RFA
မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီး မြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-03-28
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေးအတွက် တရုတ်ပြည်က အိုးအိမ် တထောင်ကျော် ဆောက်လုပ်ပေးခြင်းနဲ့ ကျပ်ငွေ သန်း ၂ဝဝ ကျော် လှူဒါန်းခြင်းတွေအပြင် ကျောက်ဖြူရေနက် ဆိပ်ကမ်း ဖွံ့ဖြိုးရေး အတွက်လည်း ဦးဆောင်ကူညီနေကြောင်း၊ ကျောက်ဖြူစီမံကိန်းကြောင့် ဒေသခံ အများအပြား အလုပ်အကိုင်ရရှိပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုလည်း များစွာလျှော့နည်းသွားခဲ့ကြောင်းနဲ့ သူတို့ တရုတ်ပြည်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟာ တိုင်းရင်းသား ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ လို တိုင်းပြည်တွေအတွက် အရေးပါ လှကြောင်း စသဖြင့် မနေ့က ထုတ်ဝေတဲ့ တရုတ်အစိုးရ အာဘော် သတင်းစာမှာ ဖေါ်ပြထားပါတယ်။
Link : Here
No comments:
Post a Comment