည်ကို မတွေ့ရပေ။
၂၀၂၄ ခုနှစ် နှစ်ဆန်းမှစ၍ RSO, ARSA, ARA အဖွဲ့များသည် လူမျိုးတုံးသတ်ဖြတ်မှု တရားခံများအဖြစ် စွပ်စွဲထားသည့် စစ်တပ်နှင့် အတိအလင်း ပူးပေါင်းခဲ့သည်ကို တွေ့ရ၏။ စစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များအား နိုင်ငံသားပြုခွင့်နှင့် ဘူးသီးတောင်၊ မောင်တောဒေသအား အုပ်ချုပ်ခွင့်ပြုမည်ဆိုသည့် မက်လုံးအောက်တွင် စစ်တပ်နှင့် ပူးပေါင်းသည်ဟုဆိုကြ၏။၂၀၂၄ ခုနှစ် နှစ်ဆန်းမှစ၍ RSO, ARSA, ARA အဖွဲ့များသည် လူမျိုးတုံးသတ်ဖြတ်မှု တရားခံများအ ဖြစ် စွပ်စွဲထားသည့် စစ်တပ်နှင့် အတိအလင်း ပူးပေါင်းခဲ့သည်ကို တွေ့ရ၏။ စစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များအား နိုင်ငံသားပြုခွင့်နှင့် ဘူးသီးတောင်၊ မောင်တောဒေသအား အုပ်ချုပ်ခွင့်ပြုမည်ဆိုသည့် မက်လုံးအောက်တွင် စစ်တပ်နှင့် ပူးပေါင်းသည်ဟုဆိုကြ၏။
ဘူးသီးတောင်တိုက်ပွဲကာလတွင် AA က မွတ်ဆလင်များအား သတ်ဖြတ်သည်၊ မွတ်ဆလင်အိမ်များအား မီးရှို့သည်၊ မွတ်ဆလင်များအား မောင်းထုတ်သည်ဟူသည့် လူမျိုးရေးစွပ်စွဲမှုပေါင်းစုံနှင့် စွပ်စွဲတိုက်ခိုက်ခဲ့၏။ တချိန်ထဲတွင် RSO, ARSA, ARA အဖွဲ့များသည် စစ်တပ်နှင့် ပူးပေါင်း၍ AA အား တိုက်ခိုက်ခဲ့ကြ၏။
ယခင်က အင်အားမရှိသည့် ရိုဟင်ဂျာမွတ်ဆလင် လက်နက်ကိုင်အဖွဲ့များသည် စစ်တပ်၏ ပံ့ပိုမှုကြောင့် လျင်မြန်စွာ ကြီးထွားလာသည်။ စစ်တပ်က စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းနှင့် ယူနီဖောင်းတပ် ဆင်ပေးခြင်း၊ ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ရာ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် လူသစ်များ အဓမ္မဖမ်းဆီးစုဆောင်းခြင်း၊ ရခိုင်ဆန့်ကျင်ရေး လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
အဆိုပါ မွတ်ဆလင် ပျူစောထီးများသည် စစ်တွေ၊ ကျောက်ဖြူမှာကဲ့သို့ စစ်တပ်၏ အဓမ္မစစ်သားစု ဆောင်းမှုကြောင့် မဟုတ်ဘဲ RSO, ARSA, ARA စသည့် အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းခြင်းကြောင့် ဖြစ်၏။
၂၀၂၄ ခုနှစ် မေလ ဘူးသီးတောင်တိုက်ပွဲမှစ၍ မွတ်ဆလင်လက်နက်ကိုင်များက စစ်ကောင်စီတပ်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်ဘက်က ဝင်ရောက်တိုက် ခိုက်ပေးသူ မွတ်ဆလင် ပျူစောထီးအင်အားမှာ ထောင်ဂဏန်း ရှိနိုင်သည်ဟု မောင်တောဒေသခံများနှင့် လေ့လာသူများထံမှ သိရ၏။
ထို့ကြောင့်လည်း မောင်တောစစ်ဆင်ရေးကို ခြောက်လကျော်ခန့် ဆင်နွှဲမှသာ စစ်ကောင်စီတပ်၏ အခိုင်အမာ စစ်စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့၏။ မွတ်ဆလင် လက်နက်ကိုင်များသည် ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်နှင့် ဟိန္ဒူများ၏ အိုးအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်သည်ကို ဗီဒီယိုဖိုင် အထောက်အထားများအရ တွေ့ရ၏။
ထို့ပြင် မွတ်ဆလင် ပျူစောထီး လက်နက်ကိုင်အချို့သည် ဘူးသီးတောင်နှင့် မောင်တောကြားရှိ မယူတောင်တန်းအား အခြေပြုလှုပ်ရှားနေပြီး ရခိုင်အရပ်သားများအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများကို ဒေသတွင်းသတင်းများအရ တွေ့ရသည်။
ရိုဟင်ဂျာ မွတ်ဆလင်များ၏ နိုင်ငံရေးပြဿနာ
ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွင် တွေ့ရသည့်ပြဿနာမှာ ရိုဟင်ဂျာ မွတ်ဆလင်များက မြန်မာစစ်တပ်နှင့် ရန်/ငါ မပြတ်သားမှု ပြဿနာဖြစ်၏။ ဖဆပလ နှစ်ခြမ်းကွဲချိန် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က သန့်ရှင်း ဖဆပလ က ဘူးသီးတောင်၊ မောတော မြို့နယ်နှစ်ခုအား မေယုခရိုင်ဟု ဖွဲ့စည်းပေးခြင်း၊ မွတ်ဆလင်များအား ရိုဟင်ဂျာဟု အသိမှတ်ပြုခေါ်ဝေါ်ခြင်းတို့ကို ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပယ်ဖျက်ခဲ့သည်။
တဖန် ၂၀၁၀ ရွေးကောက်ပွဲတွင် မွတ်ဆလင်များအား ယာယီသက်သေခံလတ်မှတ် (White Card) ပြုလုပ်ပေးပြီးနောက် သိန်းချီ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (USDP) သို့ ဝင်ခဲ့ကြပြီး စစ် တပ်နှင့် ပေါင်းခဲ့ကြ၏။
သို့သော်လည်း စစ်တပ်က ကတိဖျက်သဖြင့် ထို White Card လည်း နိုင်ငံသားဖြစ်မလာခဲ့သည့်အပြင် မကျေမနပ်ဖြစ်နေသည့် မွတ်ဆလင်လူထုအား ရခိုင်နှင့် လူမျိုးရေးပဋိပက္ခ ဖန်တီးပေးခဲ့သည်မှာလည်း စစ်တပ်သာဖြစ်၏။
ထို့ပြင် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ မွတ်ဆလင်တို့၏ အုံကြွမှုကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့သည်မှာလည်း စစ်တပ်သာဖြစ်၏။ ထို့ကြောင့် စစ်တပ်အား လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲပြီး ICC သို့ တင်ခဲ့ကြခြင်းဖြစ်၏။
ဤသို့သော မြန်မာစစ်တပ် ကျဉ်းထဲကျပ်ထဲရောက်ပြီး ပြိုကျခါနီးချိန်တွင် စစ်တပ်၏ ကတိကဝတ်များအား ယုံစားပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်နေခြင်းသည် ထိုမွတ်ဆလင်အဖွဲ့အစည်းတို့ နိုင်ငံရေးအရ ရန်သူပျောက်နေခြင်း ဖြစ်သည်။ ထို့ပြင် မွတ်ဆလင်တို့အား တလျှောက်လုံး ဖိနှိပ်၊ သွေးခွဲအုပ်ချုပ်လာသူများ၊ လူမျိုးတုံးသတ်ဖြတ်မှုဟုပင် စွပ်စွဲထားသူများနှင့် ပြန်လည်ပူးပေါင်းနေခြင်းသည် ထိုမွတ်ဆလင်များ နိုင်ငံရေးလမ်းပျောက်နေခြင်းဟု ဆိုရမည်။
ဤသို့သော မြန်မာစစ်တပ် ကျဉ်းထဲကျပ်ထဲရောက်ပြီး ပြိုကျခါနီးချိန်တွင် စစ်တပ်၏ ကတိကဝတ်များအား ယုံစားပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်နေခြင်းသည် ထိုမွတ်ဆလင်အဖွဲ့အစည်းတို့ နိုင်ငံ ရေးအရ ရန်သူပျောက်နေခြင်း ဖြစ်သည်။ ထို့ပြင် မွတ်ဆလင်တို့အား တလျှောက်လုံး ဖိနှိပ်၊ သွေးခွဲအုပ်ချုပ်လာသူများ၊ လူမျိုးတုံးသတ်ဖြတ်မှုဟုပင် စွပ်စွဲထားသူများနှင့် ပြန်လည်ပူးပေါင်းနေခြင်းသည် ထိုမွတ်ဆလင်များ နိုင်ငံရေးလမ်းပျောက်နေခြင်းဟု ဆိုရမည်။
ဤသို့ စစ်တပ်နှင့် ပူးပေါင်းသည့် မွတ်ဆလင်များနှင့်ပတ်သက်၍ စစ်တွေ၊ ကျောက်ဖြူကဲ့သို့ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ အဓမ္မစုဆောင်းခံရသူများအတွက် မလွှဲမရှောင်သာဟု ဆိုနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ တပ်သားသစ်စုဆောင်း၍ မြန်မာစစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်ခိုက်ခြင်း၊ စစ်အာဏာရှင်များ သက်ဆိုးရှည်ပါက မွတ်ဆလင်များ အခွင့်အရေးရမည်ဟု ထင်နေခြင်း၊ မွတ်ဆလင်များ၏ အဓိကရန်သူမှာ ရခိုင်ဟု ယူဆနေခြင်းများသည် RSO, ARSA, ARA စသည့် ရိုဟင်ဂျာ မွတ်ဆလင် အဖွဲ့အစည်းများအချို့နှင့် သူတို့အား ထောက်ခံသူများ၏ နိုင်ငံရေးလမ်းလွဲဖြစ်သည်။
ဤလုပ်ရပ်ကို RSO, ARSA, ARA တို့က ပြုလုပ်နေခြင်းဖြစ်ပြီး မွတ်ဆလင်အများစုကို ကိုယ်စားမပြုဟု ဆိုနိုင်ပါသည်။ သို့သော် ပထမအချက်ဆိုရလျှင် ထိုအဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် အခြေစိုက်ပြီး ရခိုင်များကို တိုက်ခိုက်ရန်၊ မောင်းထုတ်ရန် လှုံ့ဆော်နေသကဲ့သို့ ဒုက္ခ သည် စခန်းရှိ လူအများစုသည် ထိုအဖွဲ့များ၏ လှုံ့ဆော်မှုနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုအောက်တွင် ရှိနေကြ၏။
ဒုတိယအချက်မှာ မွတ်ဆလင် ပျူစောထီးများ စစ်တပ်နှင့် ပူးပေါင်းနေခြင်း၊ ရခိုင်အရပ်သားများကို သတ်ဖြတ်နေခြင်း၊ ဒုက္ခသည်စခန်းများတွင် လှုံ့ဆော်စည်းရုံးနေခြင်းတို့ကို တတိယနိုင်ငံရောက် ရိုဟင်ဂျာ မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများကလည်း တက်တက်ကြွကြွ တားဆီးဆန့်ကျင်သည်ကို မတွေ့ရသကဲ့ နိုင်ငံတကာမှ ရိုဟင်ဂျာအရေးလှုပ်ရှားများကလည်း အလေးမထားကြပေ။
ဘူးသီးတောင်၊ မောင်တောဒေသတွင် AA က မွတ်ဆလင်များကို သတ်ဖြတ်သည်၊ အိမ်များကို မီးရှို့ သည်၊ မွတ်ဆလင်များကို မောင်းထုတ်သည်ဟု တက်တက်ကြွကြွ စွပ်စွဲခဲ့ကြသော်လည်း စစ်တပ်နှင့် ပူးပေါင်းသည့် မွတ်ဆလင်ပျူစောထီးများအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချသည်ကို မတွေ့ရသကဲ့သို့ RSO, ARSA, ARA တို့ ဩဇာနှင့် ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသည့် ဒုက္ခသည်စခန်းမှ မွတ်ဆလင်ဒုက္ခသည်များကိုလည်း လမ်းမှန်သို့ စည်းရုံးသိမ်းသွင်းနိုင်ခြင်း မရှိပေ။
သို့ဖြစ်ရာ ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာ ဖြေရှင်းရေးအတွက် စစ်တပ်နှင့် ပူးပေါင်းနေခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချရန်၊ ဆန့်ကျင်ရန် လိုအပ်သကဲ့သို့ ရခိုင်များအား အကြမ်းဖက်သတ်ဖြတ်နေမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချရန် ဆန့်ကျင်ရန် လိုအပ်သည်။ လက်တွေ့တွင်လည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်တပ်နှင့် ရိုဟင်ဂျာ မွတ်ဆလင် စစ်အင်အား ထောင်ချီ ပူးပေါင်းခဲ့သော်လည်း စစ်တပ် ပြိုကွဲမှု၊ ကျရှုံးမှုကို တားဆီး၍ မရပေ။
စစ်တပ်နှင့် ပူးပေါင်းခြင်းကို ရခိုင်များသာမက စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မြန်မာလူထုသည်လည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအချက်ကို ကျော်လွှားနိုင်မှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ၏ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ဒုက္ခ သည်များအပေါ် သက်ရောက်နေသည့် စစ်တပ်နှင့် ပူးပေါင်းသော မွတ်ဆလင်လက်နက်ကိုင်များ၏ ဩဇာနှင့် ချုပ်ကိုင်မှုအား ဖယ်ရှားရန် လိုသည်။
လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ စစ်ကောင်စီတပ် အင်အား ထောင်ပေါင်းများစွာ အသုံး ပြု၍ အခြေစိုက်ထားသည့် ရာနှင့်ချီသော စခန်းများကို AA က လုံးဝ သိမ်းပိုက်ထားပြီးဖြစ်၏။ သို့ဖြစ် ရာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည့် မွတ်ဆလင် ပျူစောထီးများအတွက် ခက်ခဲသွား၏။
သို့သော်လည်း နတ်မြစ်ဝ၊ ဘင်္ဂလားပင်လယ်အော်ရှိ စစ်ကောင်စီ ရေတပ်မှတဆင့် လက်နက်ခဲယမ်း ထောက်ပို့ရယူနိုင်သေးရာ RSO, ARSA, ARA အဖွဲ့များအနေဖြင့် ၎င်းတို့၏မူဝါဒ မပြောင်းပါက စစ်တပ် အထောက်အပံ့ ဆက်လက်ရနိုင်သေးသည်။ ထို့ကြောင့် ထို မွတ်ဆလင်ပျူစောထီးများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နှင့် မယူတောင်တန်းတလျှောက် ဝင်ရောက်လှုပ်ရှားနိုင်ပြီး AA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်။ RSO, ARSA, ARA စသည့် မွတ်ဆလင် ပျူစောထီများ၏ လှုပ်ရှားမှုများသည် AA ကို စစ်ရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရန် ခက်ခဲသော်လည်း ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာ ဖြေရှင်းရေးအတွက် မုချပင် အနှောင့်အယှက် ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်ရာ ရိုဟင်ဂျာအရေး ဖြေရှင်းရန်အတွက် ပြိုကွဲကျဆုံးနေသည့် စစ်တပ်နှင့် ပူးပေါင်းနေသည့် RSO, ARSA, ARA တို့၏ မူဝါဒအား ပြစ်တင်ရှုတ်ချရန်၊ ပြောင်းလဲရန် လိုအပ်သကဲ့သို့ ထိုအဖွဲ့များက ရခိုင်များ၊ ဟိန္ဒူများအား အကြမ်းဖက်တိုက်ခိုက်မှုများကို ပြတ်ပြတ်သားသား ရှုတ်ချရန်လိုသည်။ ထို့အတူ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအပေါ် ၎င်းတို့၏ ဩဇာသက်ရောက်မှု၊ လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများကို ဟန့်တားနိုင်ရန် လိုသည်။ ဤအချက်များကို နိုင်ငံတကာ ရိုဟင်ဂျာအရေး လှုပ် ရှားသူများကလည်း ဂရုပြုရန် လိုသည်။
တဖက်ကလည်း AA အနေဖြင့် ဤပြဿနာအား စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးနည်းလမ်းပါ သုံး စွဲပြီး ဖြေရှင်းရန် လိုအပ်သည်။
လူမျိုးနာမည် အခေါ်အဝေါ်ကစ၍ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းမှုနှင့် ‘ဘင်္ဂါလီမွတ်ဆလင်’ ဟု သုံးနှုန်ကြသည့် အခြေခံမှစ၍ ကွဲလွဲမှုများ ရှိကြသော်လည်း လူအဖွဲ့အစည်းအတွင်း သဟဇာတရှိရေးနှင့် အား လုံးပါဝင်သည့် အုပ်ချုပ်ရေးစနစ်ကို ဦးတည်ပါက ဘူးသီးတောင်၊ မောင်တောဒေသတွင် နောက်ဆက်တွဲ သေနတ်သံများကို ရပ်တန့်နိုင်ပေလိမ့်မည်။ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ပြသနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထိုသေနတ်သံများကို မရပ်တန့်နိုင်ပါက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ပြသနာကို ဖြေရှင်းရန် ခက်ခဲနေပေလိမ့်မည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:

စစ်တပ်နှင့် ပူးပေါင်းခြင်းကို ရခိုင်များသာမက စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မြန်မာလူထုသည်လည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအချက်ကို ကျော်လွှားနိုင်မှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ၏ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအပေါ် သက်ရောက်နေသည့် စစ်တပ် နှင့် ပူးပေါင်းသော မွတ်ဆလင်လက်နက်ကိုင်များ၏ ဩဇာနှင့် ချုပ်ကိုင်မှုအား ဖယ်ရှားရန်လိုသည်။
စစ်တပ်နှင့် ပူးပေါင်းခြင်းကို ရခိုင်များသာမက စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မြန်မာလူထုသည်လည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအချက်ကို ကျော်လွှားနိုင်မှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ၏ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ဒုက္ခ သည်များအပေါ် သက်ရောက်နေသည့် စစ်တပ်နှင့် ပူးပေါင်းသော မွတ်ဆလင်လက်နက်ကိုင်များ၏ ဩဇာနှင့် ချုပ်ကိုင်မှုအား ဖယ်ရှားရန် လိုသည်။
လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ စစ်ကောင်စီတပ် အင်အား ထောင်ပေါင်းများစွာ အသုံး ပြု၍ အခြေစိုက်ထားသည့် ရာနှင့်ချီသော စခန်းများကို AA က လုံးဝ သိမ်းပိုက်ထားပြီးဖြစ်၏။ သို့ဖြစ် ရာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည့် မွတ်ဆလင် ပျူစောထီးများအတွက် ခက်ခဲသွား၏။
သို့သော်လည်း နတ်မြစ်ဝ၊ ဘင်္ဂလားပင်လယ်အော်ရှိ စစ်ကောင်စီ ရေတပ်မှတဆင့် လက်နက်ခဲယမ်း ထောက်ပို့ရယူနိုင်သေးရာ RSO, ARSA, ARA အဖွဲ့များအနေဖြင့် ၎င်းတို့၏မူဝါဒ မပြောင်းပါက စစ်တပ် အထောက်အပံ့ ဆက်လက်ရနိုင်သေးသည်။ ထို့ကြောင့် ထို မွတ်ဆလင်ပျူစောထီးများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နှင့် မယူတောင်တန်းတလျှောက် ဝင်ရောက်လှုပ်ရှားနိုင်ပြီး AA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်။ RSO, ARSA, ARA စသည့် မွတ်ဆလင် ပျူစောထီများ၏ လှုပ်ရှားမှုများသည် AA ကို စစ်ရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရန် ခက်ခဲသော်လည်း ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာ ဖြေရှင်းရေးအတွက် မုချပင် အနှောင့်အယှက် ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်ရာ ရိုဟင်ဂျာအရေး ဖြေရှင်းရန်အတွက် ပြိုကွဲကျဆုံးနေသည့် စစ်တပ်နှင့် ပူးပေါင်းနေသည့် RSO, ARSA, ARA တို့၏ မူဝါဒအား ပြစ်တင်ရှုတ်ချရန်၊ ပြောင်းလဲရန် လိုအပ်သကဲ့သို့ ထိုအဖွဲ့များက ရခိုင်များ၊ ဟိန္ဒူများအား အကြမ်းဖက်တိုက်ခိုက်မှုများကို ပြတ်ပြတ်သားသား ရှုတ်ချရန်လိုသည်။ ထို့အတူ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအပေါ် ၎င်းတို့၏ ဩဇာသက်ရောက်မှု၊ လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများကို ဟန့်တားနိုင်ရန် လိုသည်။ ဤအချက်များကို နိုင်ငံတကာ ရိုဟင်ဂျာအရေး လှုပ် ရှားသူများကလည်း ဂရုပြုရန် လိုသည်။
တဖက်ကလည်း AA အနေဖြင့် ဤပြဿနာအား စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးနည်းလမ်းပါ သုံး စွဲပြီး ဖြေရှင်းရန် လိုအပ်သည်။
လူမျိုးနာမည် အခေါ်အဝေါ်ကစ၍ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းမှုနှင့် ‘ဘင်္ဂါလီမွတ်ဆလင်’ ဟု သုံးနှုန်ကြသည့် အခြေခံမှစ၍ ကွဲလွဲမှုများ ရှိကြသော်လည်း လူအဖွဲ့အစည်းအတွင်း သဟဇာတရှိရေးနှင့် အား လုံးပါဝင်သည့် အုပ်ချုပ်ရေးစနစ်ကို ဦးတည်ပါက ဘူးသီးတောင်၊ မောင်တောဒေသတွင် နောက်ဆက်တွဲ သေနတ်သံများကို ရပ်တန့်နိုင်ပေလိမ့်မည်။ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ပြသနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထိုသေနတ်သံများကို မရပ်တန့်နိုင်ပါက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ပြသနာကို ဖြေရှင်းရန် ခက်ခဲနေပေလိမ့်မည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
- မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၁
- မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂
- ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့
- စစ်ကောင်စီကို ဖြုတ်ချရန် မွတ်ဆလင်များလည်း ပူးပေါင်း တော်လှန်
- လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်
- စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
- စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်
No comments:
Post a Comment