Saturday, March 9, 2019

ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတွေကို ငွေသားပေးမည် ဆိုတဲ့သတင်း တရုတ်ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မတ်၊ 2019
ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး Anu သူသား Mohammad Anas ကို ချီထားပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံ Cox's Bazar အနီး Balukhali ဒုက္ခသည် စခန်းက သူတို့တဲအပြင်ဘက်မှာ ထိုင်နေပုံ (နိုဝင်ဘာ၊ ၁၇၊ ၂၀၁၈)

ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် မိသားစုတခုကို တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀၀ ပေး မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း တရုတ်နိုင်ငံဘက် ငြင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်ရင် ပိုက်ဆံပေးမယ်လို့ တရုတ်အစိုးရက ဘယ်တုန်းကမှ ကမ်းလှမ်းမှုတွေ မရှိ ခဲ့ကြောင်း ဒါကာမြို့ တရုတ် သံရုံးက သံမန်တဦးဖြစ်သူ Vera Hu ကပြောဆိုတယ်လို့ Benar အွန်လိုင်း သ တင်းရဲ့ ရေးသားချက်ကို ကိုးကားပြီး တူရကီ နိုင်ငံထုတ် Anadolu Agency သတင်းမှာ မနေ့ကဖေါ်ပြ ထား ပါတယ်။

အာရှရေးရာ တရုတ်ကိုယ်စားလှယ် Sun Gouxiang က ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့ဇ်ဘဇားမှာ ရိုဟင်ဂျာအမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၄ ဦးတို့နဲ့ တနင်္ဂနွေနေ့တုန်းက တွေ့ဆုံပြီး သူတို့မြန်မာပြည်ပြန်ရင် မိသားစု တခုကို ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တရုတ်သံတမန်က ဒီသတင်းတွေ မမှန်ကန်ကြောင်း ပြန်ငြင်းဆိုခဲ့တာပါ။

တရုတ် ကိုယ်စားလှယ်ဘက်က ကမ်းလှမ်းခဲ့တာကတော့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့ အိမ်တွေပြန်ဆောက်တဲ့ ကိစ္စမှာ တရုတ်ဘက်က ငွေကြေး အကူအညီတချို့ပေးမယ်လို့တော့ ပြောဆိုကြောင်း တရုတ် ကိုယ်စားလှယ်နဲ့ ရိုဟင်ဂျာတွေ တွေ့ဆုံမှုမှာ ပါဝင်ခဲ့သူ ဘင်္ဂလားဒေ့ချ် အရာရှိတဦးက Benar သတင်းကို ပြောဆိုတယ်လို့ဖေါ်ပြထားပါတယ်။

 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */