Wednesday, September 18, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ကုလမှာ သီးခြား ဆွေးနွေးဖွယ်ရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန)
18 စက်တင်ဘာ၊ 2019
 အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်နေပြီ ဖြစ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးပန်းမှာ မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့ သုံးနိုင်ငံ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အေ ရး ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးရာ လွှတ်တော် အမြဲတမ်းကော်မတီရဲ့ ဥက္ကဌ Muhammad Faruq Khan က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး အခြေအနေတွေကို လွှတ်တော် ကော်မတီက ဆွေးနေး ပွဲ ကျင်းပခဲ့တာမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို အသိပေးခဲ့တဲ့ အကြောင်း သူ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြကြပါတယ်။ သုံးနိုင်ငံ ဆွေးနွေးမှုမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ် ငန်းစဉ်နဲ့ ဒီကိစ္စ အပေါ် မြန်မာဘက်က ရပ်တည်ချက်ကို အဓိက ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်း ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ သိန်း နဲ့ချီပြီး ဘင်္ဂ လားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ် ငန်းစဉ်ကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ကြိုးပမ်းမှုတွေကလည်း နှစ်ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ပါဘူး။

မြန်မာဘက်က ထွက်ပြေးရသူတွေကို စိစစ်လက်ခံမယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒုက္ခသည်တွေကတော့ ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား ပေးဖို့ အဓိက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */