Thursday, August 22, 2019

တိုက်ပွဲတွေ ရပ်တန့်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကို တရုတ်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22
တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA                           
 
ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဖို့နဲ့ ဒီတိုက်ပွဲတွေကို တရုတ်နိုင်ငံအနေနဲ့ လက်မခံကြောင်း မြောက်ပိုင်းလက်နက်ကိုင်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ် စားလှယ် မစ္စတာ ဆွန်ကော့ရှန်က ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က မြောက်ပိုင်း လက်နက် ကိုင်ခေါင်းဆောင်တွေ ပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ FPNCC ကို တရုတ်နိုင်ငံ ကူမင်းမြို့ မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့တာပါ။

အခုလို တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး FPNCC အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အို၊ ကေအိုင်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက တော့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ခေါင်း ဆောင်တွေ ပြန်မရောက်သေးတဲ့အတွက် တရုတ်ဘက်က ဘာကိစ္စကို ခေါ်ယူဆွေးနွေးတယ်ဆိုတာ တိ တိကျကျ မသိသေးကြောင်းနဲ့ လက်ရှိ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ် ပွားနေ တဲ့ကိစ္စ အပါအဝင် ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးတာဖြစ်နိုင်ကြောင်း RFA ကိုပြောပါတယ်။

အခုလို ခေါ်ယူတွေ့ဆုံတာနဲ့ ပတ်သက်ပြီး တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဗိုလ် မှူးချုပ် တာဘုန်းကျော်ကတော့ မစ္စတာ ဆွန်ကော့ရှန်က FPNCC အဖွဲ့ကိုခေါ်ပြီး ရှမ်းပြည်မြောက် ပိုင်း မှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဖို့နဲ့ ဒီတိုက်ပွဲတွေကို တရုတ်နိုင်ငံအနေနဲ့ လက်မခံကြောင်း ဖိအားပေး ခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြားထားပါတယ်။

အဲလိုတွေဆုံရာမှာ FPNCC အဖွဲ့ကလည်း ရခိုင်၊ ကိုးကန့်၊ ပလောင်ဒေသတွေမှာ တပ်မတော်ရဲ့ စစ်ဆင်ရေး တွေ ရပ်တန့်ဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အစိုးရဘက်က ပြုလုပ်ပေးဖို့လိုကြောင်း ထောက်ပြခဲ့ တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး FPNCC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို RFA က ဖုန်းနဲ့ အကြိမ် ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၆ နေရာကို ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူကတော့ ခုလို တိုက်ခိုက်မှုကြောင့် လူသေကြေဒဏ်ရာရရှိစေခြင်းဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်တာကြောင့် တရုတ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တ ရုတ်နိုင်ငံဟာ တရုတ်-မြန်မာ နယ်စပ်ဒေသရဲ့ တည်ငြိမ်ငြိမ်းချမ်းမှုကို အလေးထားပြီး မြန်မာနိုင်ငံရဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက်ထောက် ခံကြောင်း၊ အပစ်အခတ်ရပ်စဲရေး အခြေအနေကို ဆက်လက် ထိန်း သိမ်းထားဖို့လိုကြောင်း ၊ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင် မည်ဖြစ် ကြောင်း ပြောကြားခဲ့တယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးက သြဂုတ်လ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

အဲဒီလို တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပြီးနောက် နောက်တစ်နေ့မှာ တရုတ်အထူးကိုယ်စားလှယ်က မြောက်ပိုင်း အဖွဲ့တွေကို တွေ့ဆုံခဲ့တာပါ။

FPNCC အဖွဲ့မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ် မတော် NDAA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ် မတော် MNDAA၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA၊ တအန်းအမျိူးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရခိုင့် တပ်တော် AA တို့ ပါဝင်ပါတယ်။

ဒီနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန် ကြီး ဦးကျော်တင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရေး ဆိုင်ရာကိစ္စရပ်၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြန်တို့ကို အောင်မြင် စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာ-တရုတ် နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးဇုန်အား ဆောင် ရွက်သွားရန်ကိစ္စ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ခွာသွားသူများအား ပြန်လည် လက်ခံရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ် နိုင်ငံက အပြုသဘော ပါဝင်ကူညီဆောင်ရွက်နေတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
(RFA သတင်းထောက် မသက်စုအောင် တင်ပြသည်)

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */