People Media
နယူးဒေလီ၊
နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအပေါ်သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီ စီ)ဆီ ဝန်ခံခဲ့တဲ့မြန်မာစစ်သား ၂ ယောက်ကို လွှဲပြောင်းပေးရာမှာ တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍတရပ် ကနေ ပါဝင်နေပါတယ်။
အသက် ၃၃ နှစ်ရှိနေတဲ့မျိုးဝင်းထွန်းနဲ့ အသက် ၃၀ ရှိနေတဲ့ဇော်နိုင်ထွန်းတို့ဟာ မြန်မာနိုင်ငံအနောက် ပိုင်း ရခိုင် ပြည်နယ်က ဘင်္ဂါလီလူနည်းစုတွေအပေါ်ရက်စက်မှုတွေမှာ မြန်မာစစ်တပ်ပါဝင်နေတယ်ဆိုတာဝန်ခံဖို့ အိုင်စီစီထံရောက်နေပါတယ်။
သူတို့ ၂ ယောက်ဝန်ခံတဲ့ရုပ်သံဖိုင်ကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights က ထုတ်လွှင့် ခဲ့ပါတယ်။
အဲဒီစစ်သား ၂ ယောက်ဟာ တပ်ပြေးတွေဖြစ်ပြီး အတင်းအကြပ်ထွက်ဆိုခိုင်းလို့ထွက်ဆိုတာလို့မြန်မာတပ်မေ တာ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။
နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့တရားစွဲထားတဲ့အမှုအတွက် အဲဒီ ၂ ယောက်ထွက်ဆိုချက်ကို ဂမ်ဘီယာနိုင်ငံက အသုံးပြုနိုင်ချေရှိပါတယ်။
သတင်းရင်းမြစ်တွေရဲ့အပြောအရတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကအဲဒီစစ်သားတွေကို သြဂုတ်လလယ်လောက် မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီပို့ပြီး နောက်ပိုင်းမှာ နယ်သာလန်နိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။
အဲဒီစစ်သား ၂ ယောက်နဲ့ပတ်သက်ပြီး အိုင်စီစီက လူသိရှင်ကြားမှတ်ချက်ပြုထားတာမျိုးမရှိပါဘူး။
ရခိုင်ပြည်နယ်ကသောင်းကျန်းသူအဖွဲ့ အေအေနဲ့အချိတ်အဆက်တခုကလည်း ထွက်ပေါ်လာပြီး မြန်မာစစ် တပ်ကတပ်ပြေး ၂ ယောက်ကိုတွေ့ခဲ့တဲ့နေရာတွေပါတဲ့သူတို့လှုပ်ရှားတဲ့နေရာတွေထဲကအချို့မှာ ဝမ်းမြောက် မှုတွေရှိနေတယ်လို့ဖော်ပြနေပါတယ်။
တရုတ်နိုင်ငံရဲ့ထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက အေအေကိုကူညီခဲ့ တာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေကထောက်ပြနေပါတယ်။
မြန်မာစစ်တပ်ထိပ်ပိုင်းက တရုတ်နိုင်ငံကိုဆန့်ကျင်တဲ့မှတ်ချက်တွေပြောနေတဲ့အချိန်မှာ အခုဖြစ်ရပ်ဖြစ်လာ တာပါ။
ရုရှားတီဗွီကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံမေးမြန်းခွင့်ပြုရာမှာ “အင်အားကြီးနိုင်ငံတနိုင်ငံက မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်တွေနဲ့ပစ္စည်းတွေထောက်ပံ့နေတယ်။
ဒီအချက်က နိုင်ငံရဲ့လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်ဆုတ်အောင်လုပ်နေတာဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အခုနှစ်အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ်ထောက်ခံမှုတွေကိုလည်း မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းက ဆွေးနွေးခဲ့ပါတယ်။
Ref : How China played a key role in handing over Myanmar soldiers to international criminal court
#PeopleMedia
Link : Here
No comments:
Post a Comment