Sunday, January 12, 2020

အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန် AA အဖွဲ့ကို တရုတ်ဖိအား ပေးခဲ့

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
12 JAN 2020 
ဓာတ်ပုံ - The Kachin Net 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ရေးနည်းဖြင့်ဖြေရှင်းမှုထက် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုကို များ များလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)အား တရုတ်အစိုးရက ဖိအားပေးခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆမ်အောင်က ပြောသည်။

ကချင်ပြည်နယ် လိုင်ဇာရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဌာနချုပ်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang နှင့် KIOထိပ်ပိုင်းခေါင်းဆောင်များ ဇန်နဝါရီ ၁ဝ ရက်က တွေ့ဆုံမှုတွင် AA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့လည်း ပါဝင်ခဲ့သည်။

''စစ်ရေးနဲ့ မဖြေရှင်းဘဲ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းကြဖို့ဆိုတဲ့ဟာပေါ့။ တခြားဆွေးနွေးတဲ့ဟာလည်း ရှိ ကောင်းရှိမှာပေါ့။ အရေးကြီးတာကတော့ အဲဒါပဲ''ဟု ဦးဆမ်အောင်က ပြောသည်။

ဦးဆမ်အောင်သည် AA အပါအဝင် မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ကြားဝင်စေ့စပ်ပေးနေသူဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် ဆွေးနွေးသည့်အကြောင်းအရာကို ၎င်းအနေဖြင့် တိတိကျကျမသိရသေးကြောင်း AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

အထူးကိုယ်စားလှယ် Mr. Sun Guoxiang သည် မြန်မာ -တရုတ်နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ရှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်တို့တွင် ယခု တရုတ်နှစ်သစ်ကူးကာလ၌ တိုက်ပွဲမဖြစ်ရေး ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ရန်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် Mr. Sun Guoxiang သည် ဇန်နဝါရီ ၁ဝ ရက်က ရှမ်းပြည်နယ်ရှိ အထူးဒေသ(၄) မိုင်းလားအဖွဲ့(NDAA) ထံလည်း သွားရောက်ခဲ့ကြောင်း သိရသည်။ 
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */