RFA
လွတ်လပ်တဲ့ အာရှအသံ
20 September 2019
■ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့်အပတ်အတွင်း တရုတ်ပြည်ရဲ့ ပါဝင်ညှိနိုင်းပေးမှုနဲ့ နယူးယောက်မြို့မှာ ကျင်းပမယ် လို့ ဒါကာမြို့က ဒီကနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာ ခံကျ င်းပေ နေစဉ်ကာလအတွင်း ညီလာခံပြင်ပမှာ အဲဒီတွေ့ဆုံပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ The Daily Star သ တင်းစာက ရေးပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
20 September 2019
(ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming နဲ့ ကော့ဘဇားခရိုင် Shalbagan ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်နေ့ကတွေ့ဆုံစဉ်)
ဒါကာမြို့မှာ ရှိတဲ့ တရုတ်နိုင်ငံသံရုံးက ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ တရုတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရအကြား ဝင်ရောက်ညှိနိုင်းကူညီနေကြောင်း၊ သံအမတ်ကြီး လီ ဂျင်းမင်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ သွားရောက်လည်ပတ် ခဲ့ကြောင်း၊ ဒါဟာ ရိုဟင်ဂျာပြဿနာကို အိမ်နီးခြင်းကောင်းနိုင်ငံတခုအဖြစ် ဝင်ရောက်ကူညီတာဖြစ်သလို ဒေသအတွင်း တည်ငြိမ်အေးချမ်းပြီး သာယာဝပြောရေးအတွက် တရုတ်ပြည်က အခိုင်အမာ သံဓိဌာန်ချ ထားတာကို ထင်ရှားစေကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။
ဒါ့အပြင် သံအမတ်ကြီး လီ ဂျင်းမင်က ရခိုင်ပြည်နယ် ပြဿနာဟာ လူမျိုး၊ ဘာသာ သမိုင်းကြောင်းတွေနဲ့ ခက်ခဲရှုပ်ထွေးပြီး ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ ပြသနာတရပ်ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရေး အ တွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရအကြား တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင် တခုတည်းသော နည်း လမ်းဖြစ်ပြီး ဒီကိစ္စမှာ နိုင်ငံတ ကာအသိုင်းအဝန်းအနေနဲ့ အပြုသဘော ပါဝင်ကူညီသင့်တယ်လို့ ပြောဆို ကြောင်းလည်း ဒါကာကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ အတည်ပြုချက်ကို မရသေးပါဘူး။
Photo: BenarNews
No comments:
Post a Comment